Thursday, May 1, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မြင့်တက်လာသည့်အတွက် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့်ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးမည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မြင့်တက်လာသည့်အတွက် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့်ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးမည် 
Thursday, May 1, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ ယခုနှစ်အတွင်း ပြန်လည်မြင့်တက်လာသဖြင့် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့် ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့်ယာဉ်များ မတော်တဆ အများဆုံးဖြစ်ပွားသည့် နေရာများတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး စောင့်ကြည့် ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လမ်းရဲ့ချို့ယွင်းမှုကြောင့် ယာဉ်တိမ်းမှောက်မှုတွေ၊ လူသေဆုံးမှုတွေ ဖြစ်ပေါ်နေတာတွေ ရှိတယ်။ အချို့နေရာတွေမှာဆိုရင် လမ်းတွေလိမ်နေတာ၊ လမ်းတွေကောက်နေတာ၊ လမ်းတွေမဖြောင့်ဖြူးတာတွေ ရှိနေတယ်။ လမ်းရဲ့ချို့ယွင်းမှုကြောင့် ဘီးကွဲပြီး ယာဉ်မှောက်တာတွေ၊ လမ်းလယ်မှာရှိတဲ့ ဘလောက်တုံးတွေကို ကျော်တက်ပြီးတော့ လမ်းလယ်ကိုရောက်သွားတဲ့ ဖြစ်စဉ်တွေ၊ ယာဉ်က ခုန်ပေါက်ပြီးတော့ လေပေါ်မှာလည်ပြီး လွင့်သွားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတယ်။ ပုံမှန်မဟုတ်တဲ့ လမ်းအကွေ့အကောက်တွေကြောင့် ယာဉ်မတော်မဆ တိမ်းမှောက်မှုတွေ ဖြစ်နေတာတွေလည်း တွေ့ရတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များ ဖြစ်ပွားနေသည့် အကြိမ်အရေအတွက်နှင့် လူသေဆုံးမှုအပေါ်မူတည်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် အနက်ရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အ၀ါရောင် နယ်မြေနှင့် အဖြူရောင်နယ်မြေဟု ခွဲခြားကာ အသိပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်တွေကလည်း စည်းစနစ်တကျ မောင်းနှင်ဖို့နဲ့ ကြံ့ခိုင်မှုအပိုင်းကို စစ်ဆေးဖို့အတွက် အမြန်လမ်းမကြီးတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် ငါးခုဖွင့်လှစ်ပြီးတော့ စောင့်ကြည့်သွားမှာပါ။ အကြမ်းဖျင်းလတ်တလော ယာဉ်တိမ်းမှောက်မှုတွေ မဖြစ်စေဖို့ ယာဉ်ရဲ့ ဘရိတ်၊ တာယာနဲ့ အောက်ပိုင်းနေရာအချို့တွေကို စစ်ဆေးပြီးတော့မှ မောင်းနှင်ခွင့် ပေးသွားပါမယ်။ မော်ဒယ်အရမ်းနိမ့်တဲ့ ယာဉ်တွေကိုလည်း မောင်းနှင်ခွင့် မပြုတော့ဘူး။ အချို့ယာဉ်တွေဆိုရင် ခရီးသည်ထွက်ပေါက် တံခါးတွေနားမှာ ထိုင်ခုံတွေ ရှိနေတာတွေကြောင့် အရေးပေါ်ဖြစ်တဲ့အခါမှာ အလွယ်တကူ ဆင်းလို့မရတာတွေလည်း ရှိတယ်။ ဒါတွေကို အားလုံးစစ်ဆေးပြီးတော့မှ မောင်းနှင်ဖြတ်သန်းခွင့် ပြုသွားတော့မှာပါ”ဟု ရုံးအဖွဲ့မှူး က ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့် အဝေးပြေးခရီးသည် ယာဉ်မောင်းများ အားလုံး၏ ယာဉ်မောင်းကျွမ်းကျင်မှုအပိုင်းကို ပြန်လည်စစ်ဆေးပြီး အောင်မြင်သည့် ယာဉ်မောင်းများကိုသာ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေး၍ မောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ယာဉ်မောင်း၏ ပေါ့လျော့မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါက အဆိုပါယာဉ်မောင်းအား မည်သည့်ယာဉ်လိုင်းတွင်မှ မောင်းနှင်ခွင့် ပိတ်ပင်သွားရန်အတွက် ယာဉ်လိုင်းအသင်းကြီးများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဝေးပြေးခရီးသည်ယာဉ်တွေမှာ ယာဉ်မောင်းနှစ်ဦးစီ ထားရှိမယ်။ ပထမယာဉ်မောင်းက သူ့အနေနဲ့ လူမှုရေးအခက်အခဲတွေ အခြားစိတ်ကို တည်ငြိမ်မှု မရှိနိုင်တဲ့ အခက်အခဲတွေ ရှိနေတယ်ဆိုရင်တော့ ဒုတိယယာဉ်မောင်းကို မောင်းနှင်ခွင့်ပြုသွားမယ်။ အဝေးပြေးယာဉ်လိုင်းမှာ ယာဉ်မောင်းတွေကို စောင့်ကြည့် သတင်းပေးမယ့်စနစ်ကိုလည်း ဆောင်ရွက်သွားမယ်။ ဒါ့အပြင် ယာဉ်မောင်းတွေ ကျန်းမာရေး၊ အသက်အရွယ်အပိုင်းနဲ့ အရက်သေစာ သောက်စားမှု ရှိ၊ မရှိကိုလည်း စစ်ဆေးသွားမယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ပြုပြင်ရန် လိုအပ်နေသည့် နေရာများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်နှင့်ယာဉ်မောင်းကို စစ်ဆေးကြပ်မတ်မှုအား ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမြန်လမ်းမတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှု ၂၅၉ မှုဖြစ်ပွားခဲ့ပြီး၊ ၁၁၃ ဦးသေဆုံးခဲ့ကာ ၆၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ရက် မှ ဧပြီ ၂၂ ရက်အထိ ယာဉ်တိုက်မှု ၁၁၅မှု ဖြစ်ပွားခဲ့ပြီး ၆၂ ဦးသေဆုံးခဲ့ကာ ၂၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

Eleven Media Group
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ ယခုနှစ်အတွင်း ပြန် လည်မြင့်တက်လာသဖြင့် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့် ယာဉ်များ ကိုလည်း စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့်ယာဉ်များ မတော်တဆ အများဆုံးဖြစ် ပွားသည့် နေရာများတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး စောင့်ကြည့် ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လမ်းရဲ့ချို့ယွင်းမှုကြောင့် ယာဉ်တိမ်းမှောက်မှုတွေ၊ လူသေဆုံးမှုတွေ ဖြစ်ပေါ်နေတာတွေ ရှိတယ်။ အချို့နေရာတွေမှာဆိုရင် လမ်းတွေလိမ်နေတာ၊ လမ်းတွေကောက်နေတာ၊ လမ်းတွေမဖြောင့်ဖြူးတာတွေ ရှိနေတယ်။ လမ်းရဲ့ချို့ယွင်းမှုကြောင့် ဘီးကွဲပြီး ယာဉ်မှောက်တာတွေ၊ လမ်းလယ်မှာရှိတဲ့ ဘလောက်တုံးတွေကို ကျော်တက်ပြီးတော့ လမ်းလယ်ကိုရောက်သွားတဲ့ ဖြစ်စဉ်တွေ၊ ယာဉ်က ခုန်ပေါက်ပြီးတော့ လေပေါ်မှာလည်ပြီး လွင့်သွားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတယ်။ ပုံမှန်မဟုတ်တဲ့ လမ်းအကွေ့အကောက်တွေကြောင့် ယာဉ်မတော်မဆ တိမ်းမှောက်မှုတွေ ဖြစ်နေတာတွေ လည်း တွေ့ ရတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များ ဖြစ်ပွားနေသည့် အကြိမ်အရေအတွက်နှင့် လူသေဆုံးမှုအပေါ်မူတည်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် အနက်ရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အ၀ါရောင် နယ်မြေနှင့် အဖြူရောင်နယ်မြေဟု ခွဲခြားကာ အသိပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်တွေကလည်း စည်းစနစ်တကျ မောင်းနှင်ဖို့နဲ့ ကြံ့ခိုင်မှုအပိုင်းကို စစ်ဆေးဖို့အတွက် အမြန်လမ်းမကြီးတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် ငါးခုဖွင့်လှစ်ပြီးတော့ စောင့်ကြည့်သွားမှာပါ။ အကြမ်းဖျင်းလတ်တလော ယာဉ်တိမ်းမှောက်မှုတွေ မဖြစ်စေဖို့ ယာဉ်ရဲ့ ဘရိတ်၊ တာယာနဲ့ အောက်ပိုင်းနေရာအချို့တွေကို စစ်ဆေးပြီးတော့မှ မောင်းနှင် ခွင့် ပေးသွားပါ မယ်။ မော်ဒယ် အရမ်းနိမ့်တဲ့ ယာဉ်တွေကိုလည်း မောင်းနှင်ခွင့် မပြုတော့ဘူး။ အချို့ယာဉ်တွေဆိုရင် ခရီးသည်ထွက်ပေါက် တံခါးတွေနားမှာ ထိုင်ခုံတွေ ရှိနေတာတွေကြောင့် အရေးပေါ်ဖြစ်တဲ့အခါမှာ အလွယ်တကူ ဆင်းလို့ မရတာတွေလည်း ရှိတယ်။ ဒါတွေကို အားလုံးစစ်ဆေးပြီးတော့မှ မောင်းနှင်ဖြတ် သန်းခွင့် ပြုသွားတော့မှာပါ”ဟု ရုံးအဖွဲ့မှူး က ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့် အဝေးပြေးခရီးသည် ယာဉ်မောင်းများ အားလုံး၏ ယာဉ်မောင်းကျွမ်းကျင်မှုအပိုင်းကို ပြန်လည်စစ်ဆေးပြီး အောင်မြင်သည့် ယာဉ်မောင်းများကိုသာ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေး၍ မောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ယာဉ်မောင်း၏ ပေါ့လျော့မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါက အဆိုပါယာဉ်မောင်းအား မည်သည့်ယာဉ်လိုင်းတွင်မှ မောင်းနှင်ခွင့် ပိတ်ပင်သွားရန်အတွက် ယာဉ်လိုင်းအသင်းကြီးများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဝေးပြေးခရီးသည်ယာဉ်တွေမှာ ယာဉ်မောင်းနှစ်ဦးစီ ထားရှိမယ်။ ပထမယာဉ်မောင်းက သူ့အနေနဲ့ လူမှုရေးအခက်အခဲတွေ အခြားစိတ်ကို တည်ငြိမ်မှု မရှိနိုင်တဲ့ အခက်အခဲတွေ ရှိနေတယ်ဆိုရင်တော့ ဒုတိယယာဉ်မောင်းကို မောင်းနှင်ခွင့်ပြုသွားမယ်။ အဝေးပြေးယာဉ်လိုင်းမှာ ယာဉ်မောင်းတွေကို စောင့်ကြည့် သတင်းပေးမယ့်စနစ်ကိုလည်း ဆောင်ရွက်သွားမယ်။ ဒါ့အပြင် ယာဉ်မောင်းတွေ ကျန်းမာရေး၊ အသက်အရွယ်အပိုင်းနဲ့ အရက်သေစာ သောက်စားမှု ရှိ၊ မရှိကိုလည်း စစ်ဆေးသွားမယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ပြုပြင်ရန် လိုအပ်နေသည့် နေရာများကို ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်နှင့်ယာဉ်မောင်းကို စစ်ဆေးကြပ်မတ်မှုအား ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမြန်လမ်းမတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှု ၂၅၉ မှုဖြစ်ပွားခဲ့ပြီး၊ ၁၁၃ ဦးသေဆုံးခဲ့ကာ ၆၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ရက် မှ ဧပြီ ၂၂ ရက်အထိ ယာဉ်တိုက်မှု ၁၁၅မှု ဖြစ်ပွားခဲ့ပြီး ၆၂ ဦးသေဆုံးခဲ့ကာ ၂၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven Media Group

No comments:

Post a Comment