Monday, May 19, 2014

လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို

Photo: လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို
Monday, May 19, 2014

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် လယ်သမားများနှင့် လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်မှု မရှိကြောင်း မေလ ၁၈ ရက်နေ့က သဲကုန်းမြို့ မကျီးဇင်ကျေးရွာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သဲကုန်းမြို့မ ရဲစခန်းမှုးက ပြောကြားသည်။

ရဲတပ်ဖွဲ့မှ အကြမ်းဖက်ကာ ဓား၊ တုတ် အသုံးပြုသည်ဟု ဒေသခံများ စွပ်စွဲပြောဆိုချက်မှာ မှန်ကန်မှု မရှိဘဲ မြို့နယ်တရားသူကြီး ဖမ်းဝရမ်းအရ မေလ ၁၄ ရက်နေ့က ဖမ်းဆီးချိန်တွင် ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို တံပိုးဖြင့် ရိုက်ခြင်း၊ အုတ်ခဲများကို လွယ်အိတ်ထဲ ထည့်ကာ ဝှေ့ယမ်းခြင်းများ ရှိပြီး ဒဏ်ရာရခဲ့သူများ (တရားစွဲခံရသူ) ကို ရွာသားများက ရဲတပ်ဖွဲ့လက်မှ အတင်းဝိုင်းဆွဲကြသည့် အရှိန်ဖြင့် မြေပေါ်သို့ ကျရာမှ ခေါင်းကွဲဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူးသို့ ဆက်သွယ်မေးမြန်းချိန်တွင် ယခုလို ပြောဆိုသည်။

“ကောင်းထက်ကျော် လဲကျသွားတော့ ဒေါ်ခင်မာအေးက ရင်ဝယ် ပိုက်ပွေ့တယ်။ သွေးတွေ သူ့လက်မောင်းမှာ ပေကုန်တာ။ ဘာဒဏ်ရာမှ မရှိဘူး၊ ရဲတပ်ဖွဲ့မှာလည်း ဓားကိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဥပဒေမဲ့ လုပ်တာ မဟုတ်ဘူး။ တရားဥပဒေကြောင်းအရပဲ လုပ်တာ” ဟု ရဲစခန်းမှူး ဒုရဲအုပ် ဦးဇော်အောင်က ထပ်မံရှင်းပြသည်။

အဆိုပါနေ့က ရဲတပ်ဖွဲ့မှာ လယ်သမားများကို ဖမ်းဆီးချိန်တွင် တုတ်၊ ဓား အသုံးပြုကာ ဖမ်းဆီးခြင်းကြောင့် ခေါင်းပေါက်ဒဏ်ရာနှင့် လက်မောင်းပြတ်ရှ ဒဏ်ရာရရှိမှု ရှိသည်ဟု တရားစွဲခံရသူများက ပြောဆိုမှု ရှိခဲ့သည်။

ဖမ်းဆီးချိန်တွင် ဒဏ်ရာရခဲ့သူ ဗကသကျောင်းသား လယ်သမားရေး လှုပ်ရှားသူ ဦးကောင်းထက်ကျော်နှင့် ပတ်သက်ပြီး ဗ.က.သ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီက ပြစ်တင်ကန့်ကွက် ရှုတ်ချသည့် သဘောထား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင့် ဗကသ အဖွဲ့ဝင် ဦးမင်းမင်းဇော်က The Voice သို့ ပြောဆိုသည်။

“ဝရမ်းမပြဘဲ တုတ်နဲ့ရိုက် ဓားနဲ့ ထိုးတဲ့ သဲကုန်းရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။ ဒီလို အကြမ်းဖက် နှိမ်နင်းတာက ကျောင်းသားထု တစ်ရပ်လုံးကို စော်ကားတာပါ။ ဒီလုပ်ရပ်အတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့၊ စွဲဆိုထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့၊ ဖမ်းထားတဲ့ လယ်သမားတွေ လွှတ်ပေးဖို့၊ လယ်ယာမြေ ပြန်လည်ရရှိဖို့ကို တောင်းဆိုထားပါတယ်” ဟု ၎င်းကဆိုသည်။

၎င်းကြေညာချက် စာစောင်ကို သဲကုန်းမြို့ လူစည်ကားရာ နေရာများတွင် လှည့်လည် ဝေငှနေပြီး သက်ဆိုင်ရာ အစိုးရရုံးများကို ပေးဖို့ရန် စီစဉ်ထားကြောင်း ဗကသ အဖွဲ့ဝင်များထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် အောင်ကုန်းကျေးရွာမှ ဒေသခံလယ်သမားများ ဖြစ်သည့် ဦးမောင်ဝင်း၊ ဒေါ်ညို၊ ဒေါ်ခင်မာအေးနှင့် လယ်သမားရေး လှုပ်ရှားနေသည့် ဦးကောင်းထက်ကျော်တို့ကို ပုဒ်မ (၅၀၅) (ခ) ဖြင့် ထပ်မံ တရားစွဲလိုက်ပြီ ဖြစ်ကြောင်း သဲကုန်းမြို့မ ရဲစခန်းမှူးက The Voice သို့ အတည်ပြု ပြောကြားသည်။

“နှစ်ယောက်က ဖမ်းမိတယ်။ နှစ်ယောက်ကတော့ ရွာထဲမှာ ရှိနေတယ်။ ရွာထဲကို ဝင်ဖမ်းပြန်ရင် ရွာထဲက လူတွေနဲ့ ရဲတပ်ဖွဲ့ကြားမှာ ပြဿနာ ထပ်ဖြစ်မှာစိုးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် စည်းရုံးပြီးတော့ မေလ ၂၁ ရက် တရားရုံးချိန်းကို လာဖို့တော့ ပြောထားတယ်။ ကျွန်တော်တို့ ဘက်ကတော့ ဥပဒေအတိုင်း ဆောင်ရွက်နေရတာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရန် အတွက် ဒေသခံလယ်သမားများ ဆန္ဒထုတ်ဖော်ပွဲ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး လယ်သမားခုနစ်ဦးနှင့် လယ်သမားရေး ဆောင်ရွက်သူ နှစ်ဦးတို့မှာလည်း ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၅) (ခ) တို့ဖြင့် တရားရင်ဆိုင်ကာ သုံးဦးမှာ ပေါင်းတည်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားနေရကြောင်း အောင်ကုန်းကျေးရွာမှ သိရှိရသည်။

The Voice Weekly 
 ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် လယ်သမားများနှင့် လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်မှု မရှိကြောင်း မေလ ၁၈ ရက်နေ့က သဲကုန်းမြို့ မကျီးဇင်ကျေးရွာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သဲကုန်းမြို့မ ရဲစခန်းမှုးက ပြောကြားသည်။

ရဲတပ်ဖွဲ့မှ အကြမ်းဖက်ကာ ဓား၊ တုတ် အသုံးပြုသည်ဟု ဒေသခံများ စွပ်စွဲပြောဆိုချက်မှာ မှန်ကန်မှု မရှိဘဲ မြို့နယ်တရားသူကြီး ဖမ်းဝရမ်းအရ မေလ ၁၄ ရက်နေ့က ဖမ်းဆီးချိန်တွင် ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို တံပိုးဖြင့် ရိုက်ခြင်း၊ အုတ်ခဲများကို လွယ်အိတ်ထဲ ထည့်ကာ ဝှေ့ယမ်းခြင်းများ ရှိပြီး ဒဏ်ရာရခဲ့သူများ
(တရားစွဲခံရသူ) ကို ရွာသားများက ရဲတပ်ဖွဲ့လက်မှ အတင်းဝိုင်းဆွဲကြသည့် အရှိန်ဖြင့် မြေပေါ်သို့ ကျရာမှ ခေါင်းကွဲဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူးသို့ ဆက်သွယ်မေးမြန်းချိန်တွင် ယခုလို ပြောဆိုသည်။

“ကောင်းထက်ကျော် လဲကျသွားတော့ ဒေါ်ခင်မာအေးက ရင်ဝယ် ပိုက်ပွေ့တယ်။ သွေးတွေ သူ့လက်မောင်းမှာ ပေကုန်တာ။ ဘာဒဏ်ရာမှ မရှိဘူး၊ ရဲတပ်ဖွဲ့မှာလည်း ဓားကိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဥပဒေမဲ့ လုပ်တာ မဟုတ်ဘူး။ တရားဥပဒေကြောင်းအရပဲ လုပ်တာ” ဟု ရဲစခန်းမှူး ဒုရဲအုပ် ဦးဇော်အောင်က ထပ်မံရှင်းပြသည်။

အဆိုပါနေ့က ရဲတပ်ဖွဲ့မှာ လယ်သမားများကို ဖမ်းဆီးချိန်တွင် တုတ်၊ ဓား အသုံးပြုကာ ဖမ်းဆီးခြင်းကြောင့် ခေါင်းပေါက်ဒဏ်ရာနှင့် လက်မောင်းပြတ်ရှ ဒဏ်ရာရရှိမှု ရှိသည်ဟု တရားစွဲခံရသူများက ပြောဆိုမှု ရှိခဲ့သည်။

ဖမ်းဆီးချိန်တွင် ဒဏ်ရာရခဲ့သူ ဗကသကျောင်းသား လယ်သမားရေး လှုပ်ရှားသူ ဦးကောင်းထက်ကျော်နှင့် ပတ်သက်ပြီး ဗ.က.သ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီက ပြစ်တင်ကန့်ကွက် ရှုတ်ချသည့် သဘောထား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင့် ဗကသ အဖွဲ့ဝင် ဦးမင်းမင်းဇော်က The Voice သို့ ပြောဆိုသည်။

“ဝရမ်းမပြဘဲ တုတ်နဲ့ရိုက် ဓားနဲ့ ထိုးတဲ့ သဲကုန်းရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။ ဒီလို အကြမ်းဖက် နှိမ်နင်းတာက ကျောင်းသားထု တစ်ရပ်လုံးကို စော်ကားတာပါ။ ဒီလုပ်ရပ်အတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့၊ စွဲဆိုထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့၊ ဖမ်းထားတဲ့ လယ်သမားတွေ လွှတ်ပေးဖို့၊ လယ်ယာမြေ ပြန်လည်ရရှိဖို့ကို တောင်းဆိုထားပါတယ်” ဟု ၎င်းကဆိုသည်။

၎င်းကြေညာချက် စာစောင်ကို သဲကုန်းမြို့ လူစည်ကားရာ နေရာများတွင် လှည့်လည် ဝေငှနေပြီး သက်ဆိုင်ရာ အစိုးရရုံးများကို ပေးဖို့ရန် စီစဉ်ထားကြောင်း ဗကသ အဖွဲ့ဝင်များထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် အောင်ကုန်းကျေးရွာမှ ဒေသခံလယ်သမားများ ဖြစ်သည့် ဦးမောင်ဝင်း၊ ဒေါ်ညို၊ ဒေါ်ခင်မာအေးနှင့် လယ်သမားရေး လှုပ်ရှားနေသည့် ဦးကောင်းထက်ကျော်တို့ကို ပုဒ်မ (၅၀၅) (ခ) ဖြင့် ထပ်မံ တရားစွဲလိုက်ပြီ ဖြစ်ကြောင်း သဲကုန်းမြို့မ ရဲစခန်းမှူးက The Voice သို့ အတည်ပြု ပြောကြားသည်။

“နှစ်ယောက်က ဖမ်းမိတယ်။ နှစ်ယောက်ကတော့ ရွာထဲမှာ ရှိနေတယ်။ ရွာထဲကို ဝင်ဖမ်းပြန်ရင် ရွာထဲက လူတွေနဲ့ ရဲတပ်ဖွဲ့ကြားမှာ ပြဿနာ ထပ်ဖြစ်မှာစိုးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် စည်းရုံးပြီးတော့ မေလ ၂၁ ရက် တရားရုံးချိန်းကို လာဖို့တော့ ပြောထားတယ်။ ကျွန်တော်တို့ ဘက်ကတော့ ဥပဒေအတိုင်း ဆောင်ရွက်နေရတာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရန် အတွက် ဒေသခံလယ်သမားများ ဆန္ဒထုတ်ဖော်ပွဲ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး လယ်သမားခုနစ်ဦးနှင့် လယ်သမားရေး ဆောင်ရွက်သူ နှစ်ဦးတို့မှာလည်း ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၅) (ခ) တို့ဖြင့် တရားရင်ဆိုင်ကာ သုံးဦးမှာ ပေါင်းတည်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားနေရကြောင်း အောင်ကုန်းကျေးရွာမှ သိရှိရသည်။

The Voice Weekly

1 comment:

  1. ခွေးသားတွေဗြောင်လိမ်တယ်

    ReplyDelete