Saturday, May 31, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်ခြားစောင့်ကင်းစခန်း ၂၈ခု တိုးချဲ့တည်ဆောက် လက်နက်မှောင်ခို မှုနှင့် မူးယစ်ဆေး ဝါးရောင်း ဝယ်မှု တိုက်ဖျက်ရန်ဟုဆို


မောင်တော၊ မေ ၃၀- မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်တစ်လျှောက် တွင် သောင်း ကျန်းသူ လက်နက်ကိုင်များ နှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကမ်း၌လည်း နယ်ခြားစောင့် ကင်းစခန်း ၂၈ခုကို တိုးချဲ့တည် ဆောက်ရန် စီစဉ်နေကြောင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှလာသည့် သတင်းများအရ သိရသည်။
ယခုကဲ့သို့ နယ်ခြားစောင့်ကင်း စခန်းများ တိုးချဲ့တည်ဆောက်ရခြင်း မှာ လက်နက်မှောင်ခိုမှုနှင့် တရား မဝင်
နယ်စပ်ဖြတ်ကျော် မူးယစ်ဆေး ဝါး ရောင်းဝယ်မှုများကို တိုက်ဖျက် ရန်ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် Abul Hasnat Md Khairul Bashar ၏ ပြောကြားချက်ကို ကိုး ကား၍ ဘင်္ဂလားဒေ့ရှ်အခြေစိုက် နေရဉ္စရာသတင်းစာ စာမျက်နှာတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှ တိုးချဲ့တည်ဆောက်နေသည့် ကင်းစခန်းနေရာများမှာ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာ တော်)ခရိုင် နတ်ကျောက်စရီမြို့နယ်၊ လမားမြို့နယ်နှင့် ရုံမော်မြို့နယ်တို့ တွင်ဖြစ်ပြီး မြန်မာ နယ်စပ် ဘက် မောင် တော၊ ဘူးသီးတောင်နှင့် ကျောက် တော်မြို့ နယ် များနှင့် ထိစပ်နေကြောင်း၊ ယခုလအတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်မိုင် တိုင်တစ်လျှောက် သောင်း ကျန်း သူများ ဝင်ရောက်တိုက် ခိုက်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် မြန်မာ နယ်စပ်လုံခြုံရေးကို လည်း တင်းကျပ်ထားကြောင်း သိရ သည်။
မောင်တောနယ်စပ်လုံခြုံရေး ကို နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်(နစက)မှ နယ်ခြား စောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး(BGP)မှ တာဝန်ယူပြီးနောက် မော်တော်ယာဉ် များ၊ ကင်းလှည့်ဆိုင်ကယ်များကို တိုး မြှင့် ချထားပေးနေကြောင်း သိရ သည်။

NT [--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment