Friday, May 16, 2014

၁၆-၅- ၂၀၁၄ မှ ၂၂-၅-၂၀၁၄ အထိ ၇ ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ
ဤတပတ် ကံဇာတာကောင်းတဝက် ၊ မကောင်းတဝက် ဖြစ်ပါတယ်။ လုပ်ငန်း တစ်ချို့ ထစ်ငေါ့ မှု့ ဖြစ်မည်။ သို့သော် အဆင်ပြေမှုရမည်။ ကျန်းမာရေး ဂရုစိုက်ပါ။ခေါင်းကိုက် ၊ ခေါင်းခဲ ၊ မူးဝေမှု၊ အော့အန်မှု၊ အစာမကြေမှုတို့ ဖြစ်တတ်တယ်။ ငွေကြေးကိစ္စ အဆင်ပြေမည်။ စက် ၊ ရွှေ တို့ဝင်ခြင်း ၊ ထွက်ခြင်း ဖြစ်မည်။ အချစ်ရေး ကောင်းတယ်။ ယာယီ ခရီးလေးတွေရောက်မည်။
အကျိုးပေးဂဏန်း - ၁၊၆၊၄။
အထူးဟော - လူယုံမထားရ။
ယတြာ - အိမ် ဘုရားကို ရေသပ္ပါယ်ပါ။
 
တနင်္လာ
ဤတပတ် အားလုံးအဆင်ပြေမည်။ ရည်ရွယ်ချက်များ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ ဆက်တိုက်ကံကောင်း လိမ့်မည်။ မနာလို ဝန်တို သူရှိနေ၍ သတိထားပါ။ စကားကို အလွန်အကျွံ ကတိမခံနှင့်။ ခရီးထွက်ရန်ရှိမည်။ လမ်းခရီးအန္တရာယ်လုံးဝမရှိပါ။ အချစ်ရေး မမျှော်လင့်ဘဲ ယူဖြစ်မည်။ အကြီးအကဲ မိဘတို့က လုံးဝသဘောမတူဖြစ်နေမည်။ ငွေဝင်မည်။ စက်ဝင်မည်။ ရွှေထွက်မည်။ ခြေ ၁ ဖက် ထိခိုက်မိမည်။ အထင်လွဲခံရမည်။   
  အကျိုးပေးဂဏန်း - ၂၊ ၄၊၆။
အထူးဟော - သတိမလွတ်စေနှင့်။
ယတြာ - တနင်္လာ နံနက်မှာ ငါးအရှင် သက်စေ့ မွေးနေ့ မှာ လွှတ်လိုက်ပါ။
အင်္ဂါ
အကြီးအကဲတွေနှင့် အဆင်ပြေသော်လည်း အောက်လက်ငယ်သားလူတွေက အကောင်းမမြင် အပြစ်တင်မှု ဖြစ်မည်။ စကားပြောဆင်ခြင်ပါ။ လွတ်လပ်မှုတွေဝါသနာပါခြင်းကြောင်း ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားမှု့များ အောင်မြင်မည်။ လုပ်ငန်း ကူးပြောင်းမှုနေရာအိမ်ပြောင်းရွှေ့ မှု ဖြစ်မည်။ အိမ်ထောင်ဖက်အပြင် နောက် ၁ယောက်နှင့် ဖောက်ပြန်မှုတွေဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ ထပ်တွေ့မည်။ 
အကျိုးပေးဂဏန်း - ၃၊၉၊၆။
အထူးဟော - အားလုံးအဆင်ပြေမှု့တွေဖြစ်မည်။
ယတြာ - အင်္ဂါနေ့မှာ အိမ်ဘုရားကို အုန်းဆွမ်းကပ်ပါ။
ဗုဒ္ဓဟူး
          အပြောတစ်ခြား အလုပ်တစ်ခြား ဖြစ်တတ်၏။ ကိုယ့်အတွက် နှင့် သူများ စိတ်အနှောင့်အယှက် မဖြစ်စေနှင့်။ အချစ်ရေးမှာ သူများချစ်သူ ကိုယ်ရည်းစားဖြစ်တတ်သည်။ လူလိမ် ၊ ငွေလိမ် ခံရမည်။ ပညာရေးအောင်မြင် မှု့တွေရမည်။ ပြည်တွင်း၊ပြည်ပ ခရီးများ သွားဖြစ်မည်။ ကူညီသူပေါ်မည်။ စပ်တူရှယ်ယာ လုပ်ငန်းများအောင်မြင်မည်။ 
အကျိုးပေးဂဏန်း - ၄၊၉၊၂။
အထူးဟော - ဆုံးဖြတ်ချက် မမှားစေနှင့်။ 
ယတြာ -  အိမ်ဘုရားကို ရေအေး ရေသက်စေ့ ရေသပ္ပါယ်ပါ။
ကြာသပတေး
မပြတ်သားလျှင် ကိုယ်ခံရမည့်ကိန်းဖြစ်တတ်သည်။ ပွင့်လင်း ၊ပြတ်သားမှု ၊ ဆုံးဖြတ်ချက် ခိုက်မာမှု  ရှိသင့်သည်။ လူခင်ခြင်း မုန်းရတတ်သည်။ အဝေးမိတ်ဆွေ ကူညီမှု့ရမည်။ အနီးမိတ်ဆွေညံ့တယ်။ လူရွေးပေါင်းဖြစ်မည်။ လုပ်ငန်းပြောင်းလဲမှု့ အချစ်ရေးပြောင်းလဲမှု့ အိမ်ထောင်ရေး ဖောက်ပြန်မှု့ တို့ဖြစ်ကိန်းကြုံမည်။ စက် ၊ မြေ ၊ အိမ် ၊ ကား တို့ပြောင်းလဲမှု ဝင် ၊ ထွက်မှုဖြစ်မည်။ ငွေအစုလိုက်ဝင်ခြင်း ၊ ထွက်ခြင်းတို့ဖြစ်မည်။ လူယုံမထားရ။
အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၄။
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ - ကြာသပတေးနေ့နံနက်တွင် အောင်သပြေ ၁၉ ညွန့် အိမ်ဘုရားကို ကပ်၍ ဆုတောင်းပါ။
သောကြာ
ရည်ရွယ်ချက်များ ၊ ဆုံးဖြတ်ချက်များ ၊ ဆောင်ရွက်မှုများ ခိုင်မာအောင် ကြိုးစားပါ။ စိတ်ဓာတ်ကြံ့ခိုင်မှ သင့် ဘဝ ဖြောင့်ဖြူးမည်။ ခရီးယာယီတွေရောက်မည်။ အပေါင်းအသင်းတချို့နှင့် စိတ်ဝမ်းကွဲ မည်။ ချေးသောငွေ ပြန်မရတတ်ပါ။ လုပ်ငန်း ကိစ္စ အဆင်ပြေမည်။ အချစ်ရေးကိစ္စ ပြောင်း လဲမှု့ ဖြစ်ကုန်မယ်။ စက် ၊ မြေ ၊ အိမ်တို့ ပြုပြင် မှု့ နှင့် ပြောင်းလဲမှုတွေဖြစ်မည်။ စပ်တူစီးပွားရေးမလုပ်ရ။ ထီထိုးထားပါ။ လူမျိုးကွဲ နှင့် စပ်တူထိုးပါ။ အရှေ့တောင်အရပ်အသွား အလာဆင်ခြင်ပါ။
အကျိုးပေးဂဏန်း - ၆၊၉၊၁။
အထူးဟော - စဉ်းစားဆင်ခြင်မှုရှိပါစေ။
ယတြာ - သောကြာနေ့မှာ ဘုရားကို ရွှေသင်္ကန်းကပ်ပါ။ 
စနေ
စကားပြောဆင်ခြင်ပါ။ စကားထဲမှ အမှားပါတတ်သောကာလဖြစ်သည်။ အတိုက်အခံ၊ ပြိုင်ဆိုင်သူ ပေါ်မည်။ သည်းခံမှု့ဖြင့် အနိုင်ယူပါ။ လုပ်ငန်း ၊ ပညာရေး ၊ စီးပွားရေး ၊ အချစ်ရေး အားလုံးကောင်းမည်။ အလုပ်အကိုင် တိုးတက်မှုတို့ရှိခြင်း ၊ အလုပ်ရခြင်း၊ ဝင်ငွေကောင်းခြင်း တို့ဖြစ်မည်။ မမျှော်လင့်ဘဲ ခရီးသွားရမည်။ အဝေးက မိတ်ဆွေ များ သူငယ်ချင်းများ အကူအညီရမည်။ အနီးမိတ်ဆွေ ဂရုစိုက်ပါ။ ခြေ ဖျား ၊ လက်ဖျားများခိုက်မိခြင်း ၊ အနာရခြင်း ဖြစ်တတ်သည်။ အန္တရာယ်မရှိပါ။ စာမေးပွဲ ဖြေဆိုမှု များအောင်မြင်မည်။    
အကျိုးပေးဂဏန်း         - ၂၊၇၊၄။
အထူးဟော               - တိုးတက်မှု ဖြစ်မည်။
ယတြာ           - စနေနေ့တွင် ဆွမ်းလောင်းပါ။ 

No comments:

Post a Comment