Wednesday, May 21, 2014

ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ကချင်နှင့် ရှမ်းတွင် ဦးစားပေးဖွဲ့မည်

ဒေသခံများနှင့်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့များကို တပ်မတော်နှင့် လက်နက်ကိုင် များအကြား တိုက်ပွဲများ ပြန်ဖြစ်လေ့ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဦးစားပေးဖွဲ့စည်း သွားမည်ဟု ယင်းအဖွဲ့များ ပေါ်ပေါက်လာ စေရန်ဆောင်ရွက်နေသည့် Gender and Development Initiative (GDI) အမှု ဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေး အဖွဲ့များသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား လုပ် ဆောင် နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို စောင့်ကြည့်ရန်သာမက ငြိမ်းချမ်းရေးတွင် ပြည်သူ လူထု ပါဝင်နိုင်မှု အခန်းကဏ္ဍကိုလည်း စောင့်ကြည့်သွားမည် ဖြစ်သည်။
“နှစ်ဖက်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကို စောင့်ကြည့်တာထက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ကို စောင့်ကြည့် မှာပါ။ အဓိက ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထုပါဝင်နိုင်မှု၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်းကို အဓိက ထားသွားမှာပါ” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
ကချင်ပြည်နယ်တွင် ဖားကန့်၊ ၀ိုင်းမော်၊ မိုးညှင်းမြို့နယ်၊ ရှမ်းပြည်နယ်တွင် ဖယ်ခုံ၊ တောင်ကြီးနှင့် ကွန်ဟိန်းမြို့နယ်တို့ တွင် စတင်ဖွဲ့စည်းနေပြီဖြစ်ပြီး ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင်လည်း ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်သည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေး စောင့်ကြည်ရေးဒေသခံ အဖွဲ့တစ်ဖွဲ့လျှင် ၂၅ ဦးခန့် ပါဝင်မည်ဖြစ်ပြီး GDI မှ ငြိမ်းချမ်းရေး စောင့်ကြည်မှုကျွမ်းကျင်သူများမှ လေ့ကျင့်သင်တန်းပေးမည်ဖြစ်သည်။

နှစ်ဖက်သဘောတူညီချက်ကို ဖောက်ဖျက်သည်များ တွေ့ရှိပါက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT)၊ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင် ရွက်နေသည့် မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) နှင့်သက်ဆိုင်ရာ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များကိုတင်ပြသွားမည်ဟု ဆိုသည်။

Mizzima 









No comments:

Post a Comment