ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်၊ က၀မြို့နယ် အစရှိသော ကျေးလက်ဒေသများတွင် အပူလွန်ကဲ မိုးခေါင်မှုကြောင့် ကျေးလက်နေပြည်သူများအားထားနေရသည့် ရေချိုးကန်များ ရေခမ်းခြောက်၍ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့ရလျှက်ရှိသည်။ယင်းကဲ့သို့ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေ ရသောကြောင့် တောင်သူကျေးရွာ
ပရဟိတဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒ န္တဥူးကိတ္တိသည် ပရ ဟိတအဖွဲ့များ၊
လူမှုကူညီရေးအဖွဲ့များနှင့် အတူ အဆိုပါမြို့နယ်များသို့ မေ ၈ရက်နေ့က
သွားရောက် ၍ ရေလှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
ယင်းအပြင်
သနပ်ပင်မြို့နယ်အတွင်းရှိ ကျားခေါင်းကျေးရွာသို့
အာသောကာရုံဓမ္မရိုပ်သာကျောင်းတိုက် ဆရာတော် ဥူးသောမိတ္တ၏
ဦးစီးလမ်းညွှန်မှုဖြင့် သံဃာ ၃၈ ပါး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊
အထောက်အကူပြုအဖွဲ့များက တစ်အိမ်ထောင် ရေတစ်ထမ်းကျနူန်းဖြင့်
အညီးအမျှခွဲဝေပေးခဲ့ကြကြောင်း သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်သန်းက “ကျွန်တော်တို့ရွာက သောက်သုံးရေအတွက် ကန်ရေကိုသာ အဓိကအားထားကြရပါတယ်၊ အခု အပူလွန်ကဲပြီး သင်္ကြန်မိုးလည်း မရွာပြန်တော့ ကန်ခမ်းသွားတယ်၊ သောက်သုံးရေအခက်အခဲ ကြုံနေတုန်း အခုလို လာရောက်လှူဒါန်းပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ၀မ်းပန်းတသာဖြင့် ပြောသည်။

မင်းစစ်သူ(ပဲခူး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment