Saturday, May 3, 2014

ဘဏ္ဍာရေးအခက်အခဲကြောင့် ပန်းလှိုင်မြစ် အသက်ပြန်ဝင်ဖွယ်မရှိ

တိမ်ကောလာသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိလာပြီဖြစ်သည့် ပန်းလှိုင် မြစ်အား ပြန်လည်တူးဖော်ပေးရန် လွှတ်တော် တွင်းတောင်းဆိုမေးမြန်းမှု ရှိသော်လည်း အစိုးရမှ အကောင်အ ထည်ဖော် ပေးနိုင်သည့်အခြေအနေမရှိဟု သက်ဆိုင် ရာဝန်ကြီးဌာနမှ ဖြေဆိုမှုအရ သိရသည်။
ကုန်စည်သွားလာစီးဆင်းနိုင်ရေးအတွက် ယင်းမြစ်ကို ပြန် လည်တူးဖော် ပေးရန် ကြည့်မြင်တိုင်မြို့နယ်မှ လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ဧပြီ ၂၉ ရက်နေ့က ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်း အ ဝေး၌ မေးမြန်းကာ တောင်းဆိုခဲ့သော် လည်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က အခြားသော အရေးကြီး မြစ်များကို ထိန်းသိမ်းဆောင်ရွက်နေရ၍ ဘဏ္ဍာငွေမရှိသဖြင့် တူးဖော်ပေးနိုင်မည် မဟုတ်ကြောင်း ဖြေကြားခဲ့သည်။ဝန်ကြီး၏ အဆိုအရ ပန်းလှိုင်မြစ် ကမ်း၌ ကျူပင်၊ ကိုင်းပင် များ ပေါက် ရောက်ခြင်း၊ မြစ်တွင်းကျားပိုက်ထောင် ခြင်း များကြောင့် မြစ်ကောရသည်ဟု သိရသည်။ယင်းမြစ်ပြန် လည်ရှင် သန်ရေး ဆောင်ရွက်မည်ဆိုပါက မြစ်ကြောင်း ပြန်တူးခြင်းအပြင် ရေပိုရေလျှံများ စွန့် ပစ်ရန် ချောင်းငယ်များလည်း တူးဖော်ရန်လိုအပ်ခြင်း တို့ကြောင့် ကုန်ကျ စရိတ် ကြီးမြင့်မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် မြစ်ကြီး များ ရေလမ်းကြောင်း ကောင်း မွန်ရေးကို ဦးစားပေးဆောင်ရွက် ရမည် ဖြစ်သဖြင့် ယင်းကိစ္စရပ်ကို အကောင် အထည်ဖော်နိုင်မည် မဟုတ်ကြောင်း ဝန်ကြီးက ပြောသည်။

သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်နေသူ ဒေါ်ဒေဝီသန့် စင်ကမူ ပန်းလှိုင်မြစ်အတွက် ငွေကြေးမသုံးစွဲနိုင်မှုနှင့် ပတ်သက်၍ ”ခက်တယ်။ ဘတ်ဂျက်မရှိ ဆူး ဆိုတာလည်း မြန်မာနိုင်ငံမှာ ကလည်း ဆေးစက်ကျရာ လုပ်ပေးစရာတွေချည်းပဲ”ဟု ဆိုသည်။
အစိုးရ ဘဏ္ဍာငွေတောင့်တင်းမှသာ လိုအပ်မှုများ ကို ဖြည့် တင်းဆောင် ရွက် နိုင်မည်ဖြစ်ကြောင်း၊ သယံဇာတများ ဆုံးရှုံးမှု ဖြစ်ပေါ်ပြီး လက်ရှိ အစိုးရ ဆင်းရဲမှုအတွက် ယခင် အစိုးရကိုသာ အပြစ်တင်လိုသည်ဟု ၎င်း၏ သဘော ထား ကို ပြော သည်။ ပန်းလှိုင်မြစ်သည် ဧရာဝတီမြစ်မှခွဲထွက်ကာ လှိုင်မြစ်အတွင်းသို့ စီးဝင်သော မြစ်ဖြစ်သည်။ ယင်းမြစ်သည် ၂ဝဝ၅ ခုနှစ်တွင် စတင် တိမ်ကောလာ ခြင်း ဖြစ်သည်။
 Popular Myanmar News Journal

No comments:

Post a Comment