Sunday, May 4, 2014

မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ

Photo: မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ
Sunday, May 4, 2014

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၇ နှင့် ၂၈ ရက်တို့တွင် ပြည်မြို့ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် ပါဝင်သည့် လွန်ဆွဲပွဲများ ပြုလုပ်ခဲ့ပြီးနောက် မေလ ၃ ရက်နေ့ ထပ်မံ လွန်ဆွဲပွဲ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရိုးရာယဉ်ကျေးမှုအရ လုပ်တယ်။ ခုချိန်ထိ ပိတောက်ပွင့်နိုင်တဲ့ မိုးတောင် မရွာသေးဘူး။ မနှစ်ကတော့ လွန်ဆွဲပြီး နောက်နေ့ မိုးရွာတယ်။ ရာသီဥတုက အရမ်းပူနေတော့ ခုလည်း မိုးရွာမယ်လို့တော့ မျှော်လင့်တယ်” ဟု ရွာဘဲနယ် မြေအောင်သုခ ရပ်ကွက်တွင် နေထိုင်သည့် ဦးတင့်ဖေက ပြောဆိုသည်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးလာလို့ အပူချိန် မြင့်တက်လာပြီး မိုးခေါင်တယ်။ ဒီလိုဖြစ်နေရတာတွေက လူတွေရဲ့ နေထိုင်ပြုမူမှုကြောင့် ဖြစ်နေတာပါ၊ ဒီပုံစံကို ဆင်ခြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းရမယ်” ဟု အစိမ်းရောင်မျိုးဆက် အတွင်းရေးမှူး ဦးမျိုးညိမ်းဇော်က မှတ်ချက်ပြုသည်။

အပူရှိန်မြင့်တက်မှုကြောင့် ပြည်မြို့တွင် သေဆုံးသူ အနည်းငယ် ပိုလာပြီး နာရေးကူညီမှုအသင်းများ အနေနှင့် တစ်ရက်လျှင် လူ ၁၀ ဦးခန့်ထိ နာရေးကူညီမှု ပြုလုပ်ပေးနေရကြောင်း မိုးမေတ္တာ နာရေးကူညီမှုအသင်း အဖွဲ့ဝင် ဦးညီညီအောင်က ပြောကြားသည်။
“ကျွန်တော်တို့က ဆရာဝန် မဟုတ်တော့ ဒီလူတွေက အပူကြောင့် သေရပါတယ်လို့ တထစ်ချ မပြောနိုင်ဘူး။ အပူချိန် မြင့်တဲ့အတွက် နာရေးလမ်းကြောင်းကတော့ စိပ်လာတာတော့ အမှန်ပဲ” ဟု ၎င်းကပြောဆိုသည်။

ယခုကဲ့သို့ အပူချိန် လွန်ကဲမှုများ ရှိသော်လည်း ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အပူဒဏ်ကြောင့် တိုက်ရိုက် ဖြစ်ပွားသည့် အပူရှပ်ရောဂါ လက္ခဏာဖြင့် သေဆုံးသူ မရှိဘဲ အရက်သောက်သုံးသူများနှင့် သက်ကြီးရွယ်အို အချို့သာ ဆုံးပါးမှုရှိကြောင်း ယင်းဆေးရုံကြီး မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧပြီလ ၂၇ နှင့် ၂၈ ရက်တို့တွင် ပြည်မြို့ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် ပါဝင်သည့် လွန်ဆွဲပွဲများ ပြုလုပ်ခဲ့ပြီးနောက် မေလ ၃ ရက်နေ့ ထပ်မံ လွန်ဆွဲ ပွဲ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရိုးရာယဉ်ကျေးမှုအရ လုပ်တယ်။ ခုချိန်ထိ ပိတောက်ပွင့်နိုင်တဲ့ မိုးတောင် မရွာသေးဘူး။ မနှစ်ကတော့ လွန်ဆွဲပြီး နောက်နေ့ မိုးရွာတယ်။ ရာသီဥတုက အရမ်းပူနေတော့ ခုလည်း မိုးရွာမယ် လို့တော့ မျှော် လင့်တယ်” ဟု ရွာဘဲနယ် မြေအောင်သုခ ရပ်ကွက်တွင် နေထိုင်သည့် ဦးတင့်ဖေက ပြောဆိုသည်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးလာလို့ အပူချိန် မြင့်တက်လာပြီး မိုးခေါင်တယ်။ ဒီလိုဖြစ်နေရတာတွေက လူတွေ ရဲ့ နေထိုင်ပြုမူမှုကြောင့် ဖြစ်နေတာပါ၊ ဒီပုံစံကို ဆင်ခြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိန်း သိမ်းရမယ်” ဟု အစိမ်းရောင်မျိုးဆက် အတွင်းရေးမှူး ဦးမျိုးညိမ်းဇော်က မှတ်ချက်ပြုသည်။

အပူရှိန်မြင့်တက်မှုကြောင့် ပြည်မြို့တွင် သေဆုံးသူ အနည်းငယ် ပိုလာပြီး နာရေးကူညီမှုအသင်းများ အနေနှင့် တစ် ရက် လျှင် လူ ၁၀ ဦးခန့်ထိ နာရေးကူညီမှု ပြုလုပ်ပေးနေရကြောင်း မိုးမေတ္တာ နာရေးကူညီမှု အသင်း အဖွဲ့ဝင် ဦးညီညီအောင်က ပြောကြားသည်။

“ကျွန်တော်တို့က ဆရာဝန် မဟုတ်တော့ ဒီလူတွေက အပူကြောင့် သေရပါတယ်လို့ တထစ်ချ မပြောနိုင် ဘူး။ အပူချိန် မြင့်တဲ့အတွက် နာရေးလမ်းကြောင်းကတော့ စိပ်လာတာတော့ အမှန်ပဲ” ဟု ၎င်းကပြောဆို သည်။

ယခုကဲ့သို့ အပူချိန် လွန်ကဲမှုများ ရှိသော်လည်း ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အပူ ဒဏ်ကြောင့် တိုက်ရိုက် ဖြစ်ပွားသည့် အပူရှပ်ရောဂါ လက္ခဏာဖြင့် သေဆုံးသူ မရှိဘဲ အရက်သောက်သုံး သူများနှင့် သက်ကြီးရွယ်အို အချို့သာ ဆုံးပါးမှုရှိကြောင်း ယင်းဆေးရုံကြီး မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment