Wednesday, May 21, 2014

မ.ဘ.သ ထုတ်ပြန်ချက်များ ပြင်းထန်လာပါက ကန့်ကွက်သွားမည်ဟု မ.ဘ.သ(ဗဟို) ဆို

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့  (မ.ဘ.သ) ၏ ထုတ်ပြန် ကြေညာ ချက်များ ပြင်းပြင်း ထန်ထန် ဖြစ်လာပါက မ.ဘ.သ (ဗဟို) မှ ကန့်ကွက်သွားမည် ဖြစ်ကြောင်း မ.ဘ.သ (ဗဟို) ဗဟို အလုပ်မှုဆောင် ဓမ္မစက္ကဦးမောင်မောင် က The Messenger သတင်းစာသို့ ပြောသည်။
မကြာသေးမီက မ.ဘ.သ (အထက် မြန်မာပြည်) နှင့် မ.ဘ.သ (စစ်ကိုင်းတောင် ရိုး) တို့မှ မျိုးစောင့် ဥပဒေအား ကန့်ကွက် သည် လူမှု အဖွဲ့အစည်း တစ်ခုမှ အမျိုးသမီး တစ်ဦနှင့်၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့အား အမျိုးသား သစ္စာဖောက် အဖြစ် သတ်မှတ်ခဲ့ပြီး၊ ပြည်တွင်း သတင်းဂျာနယ် နှစ်စောင်အား
သစ္စာဖောက် မီဒီယာ၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းအား နိုင်ငံရေး စားဖား အဖွဲ့အစည်း အဖြစ် ထုတ်ပြန် ကြေညာခဲ့သည်။ကျွန်တော်တို့ ဗဟိုအနေနဲ့လက်ရှိ ထုတ်ပြန်ချက်တွေအပေါ်မကန့်ကွက်ခဲ့ဘူး။ သက်ဆိုင်ရာ ဒေသအလိုက် သူတို့ရဲ့ ခံစားချက် တွေနဲ့ ထုတ်ပြန်ချက်တွေ အပေါ် ကျွန်တော်တို့ လက်ရှိအချိန်မှာ ထိန်းချုပ်သွားမှာ မဟုတ်ဘူး။ နိုင်ငံကောင်းကျိုး အတွက် တစ်စုံတစ်ရာ ထိခိုက်မယ် ဆို ရင်၊ တစ်စုံတစ်ယောက် အဖွဲ့အစည်း တစ်ခုအတွက် အရမ်းထိခိုက်မယ် ဆိုရင်၊ ဘာသာတရားအတွက် ထိခိုက်တဲ့ ကိစ္စ၊ လူမျိုးရေး ပဋိပက္ခဖြစ်သွားနိုင်တဲ့ ကိစ္စမျိုးတွေဆိုရင် ဗဟိုက ကန့်ကွက်မယ်၊ ထုတ်ပြန်ချက်တွေထုတ်ပြန်သွားမယ် ဟု ဓမ္မစက္က ဦးမောင်မောင် က ပြောသည်။

လက်ရှိအချိန်တွင် မ.ဘ.သ (ဗဟို) အနေဖြင့် မြို့နယ်ပေါင်း (၂၀၀)ကျော်တွင် မြို့နယ်အဆင့် မ.ဘ.သ အဖွဲ့ငယ်များဖွဲ့ စည်း ထားပြီး ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် တိုင်းအဆင့်၊ ပြည်နယ်အဆင့် မ.ဘ.သ အဖွဲ့အား ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း တရားဝင်ကြေငြာမှု မပြုလုပ်ရ သေးကြောင်း မ.ဘ.သ (ဗဟို) မှ သိရသည်။ လက်ရှိ ထုတ်ပြန်ချက်များမှာမူ အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အသင်း (မ.ဘ.သ) (ဗဟို) ညွှန်ကြားချက် မဟုတ်ကြောင်း မ.ဘ.သ(ဗဟို)မှ သတင်းရရှိသည်။
လက်ရှိအချိန်တွင် မြို့နယ်အဆင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) အဖွဲ့များအား မ.ဘ.သ (ဗဟို) က ချုပ်ကိုင်သွားမည်မဟုတ်ဘဲ နောက်တစ်ချိန် တွင် အခြားသော အဖွဲ့အစည်းများ ကဲ့သို့ ဗဟိုမှ ညွှန်ကြားမှသာ လုပ်ဆောင်ရမည့် အနေအထား ရှိလာပါက ဖြစ်ပေါ် လာသော ပြဿနာပေါ် မူတည်၍ စည်းမျဉ်းများရေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment