Thursday, May 1, 2014

ဟိုင်းလတ်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော်က မြို့အတွင်း ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေး မြို့တော်ခန်းမအနီး တတိယအကြိမ် ဆန္ဒပြ

Photo: ဟိုင်းလတ်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော်က မြို့အတွင်း ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေး မြို့တော်ခန်းမအနီး တတိယအကြိမ် ဆန္ဒပြ 
Thursday, May 1, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်လိုင်း အသီးသီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော် စည်ပင်နယ်နိမိတ်အတွင်း ယခင်လမ်းကြောင်းများအတိုင်း အချိန် ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေးအတွက် ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီတွင် မဟာဗန္ဓုလ လမ်းပန်းခြံဘေးတွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုကို တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူများက “မထသ (ဗဟို)မှ ထုတ်ပြန်ထားသော ယာဉ်လိုင်းပိတ်သိမ်းမည့် အချိန်အား ၁၈ လ တိုးမြှင့်ပေး”၊ “ဥပဒေဘောင်အတွင်း လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့်ပြုရေး”၊ “ခရီးသည်တင် ဟိုင်းလတ်ယာဉ်များအား နယ်နိမိတ် ကန့်သတ်ခြင်းကို ပယ်ဖျက်ပေးရေး” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြခြင်း၏ အကြောင်းရင်းမှာ ဟိုင်းလတ်ယာဉ် အစားထိုးဖြစ်သော မီနီဘတ်စ်ယာဉ်များ ၀ယ်ယူရသည့် ငွေကြေးလုံလောက်မှု ရှိစေရန်အတွက် ဆန္ဒပြ တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

“မီနီဘတ်စ်ယာဉ် ၀ယ်ဖို့အတွက် ကုမ္ပဏီကို တစ်လရှစ်သိန်း၊ ကိုးသိန်းလောက် အရစ်ကျ သွင်းရတယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဒီပိုက်ဆံကိုသွင်းရဖို့ ငွေကြေးအခက်အခဲတွေ ဖြစ်နေတယ်။ အခု ကျွန်တော်တို့ တောင်းဆိုတဲ့အချိန် ၁၈ လပေးရင် နောက်ထပ်တောင်းဆိုမှုတွေ မလုပ်တော့ပါဘူး” ဟု ဟိုင်းလတ်ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးသန်းဇော်မင်းက ပြောကြားသည်။ ဆန္ဒပြမှုနှင့်ပတ်သက်၍ မိမိအနေဖြင့် မပြောလိုကြောင်း ၎င်းတို့တောင်းဆိုသည့် အချိန်တိုးမြှင့်ပေးမှုမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုပေါ်တွင်သာ မူတည်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ပြောကြားသည်။

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်လိုင်း အသီးသီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော် စည်ပင်နယ်နိမိတ်အတွင်း ယခင်လမ်းကြောင်းများအတိုင်း အချိန် ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေးအတွက် ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီတွင် မဟာဗန္ဓုလ လမ်းပန်းခြံဘေးတွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုကို တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူများက “မထသ (ဗဟို)မှ ထုတ်ပြန်ထားသော ယာဉ်လိုင်းပိတ်သိမ်းမည့် အချိန်အား ၁၈ လ တိုးမြှင့်ပေး”၊ “ဥပဒေဘောင်အတွင်း လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့်ပြုရေး”၊ “ခရီးသည်တင် ဟိုင်းလတ်ယာဉ်များအား နယ်နိမိတ် ကန့်သတ်ခြင်းကို ပယ်ဖျက်ပေးရေး” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြခြင်း၏ အကြောင်းရင်းမှာ ဟိုင်းလတ်ယာဉ် အစားထိုးဖြစ်သော မီနီဘတ်စ်ယာဉ်များ ၀ယ်ယူရသည့် ငွေကြေးလုံလောက်မှု ရှိစေရန်အတွက် ဆန္ဒပြ တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

“မီနီဘတ်စ်ယာဉ် ၀ယ်ဖို့အတွက် ကုမ္ပဏီကို တစ်လရှစ်သိန်း၊ ကိုးသိန်းလောက် အရစ်ကျ သွင်းရတယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဒီပိုက်ဆံကိုသွင်းရဖို့ ငွေကြေးအခက်အခဲတွေ ဖြစ်နေတယ်။ အခု ကျွန်တော်တို့ တောင်းဆိုတဲ့အချိန် ၁၈ လပေးရင် နောက်ထပ်တောင်းဆိုမှုတွေ မလုပ်တော့ပါဘူး” ဟု ဟိုင်းလတ်ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးသန်းဇော်မင်းက ပြောကြားသည်။ ဆန္ဒပြမှုနှင့်ပတ်သက်၍ မိမိအနေဖြင့် မပြောလိုကြောင်း ၎င်းတို့တောင်းဆိုသည့် အချိန်တိုးမြှင့်ပေးမှုမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုပေါ်တွင်သာ မူတည်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment