Thursday, May 22, 2014

မုန်တိုင်းသတင်း

၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက် ယနေ့မြန်မာ စံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိသော်လည်း လာမည့်(၂)ရက် အတွင်းမြန်မာ
ဘင်္ဂလားဒေ့ရှ်ကမ်းခြေဒေသများသို့ ဦးတည်ရွေ့လျားနိုင်ပါသည်။ မုန်တိုင်းငယ်၏အရှိန်ကြောင့်ယနေ့ညနေမှနောက်(၃)ရက်အတွင်းပဲခူးတိုင်းဒေသကြီးတွင်နေရာစိပ်စိပ်၊ရန် ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ် ချုန်းရာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင်နေရာကွက်မိုးကြီး မည်။မြစ်ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုး သက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေသည် တစ်နာရီ လျှင်မိုင် (၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

မိုးလေ၀သနင့် ဇလဗေဒညွန့်ကြားမှု ဦးစီးဌာန

No comments:

Post a Comment