ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာတော့ မေလ ၂၃ ရက်နေ့ညက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည် သူတွေ ဖယောင်းတိုင်ထွန်း ချီတက်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။
ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေကြပေမယ့် ထိုင်းကာ ကွယ်ရေး ဦးစီးချုပ် ပရာယုပ်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပြုပြင် ပြောင်းလဲမှုတွေ ကျယ် ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောဆိုပြီး ဘယ်လောက်ကြာတဲ့ အထိ အာဏာသိမ်းထား မယ်ဆိုတာ ကိုလည်း ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။
ရွေးကောက်ပွဲတွေမကျင်းပခင် အရင်ပြုလုပ်မယ့် နိုင်ငံရေးပြုပြင်ပြောင်းလည်းရေးတွေမှာ ကူညီကြဖို့ အရပ် ဖက် အစိုးရ၀န်ထမ်းတွေကိုလည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့ ပါတယ်။
ချင်းမိုင်မြို့ဟာ ၀န်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ယင်လပ်တို့ရဲ့ ဇာတိမြေ နဲ့ ထောက်ခံသူတွေရဲ့ အမာခံဒေ သဖြစ် ပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment