Friday, May 16, 2014

ရန်ကုန်-မန္တလေးဟိုင်းဝေးလမ်းမကြီးသည် အမြန်လမ်းမကြီး မဖြစ်သေးကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

နေပြည်တော်၊ မေ ၁၅- ရန်ကုန်-မန္တလေး ဟိုင်းဝေးလမ်းမကြီးသည် အမြန်လမ်းမကြီး မဖြစ်သေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က ပြောကြားခဲ့သည်။
မေ ၁၅ရက် နေ့လယ်ပိုင်းက နေ ပြည်တော် ရထား ပို့ဆောင်ရေးဝန်ကြီး ဌာနတွင်ပြုလုပ်သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ မော်တော် ယာဉ်များ မတော်တဆဖြစ်ပွားမှုနှင့် စပ်လျဉ်းပြီး သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု တိယဝန်ကြီး ရှင်းလင်းချက်တွင် ''ကျွန် တော်တို့နိုင်ငံမှာ အမြန်လမ်းဆိုတာ ဒီတစ်လမ်းပဲ ရှိပါတယ်။ ပထမဦးဆုံး ပေါ်လာတဲ့အမြန်လမ်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမြန်လမ်းမကြီးနဲ့ ပတ် သက်တဲ့ဥပဒေတောင် ဆွဲနေတုန်းပဲရှိ ပါသေးတယ်။ ဆွဲပြီး ပြည်သူ့လွှတ် တော်ကိုတင်ပြီးတော့
အမြန်လမ်းဥပ ဒေကို ဆောင်ရွက် ဆဲဖြစ်ပါတယ်။ ဒီ လမ်းမကြီးနဲ့ ပတ်သက်ပြီး တင်ပြရရင် အမြန်လမ်းရဲ့ အဓိကလိုအပ်ချက်ဟာ တစ်ဖက်ကို လေးလမ်းသွား အလယ် မှာကျွန်းရှိပြီး အားလုံးပေါင်း ရှစ်လမ်း သွားဖြစ်အောင် ဆောင်ရွက်ပြီးမှ အ မြန်လမ်းရဲ့ အင်္ဂါရပ် ဟာ ပြည့်စုံသွားမှာ ဖြစ်ပါတယ်။ သို့သော်လဲပဲ နိုင်ငံတော် ရဲ့လိုအပ် ချက်အရ ကျွန်တော်တို့က တစ်ဖက်ကို နှစ်လမ်းပဲပြီးပါတယ်။ နှစ် လမ်းပဲပြီးသော်လဲပဲ အများပြည်သူ များ ပြီးသလောက်အသုံးချလို့ရပြီး၊ပြည် သူများအသုံးချရင် ချက်ချင်းပဲ အကျိုးဖြစ်ထွန်းမယ် ဆိုတဲ့ လမ်းညွှန် ချက်များ အရ ဒီလမ်းမကြီး ကိုဖွင့်ပေး လိုက်ခြင်းဖြစ်ပါတယ်။ လမ်းဖွင့်ပေး ပေမယ့် လမ်းရဲ့သတ်မှတ်ထားတဲ့ပြည့် စုံမှု၊ လမ်းလေးလမ်းသွားမဖြစ်မှု၊ ကျန် တဲ့အပိုင်းတွေ ဆောင်ရွက်ထားမှုတွေ မရှိသေးပါဘူး။ လမ်းပေါ်မှာ ယာဉ် တွေသွားလာနိုင်ဖို့အတွက်ပဲ အဓိက ထားပြီးဖွင့်ပေး လိုက်ပါတယ်။ ဖွင့်ပေး လိုက်ပြီးနောက်မှာမှ ကျန်တဲ့လုပ်ငန်း တွေကို တဖြည်းဖြည်းဆောင် ရွက်ဆဲ ဖြစ်ပါတယ်''ဟု ရှင်းလင်းပြောကြား ခဲ့သည်။

''ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးအား ရှစ်လမ်းသွားအဆင့်မြှင့် တင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိသ လားလို့မေးရင် အစီအစဉ်ရှိပါတယ်။ သို့သော် ဘယ်တော့စမှာလဲ၊ ဘယ် တော့ပြီးမှာလဲဆိုတာကတော့ ကျွန် တော်တို့ ပြော ဖို့ခက်ပါတယ်''ဟုပြော ကြားခဲ့သည်။
ယင်းအမြန်လမ်းမကြီးပေါ်တွင် ယာဉ်များ အရှိန်လွန်မောင်းနှင်မှုအား အရေးယူ ခဲ့သော ယာဉ်စီးရေ ၂၀၁၃ ခုနှစ်တွင် ၂၀၇၃စီး အရေးယူ မှုရှိပြီး ဖြစ်ကြောင်း ယင်းလမ်းမပေါ်တွင် ယာဉ်ကြောင့် ယာဉ်မတော်တဆမှု ၂၃ဒသမ ၈ရာခိုင်နှုန်း၊ လူကြောင့် ၆၃ဒသမ၆၄ရာခိုင်နှုန်း၊ လမ်းကြောင့် ၁ဒသမ၆ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် သုညဒသမ ၄ရာခိုင်နှုန်းရှိကြောင်း လည်း ပြောကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment