Sunday, May 4, 2014

တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ

Photo: တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ
Sunday, May 4, 2014

ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင်ဖမ်းဆီးရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းပြီး တစ်ပတ်အ တွင်း ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ တရားမဝင်သစ်တန် ချိန် တစ်ထောင်ကျော် ဖမ်းဆီးရရှိ ခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏ သည် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုမရပ်ဆိုင်းမီ လတစ်လ၏ သစ်ခိုးထုတ်မှုဖမ်းဆီးရရှိခြင်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ကွာဟနေခြင်းဖြစ်သည်။

‘‘ပုံမှန်ကာလတွေထက်များ တယ်။ အရင်တုန်းက ရက်တိုတို နဲ့ အဲဒီလောက်မဖမ်းမိဘူး’’ဟု စီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တမလန်းသစ်များပေါက် ရောက်သည့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် သစ်တန်ချိန်လေးရာ ကျော် ဖမ်းဆီးရရှိခဲ့ပြီး ကျန်ဒေသ များထက် ပိုများသည်။ တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ သည့် ရှမ်းပြည်နယ်သည် သစ်ခိုး ထုတ်မှု ဒုတိယအများဆုံးဖြစ် သည်။

‘‘ကချင်ပြည်နယ်မှာ အဲဒီ လောက် ဘယ်ဖမ်းရမလဲ။ သူ့ နယ်မှာ တရုတ်ပို့လွန်းလို့ တမလန်းသစ် မကျန်တော့တာ။ သူ့ဆီမှာ မကျန်တော့လို့ ဒီဘက် ပင်လယ်ဘူးမှာ အခုလာလာခုတ် ကြတယ်။ ခုတ်ထားတဲ့သစ်တွေ ကို ဧရာဝတီမြစ်ကျော်ပြီး ကချင် ပြည်နယ်ဘက်ပို့ကြတယ်။ အဲဒီ ကတစ်ဆင့် တရုတ်ကိုပို့ကြ တယ်’’ဟု ပင်လယ်ဘူးခရိုင်၊ ဝန်း သိုမြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးအောင် ကျော်စိုးက ပြောသည်။

တရားမဝင်သစ်ခိုးထုတ်မှု များ ဖမ်းဆီးရရှိသော်လည်း ပိုင် ရှင်မဲ့သစ်များဖြစ်နေခြင်းမှာ သံသယဖြစ်ဖွယ်ရှိနေပြီး ယင်း အချက်ကို ဖော်ထုတ်ဖြေရှင်းမှ သာ တရားမဝင်သစ်ခိုးထုတ်ခြင်း ကို အရေးယူနိုင်သည့်ဥပဒေများ အသက်ဝင်လာမည်ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ် ရှားသူ Green Network မှ ဦးစောမိုးမြင့်က ပြောသည်။

‘‘ကားတွေနဲ့ အလုံးအရင်း ဖမ်းမိပေမယ့် အများအားဖြင့် ကားသမားတွေဖြစ်နေတယ်။ ဖမ်း မိတဲ့သူတွေဟာ အကိုင်းအခက် တွေဖြစ်နေတယ်။ ခေါင်ကြီးတွေ က လွတ်နေတယ်။ အဲဒါတွေ ဖမ်း ဆီးဖော်ထုတ်နိုင်မှသာ အောင် မြင်မယ်လို့ထင်ပါတယ်’’ ဟု ဦးစောမိုးမြင့်က ပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်း၊ အဖမ်း အဆီးများလာခြင်းတို့ကြောင့် နယ်စပ်သို့တင်ပို့သည့် သစ်ကား များအရေအတွက်နည်းသွား သောကြောင့် တရုတ်နယ်စပ်တွင် တမလန်းသစ်များ ဈေးမြင့်ခဲ့ သည်။ သစ်ဈေးမြင့်လာမှုကြောင့် တရားမဝင်သစ်ခိုးထုတ်သူများ များလာခဲ့သည်ဟု ပင်လယ်ဘူး ခရိုင်မှ ဒေသခံများက ပြောသည်။

သစ်အလုံးလိုက်တင်ပို့မှုရပ် ဆိုင်းသော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)တရုတ်နယ်စပ် မူဆယ်မြို့နယ် တောလမ်းများမှ တစ်ဆင့် အလုံးလိုက်သော်လည်း ကောင်း၊ ခွဲခြမ်းစိတ်ဖြာပြီးသော် လည်းကောင်း ခိုးဝှက်၍ သစ်တင်ပို့နေသည်မှာ တစ်ရက်လျှင် ကားအစီး နှစ်ဆယ်ကျော်ရှိကြောင်း မူဆယ်မြို့ခံတစ်ဦးကပြောသည်။

7Day DAILY
ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင်ဖမ်းဆီးရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။
ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းပြီး တစ်ပတ်အ တွင်း ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ တရားမဝင်သစ်တန် ချိန် တစ်ထောင်ကျော် ဖမ်းဆီးရရှိ ခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏ သည် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုမရပ်ဆိုင်းမီ လတစ်လ၏ သစ်ခိုး ထုတ်မှုဖမ်းဆီးရရှိခြင်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ကွာဟနေခြင်းဖြစ်သည်။

‘‘ပုံမှန်ကာလတွေထက်များ တယ်။ အရင်တုန်းက ရက်တိုတို နဲ့ အဲဒီလောက်မဖမ်းမိဘူး’’ဟု စီမံဌာနမှ တာဝန်ရှိသူတစ်ဦး က ပြော သည်။

တမလန်းသစ်များပေါက် ရောက်သည့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် သစ်တန်ချိန်လေးရာ ကျော် ဖမ်းဆီးရရှိခဲ့ပြီး ကျန်ဒေသ များထက် ပိုများသည်။ တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ သည့် ရှမ်းပြည်နယ်သည် သစ်ခိုး ထုတ်မှု ဒုတိယအများဆုံးဖြစ် သည်။

‘‘ကချင်ပြည်နယ်မှာ အဲဒီ လောက် ဘယ်ဖမ်းရမလဲ။ သူ့ နယ်မှာ တရုတ်ပို့လွန်းလို့ တမလန်းသစ် မကျန်တော့တာ။ သူ့ဆီမှာ မကျန်တော့ လို့ ဒီဘက် ပင်လယ်ဘူးမှာ အခုလာလာခုတ် ကြတယ်။ ခုတ်ထားတဲ့သစ်တွေ ကို ဧရာဝတီမြစ်ကျော်ပြီး ကချင် ပြည် နယ်ဘက်ပို့ကြတယ်။ အဲဒီ ကတစ်ဆင့် တရုတ်ကိုပို့ကြ တယ်’’ဟု ပင်လယ်ဘူးခရိုင်၊ ဝန်း သိုမြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးအောင် ကျော်စိုးက ပြောသည်။

တရားမဝင်သစ်ခိုးထုတ်မှု များ ဖမ်းဆီးရရှိသော်လည်း ပိုင် ရှင်မဲ့သစ်များဖြစ်နေခြင်းမှာ သံသယဖြစ်ဖွယ်ရှိနေပြီး ယင်း အချက် ကို ဖော်ထုတ်ဖြေရှင်းမှ သာ တရားမဝင်သစ်ခိုးထုတ်ခြင်း ကို အရေးယူနိုင်သည့်ဥပဒေများ အသက်ဝင်လာမည်ဟု သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလှုပ် ရှားသူ Green Network မှ ဦးစောမိုးမြင့်က ပြောသည်။

‘‘ကားတွေနဲ့ အလုံးအရင်း ဖမ်းမိပေမယ့် အများအားဖြင့် ကားသမားတွေဖြစ်နေတယ်။ ဖမ်း မိတဲ့သူတွေဟာ အကိုင်း အခက် တွေဖြစ်နေ တယ်။ ခေါင်ကြီးတွေ က လွတ်နေတယ်။ အဲဒါတွေ ဖမ်း ဆီးဖော်ထုတ်နိုင်မှသာ အောင် မြင်မယ်လို့ထင်ပါတယ်’’ ဟု ဦးစောမိုးမြင့်က ပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်း၊ အဖမ်း အဆီးများလာခြင်းတို့ကြောင့် နယ်စပ်သို့တင်ပို့သည့် သစ်ကား များ အရေအတွက်နည်းသွား သောကြောင့် တရုတ်နယ်စပ်တွင် တမလန်းသစ်များ ဈေးမြင့်ခဲ့ သည်။ သစ်ဈေးမြင့်လာမှုကြောင့် တရားမဝင် သစ်ခိုးထုတ်သူများ များလာခဲ့သည်ဟု ပင်လယ်ဘူး ခရိုင်မှ ဒေသခံများက ပြောသည်။

သစ်အလုံးလိုက်တင်ပို့မှုရပ် ဆိုင်းသော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)တရုတ်နယ်စပ် မူဆယ်မြို့နယ် တောလမ်းများမှ တစ်ဆင့် အလုံးလိုက်သော်လည်း ကောင်း၊ ခွဲခြမ်းစိတ်ဖြာပြီးသော် လည်းကောင်း ခိုးဝှက်၍ သစ်တင်ပို့နေသည်မှာ တစ်ရက်လျှင် ကားအစီး နှစ်ဆယ်ကျော်ရှိကြောင်း မူဆယ်မြို့ခံတစ်ဦးကပြောသည်။

7Day DAILY

No comments:

Post a Comment