Wednesday, May 21, 2014

မိုးကြိုးထိမှန်မှုကြောင့် ပြည်သူ့ရင်ပြင်ရှိ ရေပန်းရုပ်ရှင်ကို ယာယီပိတ်ထား

ပြည်သူ့ရင်ပြင်တွင် နေ့စဉ်ပြသလျက်ရှိသော ရေပန်း ရုပ်ရှင်မှာ စက်ချွတ်ယွင်း သွားသော ကြောင့် ခတ္တယာယီ ပိတ်ထားကြောင်း ပြည်သူ့ရင်ပြင်မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
''ပြည်သူ့ရင်ပြင်မှာ နေ့စဉ် ပြသနေတဲ့ရေပန်းရုပ်ရှင်က မေ ၁ရ ရက်နေ့မှာကွန်ပျူတာနဲ့ထိန်းထား တဲ့ ဆော့ဖ်ဝဲက မိုးကြိုးပစ်လိုက်တဲ့ အခါ စက်ကိုလျှပ်စီးကြောင်းနည်းနည်း ဝင်သွားပြီး စက်ချွတ်ယွင်းသွားတဲ့အ တွက် လောလောဆယ် ခဏပိတ် ထားပါတယ်၊ သိပ်မကြာခင်ပြန်ပြီး ရေပန်းရုပ်ရှင်ပြသနိုင်အောင်လို့ အ မြန်ဆုံးပြုပြင်နေပါတယ်''ဟု အဆို ပါတာဝန်ရှိသူက ပြောသည်။အဆိုပါ ပြည်သူ့ရင်ပြင်၌ ပြ သလျက်ရှိသော ရေပန်းရုပ်ရှင်ကို ယခင်ကသောကြာ၊ စနေ၊ တနင်္ဂနွေ နှင့်အစိုးရရုံး ပိတ်ရက်များတွင် ည နေ ၆ နာရီ မှ ၈ နာရီထိပြသလျက် ရှိပြီး ယခုအခါနေ့စဉ်ပိတ်ရက် မရှိ ညနေ ၆ နာရီမှ၈နာရီထိ ပြသလျက်ရှိကြောင်း၊ သောကြာနေ့တိုင်းတွင် ရေပန်းရုပ်ရှင်၌ မြန်မာရိုးရာယဉ် ကျေးမှုအကများနဲ့ ဖျော်ဖြေပေး ကြောင်း၊
မိုးတွင်းကာလတွင် အဆို ပါရေပန်း ရုပ်ရှင်ပြသမှုကို ခဏနား ထားမည်ဖြစ်ကြောင်း ယင်းကဆက် လက်ပြောသည်။
ပြည်သူ့ရင်ပြင်တွင် ပြသလျက် ရှိသော ရေပန်းရုပ်ရှင်အား ယခု အခါ စနေ၊တနင်္ဂနွေရုံးပိတ်ရက်များ တွင် ကြည့်ရှုသူများပြားလျက်ရှိ ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment