Wednesday, May 21, 2014

" တစ်ကျော့ပြန်စစ်အုပ်ချုပ်ရေး မြန်မာတွင် ဖြစ်လာနိုင်ခြေမရှိဟု ကာကွယ်ရေးဝန်ကြီးပြော "

ဆန္ဒပြမှုများ များပြားနေသော်လည်း ထိုင်းနိုင်ငံကဲ့သို့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ချက်မျိုး မြန်မာတွင် ဖြစ်လာနိုင်ခြေ မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။ 
နေပြည်တော်တွင် ပြုလုပ်လျက်ရှိသော အာဆီယံ အဆင့်မြင့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ကိုလည်း ပြည်သူ့လွှတ်တော် မှာ ဖော်ထုတ်နိုင်တယ်။ ဒါ့အပြင်ဆန္ဒပြခွင့်တွေကိုလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆန္ဒပြခွင့်ရှိတယ်။
ဒါကြောင့် ကြီးကြီးမားမား ဖြစ်လာနိုင်စရာမရှိဘူး''ဟု ဝန်ကြီးက ဆိုသည်။ လက်ရှိ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော စစ်အုပ်ချုပ်ရေးအခြေအနေသည် ၎င်းတို့ နိုင်ငံအတွင်း ဖြစ်ပွားနေမှုသာဖြစ်ပြီး အာဆီယံ အခြေခံမူအရသာမက ၎င်း၏ အမြင်အရပါ ဝင် ရောက်စွက်ဖက်ခြင်း လုံးဝမပြုလုပ် ကြောင်း ဆိုသည်။ 
၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပွားခဲ့သော်လည်းလက်ရှိတွင်ပြည်သူများလိုအပ်သော ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုများလုပ်ဆောင်နေပြီဖြစ်၍ အဆိုပါအခြေအနေမျိုး ထပ်မံဖြစ် လာနိုင်ဖွယ်မရှိကြောင်း ၎င်းက ပြောသည်။ အာဆီယံအဆင့်မြင့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ယခု လ ၁၉ ရက်မှ ၂၁ 
ရက်အထိ ပြုလုပ်လျက်ရှိသည်။
စိုင်းလမင်း
Popular Myanmar News Journal

No comments:

Post a Comment