Wednesday, May 21, 2014

နိုင်ငံတော်သမ္မတလမ်းညွှန်မှုဖြင့် ဝန်ထမ်းများ နေပြည်တော်မှ ရန်ကုန်နှင့်မန္တလေးသို့ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန်စီစဉ်

နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်ဖြင့် နေပြည်တော်တွင် တာဝန်
ထမ်း ဆောင်နေကြသောဝန်ထမ်းများ ရန်ကုန်နှင့်မန္တလေးမြို့များသို့ ရုံးပိတ်ရက် များတွင် ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးအတွက်လေအေးပေးစက်ပါ ကားများကိုတစ်ဦးလျှင် ကျပ်၃၅ဝဝနှုန်းဖြင့် ကုန်းလမ်း
ပို့ဆောင်ရေးက တာဝန်ယူပြေးဆွဲပေးနေကြောင်းရထားပို့ဆောင်ရေး
ဝန်ကြီးဌာနမှသိရသည်။
လက်ရှိတွင် နေပြည်တော်-ရန်ကုန်-နေပြည်တော်ခရီးစဉ်များကို ယခုလ ၁၆ရက်မှစတင်ကာ အပတ်စဉ်သောကြာနေ့တိုင်း ညနေ ၅နာရီခွဲ တွင်
နေပြည်တော် ပျဉ်းမနားရှိ ဘောဂသီရိကားဝင်းမှ စတင်ထွက်ခွာကာ မြို့မဈေးကားဂိတ်သို့ ၆ နာရီ၊ သပြေကုန်းကားဂိတ်သို့ ၆နာရီ၁၅မိနစ် တွင်ရောက်ရှိထွက်ခွာပြီး ရန်ကုန်ဘက်သို့စတင်ထွက်ခွာမည်ဖြစ်ကာ တနင်္ဂနွေနေ့ ညနေ ၆ နာရီတွင် ရန်ကုန်မှနေပြည်တော်သို့ အောင် မင်္ဂလာအဝေးပြေးမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 

သို့သော် နေပြည်တော်-မန္တလေး-နေပြည်တော်ခရီးစဉ်ပြေးဆွဲမှုကို လက်ရှိတွင်
စတင်ပြေးဆွဲနိုင်ခြင်းမရှိသေးကြောင်း၊ မကြာမီတွင် ပြေးဆွဲ သွားနိုင်ရန်
စီစဉ်လျက်ရှိကြောင်း မြို့မဈေးကုန်းလမ်းပို့ဆောင်ရေးကား လက်မှတ်အရောင်း
တာဝန်ခံက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။ 

အဆိုပါဝန်ထမ်းသီးသန့် ရန်ကုန်-နေပြည်တော်-ရန်ကုန်ကားများ အတွက် ကြိုတင်လက်မှတ်များကို ဘောဂသီရိကားဝင်းကုန်းလမ်းပို့ဆောင် ရေးဂိတ် ဖုန်းနံပါတ် ဝ၆၇-၂၆၁၈၉၊ မြို့မဈေးကုန်းလမ်းပို့ဆောင်ရေး ဂိတ်ဖုန်းနံပါတ် ဝ၉-၄၉၃၃၂၃ဝ၅နှင့် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေး ကားဝင်း ကုန်းလမ်း
ပို့ဆောင်ရေးဂိတ်ဖုန်းနံပါတ် ဝ၉-၄၂ဝ၇၅၉၅ဝ၂ တို့တွင် တစ်ဦးလျှင် ကျပ် ၃၅ဝဝ နှုန်းဖြင့်ကြိုတင်ဝယ်ယူနိုင်ကြောင်း သိရသည်။ 

ပြီးခဲ့သည့်အပတ်မှ စတင်ပြေးဆွဲပေးသော ဝန်ထမ်းသီးသန့် ရန်ကုန်-
နေပြည်တော်-ရန်ကုန်ကားများကို လိုက်ပါစီးနင်းသူဝန်ထမ်းမှာ နည်းပါး
နေသေးသော်လည်းသိရှိမှုများပြားလာပါကဝန်ထမ်းများ၏စီးနင်းမှုအပေါ် မူတည်ကာ ကားစီးရေများထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment