Friday, May 9, 2014

ငြိမ်းချမ်းရေးကြောင့် KNU အတွင်းခွဲထွက်မှုများဖြစ်ပေါ်ခဲ့ဟုဆို

အစိုးရအဆက်ဆက်နှင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲများအပြီးကရင် အမျိုးသားအစည်းအရုံး(KNU) အတွင်း ခွဲထွက်မှုများနှင့်ကြုံတွေ့ခဲ့ ရကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းကကရင်အဖွဲ့အစည်း များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးနိုင်ရေးအတွက် ရန်ကုန်မြို့သို့ ရောက်ရှိနေသော KNU ဒုတိယဥက္ကဋ္ဌနော်စီဖိုးရာစိန် ဦးဆောင်သောအဖွဲ့သည် နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ယမန်နေ့ကလည်းကရင်အဖွဲ့အစည်းများနှင့် မြန်မာ နိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံသာသန ရိပ်သာ၌ တွေ့ဆုံခဲ့ကာ KNUသမိုင်းကြောင်းကိုရှင်းပြရာ၌ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။KNU လက်နက်ကိုင်အဖွဲ့သည် ၁၉၄၉ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း အစိုးရအဆက်ဆက်နှင့် တွေ့ဆုံမှု ခြောက်ကြိမ်အထိရှိခဲ့သည်။၁၉၄၉၊ ၁၉၆ဝ၊ ၁၉၆၃၊ ၁၉၆၇၊ ၂ဝဝ၄ ခုနှစ်များအတွင်း တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်ရှိခဲ့သော်လည်း ကြိုတင် စည်းကမ်းချက်များ၊ကန့်သတ်ချက် များကြောင့်ရလဒ်ကောင်းများမရရှိ ခဲ့ဘဲ ၂ဝ၁၂ ခုနှစ် လက်ရှိအစိုးရ လက်ထက်မှသာအပစ်အခတ် ရပ်စဲ ရေးလက်မှတ်ရေးထိုးနိုင်ခဲ့သည်။
''အရင်ဆွေးနွေးပွဲတွေကလက် နက်ချရေး၊ လက်နက်စွန့်လွှတ်ရေး တွေပါတဲ့အတွက် ကောင်းမွန်တဲ့ ရလဒ်တွေမရခဲ့ဘူး။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂ဝ၁၂ခုနှစ်တွေ့ဆုံမှု ဟာ ကြိုတင်သတ်မှတ်ချက်တွေ မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ တယ်။ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ကို တော့ နိုင်ငံတော်အစိုးရဘက်ကလဲ ကြိုးစားနေသလို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလဲကြိုး စားနေပါတယ်''ဟုပဒိုစောလှထွန်း က ပြောသည်။

ထိုသို့ငြိမ်းချမ်းရေးဆွေးနွေးမှု များအပြီး ၁၉၆၃၊ ၁၉၉၇၊ ၂ဝဝ၂ ခုနှစ်များ၌ KNU အတွင်း ခွဲထွက် မှုများဖြစ်ပေါ်ခဲ့ပြီး KNU(KZPC)၊ DKBA၊ BGF ၊ဟောင်သရောငြိမ်း ချမ်းရေးအဖွဲ့၊ သံတောင်ငြိမ်းချမ်း ရေးစသည်တို့ဖြင့် ခွဲထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
''၁၉၆၃ ခုနှစ် တော်လှန်ရေး ကောင်စီနဲ့ပူးပေါင်းသွားခဲ့တာဟာ ကရင်သမိုင်းမှာ အကြီးမားဆုံးကွဲ ထွက်မှုဖြစ်ခဲ့သလိုပညာတတ်အများ ဆုံးပါဝင်ခဲ့တဲ့ ခွဲထွက်မှုပါပဲ'' ဟု ပဒိုစောလှထွန်းက ဆက်လက်ပြော ကြားသည်။

သို့သော် ၂ဝ၁၂ခုနှစ်မှစတင် ကာ ကရင်အဖွဲ့အစည်းများအတွင်း ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက် နိုင်ခဲ့ပြီး ၂ဝ၁၃ခုနှစ်ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမကြီးမှ ရှေ့ ဆက်မည့်မူဝါဒများကိုဆွေးနွေးနိုင် ခဲ့သည်။ ထို့ပြင် ကရင်လက်နက် ကိုင်တပ်ဖွဲ့များညီညွတ်စေရန်ကရင် လူထုတောင်းဆိုမှုဖြင့် ပြန်လည်ဖွဲ့ စည်းရေးကော်မတီတစ်ခုလည်း ဖွဲ့ စည်းထားကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment