ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် တရားမ၀င်နေထိုင်သဖြင့် ဇွန်လ ၃ ရက်က ဖမ်းဆီးခံရသော မြန်မာလုပ်သား ၁၆၀ ကျော်ကို ထိုင်းနိုင်ငံစစ်တပ်က နေ့ချင်းပြန်ပို့ရာဖမ်းဆီးခံရသူအချို့ အလုပ်လုပ်ရန် ဇွန်လ ၄ ရက်က မဲဆောက်မြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။
ဇွန်လ ၃ ရက် နံနက်က မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်တွင် တရားမ၀င်နေထိုင် သော မြန်မာနိုင်ငံသား များကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှု ကြီးကြပ်ရေးတို့က ၀င်ရောက်ဖမ်း ဆီးရာ အမျိုးသား ၄၉ ဦး၊ အမျိုး သမီး ၅၉ ဦးနှင့် ကလေးငယ် ၅၅ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။
‘‘မနေ့ကပဲ ပြန်ပို့တယ်။ ဒီ နေ့အလုပ်လုပ်ဖို့ရာအတွက် ဖမ်း ဆီးခံရတဲ့သူတွေ မဲဆောက်ကို ပြန်ရောက်နေပြီ။ မဲဆောက်မှာ တရားမ၀င်နေတဲ့ မြန်မာတွေ ဒီ ရက်ပိုင်းမှာ သတိထားနေကြရ တယ်။ အဖမ်းအဆီးရှိတော့ ကြောက်နေရတယ်။ ဖမ်းလိုက် ပြန်ပို့လိုက်၊ ပြန်လာလိုက်နဲ့ ဒါက မဲဆောက်ဇာတ်လမ်းပါပဲ’’ ဟု အ ဆိုပါတာဝန်ရှိသူက ပြောသည်။
ဖမ်းဆီးခံရသူများသည် မဲ ဆောက်မြို့ စက်ရုံများတွင် လုပ် ကိုင်နေသူများနှင့် ကျပန်းလုပ် ကိုင်နေသူ များဖြစ်သည်။ မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံသား နှစ်သိန်းခန့် နေထိုင်လျက်ရှိရာ အများစုမှာ တရားမ၀င်နေထိုင်သူများဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသူများအား လက် ခံ၍ အလုပ်ပေးထားသူများကို အ ရေးယူဆောင် ရွက်သွားမည်ဟု ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနမှ အကြီးအကဲတစ်ဦးက တ ရားမ၀င်နေထိုင်သည့် မြန်မာလုပ် သားများ ဖမ်းဆီးစဉ် ပြောကြားခဲ့ ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ အမှု ဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
7Day Daily
No comments:
Post a Comment