Friday, June 6, 2014

မုဒိမ်းမှုနှင့် လူသတ်မှု ရန်ကုန်တွင် အများဆုံးဖြစ်နေ

Photo: မုဒိမ်းမှုနှင့် လူသတ်မှု ရန်ကုန်တွင် အများဆုံးဖြစ်နေ
Friday, June 6, 2014 

မြန်မာနိုင်ငံတစ်ဝန်းသုံးလတာအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် အရ ရန်ကုန်တိုင်းဒေသကြီးသည် မုဒိမ်းမှုနှင့် လူသတ်မှုအများဆုံးဖြစ်ပွား
လျက်ရှိကြောင်း သတင်းရရှိသည်။

မတ်လမှ မေလအထိ သုံးလ တာအတွင်း လူသတ်မှုပေါင်း ၃၈၀ကျော်နှင့် မုဒိမ်းမှုပေါင်း ၂၁၀ ကျော်ဖြစ်ပွားခဲ့ရာ ရန်ကုန်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ် ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်းအဓိကမှုခင်း ငါးမျိုးဖြစ်သည့် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ရိုးရိုးနာကျင်စေမှုနှင့် ယာဉ်တိုက်မှုပေါင်း၂၅၀၀ ကျော် လစဉ်ဖြစ်ပွားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၏ မှုခင်း ဖြစ်ပွားသည့် အရေအတွက်မှာ ၆၀၀ ကျော်နေ၍ ကျန်ဒေသများ ထက်များပြားလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ထိုသုံးလတာအတွင်း လူသတ်မှု ပေါင်း ၄၉ မှုနှင့် မုဒိမ်းမှုပေါင်း ၄၀ ဖြစ်ပွားခဲ့ရာ ကျန်ဒေသများထက် ရန်ကုန်တိုင်းဒေသကြီးသည် ယင်းအမှုများတွင်အများဆုံးကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှုကျူးလွန်ခဲ့ကြရာ၌ အ မျိုးသားချင်း လမ်းသွားရင်း ပခုံး ချင်းမတော်တဆတိုက်မိခဲ့ရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်း၊ အုပ်စု ဖွဲ့ရန်ဖြစ်ရာမှ လူသတ်မိခြင်း၊ လင်မယားချင်းစကားများရာမှ သတ်မိခြင်းစသည့် ဒေါသအ လျောက်သတ်မိခဲ့သည့် မှုခင်းများဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

၂၀၁၄ ခုနှစ် ဧပြီနှင့် မေလ အတွင်း ရန်ကုန်-မန္တလေးအမြန် လမ်း တစ်လျှောက် တွင် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်မီးလောင်မှုများဖြစ်ပွားခဲ့ရာ လူအစုအလိုက်အပြုံလိုက်သေဆုံးမှုများကြောင့် မတ်လမှ မေလ သုံးလ အတွင်း သေဆုံးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇၂ ဦးသေဆုံး သကဲ့သို့ မန္တလေးတိုင်း ဒေသကြီးတွင် ၁၈၇ ဦးသေဆုံးကာ ပဲခူးတိုင်းဒေသကြီးတွင် ၁၃၈ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။

7 Day News Daily 
 မြန်မာနိုင်ငံတစ်ဝန်းသုံးလတာအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် အရ ရန်ကုန် တိုင်းဒေသကြီးသည် မုဒိမ်းမှုနှင့် လူသတ်မှုအများဆုံးဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

မတ်လမှ မေလအထိ သုံးလ တာအတွင်း လူသတ်မှုပေါင်း ၃၈၀ကျော်နှင့် မုဒိမ်းမှုပေါင်း ၂၁၀ ကျော်ဖြစ် ပွားခဲ့ရာ ရန်ကုန်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ထုတ် ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်းအဓိကမှုခင်း ငါးမျိုးဖြစ်သည့် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ရိုးရိုးနာကျင်စေမှုနှင့် ယာဉ်တိုက်မှုပေါင်း၂၅၀၀ ကျော် လစဉ်ဖြစ်ပွားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၏ မှုခင်း ဖြစ်ပွားသည့် အရေအတွက်မှာ ၆၀၀ ကျော်နေ၍ ကျန်ဒေသများ ထက်များပြားလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ထိုသုံးလတာအတွင်း လူသတ်မှု ပေါင်း ၄၉ မှုနှင့် မုဒိမ်းမှုပေါင်း ၄၀ ဖြစ်ပွားခဲ့ရာ ကျန်ဒေသများထက် ရန်ကုန်တိုင်းဒေသကြီးသည် ယင်းအမှုများတွင်အများဆုံးကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှုကျူးလွန်ခဲ့ကြရာ၌ အ မျိုးသားချင်း လမ်းသွားရင်း ပခုံး ချင်းမတော်တဆတိုက်မိခဲ့ရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်း၊ အုပ်စု ဖွဲ့ရန်ဖြစ်ရာမှ လူသတ်မိခြင်း၊ လင်မယားချင်း စကားများရာမှ သတ်မိခြင်းစသည့် ဒေါသအ လျောက်သတ်မိခဲ့သည့် မှုခင်းများဖြစ်ပေါ် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

၂၀၁၄ ခုနှစ် ဧပြီနှင့် မေလ အတွင်း ရန်ကုန်-မန္တလေးအမြန် လမ်း တစ်လျှောက် တွင် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်မီးလောင်မှုများဖြစ်ပွားခဲ့ရာ လူအစုအလိုက်အပြုံလိုက်သေဆုံးမှုများကြောင့် မတ်လမှ မေလ သုံးလ အတွင်း သေဆုံးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇၂ ဦးသေဆုံး သကဲ့သို့ မန္တလေးတိုင်း ဒေသကြီးတွင် ၁၈၇ ဦးသေဆုံးကာ ပဲခူးတိုင်းဒေသကြီးတွင် ၁၃၈ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။

7 Day News Daily

No comments:

Post a Comment