Tuesday, June 17, 2014

မကွေးတွင် သားအဖခိုက်ရန်ဖြစ်ပွားရာမှ ဘာသာရေးအသွင်းဆောင် အဓိကရုဏ်းဖြစ်ပွား

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စုတွင် ဘာသာခြားအမျိုးသမီး တစ်ဦး၏ ယောကျာင်္းဖြစ်သူဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ယင်း၏သားအရင်းဖြစ်သူ(အစ္စလာမ်ဘာသာဝင်ဟု ယူဆရသူ)တို့ နှစ်ဦးဘာသာရေးကိစ္စအငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွားမှ ဘာသာရေအသွင်ဆောင်သော အဓိကရုဏ်းတစ်ခုအဆိုပါကျေးရွာအုပ်စု အေးတန်းရပ်ကွက်တွင် ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် စတင်ဖြစ်ပွားကြောင်း မွတ်စလင်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဇာကရီယာဘိုင်က ဇွန်လ၁၇ ရက်နေ့တွင် ပြောကြားသည်။
“အခုတော့ပြီးသွားပါပြီ၊ ဖြစ်တဲ့ကလေးရဲ့အမေက မွတ်စလင်ဘာသာဝင်ပါ၊ သူတို့မှာသားသုံးယောက် ရှိပါတယ်၊ နှစ်ယောက်ကတော့ မွတ်စလင်ဘာသာကိုးကွယ်ပါတယ်၊တစ်ယောက်ကတော့ အတိအကျ မဖြစ်သေးပါဘူး၊ အဲ့ဒီကလေးနဲ့ သူတို့အဖေအရင်းဖြစ်သူ ဗုဒ္ဓဘာသာကိုးကွယ်သူနဲ့ ဘာသာရေးအကြောင်း အငြင်းအခုံဖြစ်ပြီး ရန်ဖြစ်ကြပါတယ်၊ဒါကို ကျေးရွာအုပ်စုက တချို့လူတွေက တမျိုးမြင်ပြီး ဒီလို အဓိကရုဏ်းဖြစ် သွားရတာပါ” ဟု ယင်းကပြောဆိုသည်။
“ရန်ဖြစ်ပြီး အများသုံးဓမ္မာရုံးရှေ့ရှိ ရေအိုးစင်မှ ရေအိုးကိုရိုက်ခွဲခဲ့ပါတယ်၊ ဒါ့ပြင် ဘာသာရေးစုရုံးလုပ်နေတဲ့ အိမ်တစ်လုံးကိုအဓိက ဖျက်ဆီးခဲ့ပါတယ်၊ အဲဒီအိမ်ထဲမှာ ဗလီလို့ယူဆရတဲ့ ပစ္စည်းတွေနဲ့ ဓာတ်ဆီ များစွာ တွေ့ရှိ ခဲ့ပါတယ်” ဟု ယင်းဒေသခံ ကျောင်းဆရာတစ်ဦးက ပြောဆိုသည်။

ထိုအဖြစ်အပျက်များကြောင့် ပွင့်ဖြူမြို့နှင့်နီးစပ်သော မြို့နယ်များတွင်လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း သိရသည်။ အဖြစ်အပျက်အားလုံးကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်သော် လည်း ပြန်လည်းမဖြေကြားခဲ့ပေ။
အဆိုပါဒေသသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်တွင် ဆင်ဖြူကျွန်းမြို့မှ အမျိုးသမီးငယ်တစ်ဦးကို ဘာသာခြား သုံးဦးက
ကာမရယူခဲ့ပြီး  ကားပေါ်မှကန်ချထားမှုဖြစ်ပွားခဲ့သောကြောင့် ဘာသာရေးအဓိကရုဏ်းဖြစ် ပွားပြီး နောက် ပိုင်း တွင် ဒေသခံပြည်သူများ အနေဖြင့် ယင်းဒေသတွင် ဘာသာခြားအဆောက်အဦးများကို ဆက်လက်ဆောက်လုပ်ခွင့်မပေးဘဲ စောင့်ကြည့်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်း အချက်အလက်များအရ သိရသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment