Friday, June 6, 2014

ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးဒီချုပ်တွင် ပေါ်လာနိုင်ဟုဆို

ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့စိတ်နေစိတ်ထားနှင့် တိုင်းပြည်အကျိုးပြုနိုင်သည့် ခေါင်းဆောင် များပေါ်ပေါက်လာ နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကဦးတင်ဦးကပြောသည်။
နာယကဦးတင်ဦးက ''ဒေါ်အောင်ဆန်းစုကြည်လို ထက်ထက်မြက်မြက် နဲ့ ဦးဆောင်သူတွေ ပေါ်ထွက် လာဖို့ရှိတယ်။ လူဆိုတာအသက်အရွယ်အရ ကြီးရင့်လာမှာဆိုတော့ လူငယ်မျိုးဆက်နိုင်ငံရေးသမားတွေပေါ်ပေါက်လာ ဖို့ လက်ကမ်းတွဲခေါ်လေ့ကျင့်ပေးဖို့လိုတာပေါ့။ နိုင်ငံရေးဆိုတာတစ်သက် လုံး လုပ်နေရမယ့်ကိစ္စဖြစ်တော့ ဒီကနေတစ်ဆင့် ဒုတိယ၊ တတိယ ဒေါ်အောင် ဆန်းစုကြည် လိုခေါင်းဆောင်တွေပေါ်ပေါက်လာနိုင်မှာပါ''ဟု ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လူငယ်မျိုးဆက်သစ်နိုင်ငံရေး သမား များကို အဆက်မပြတ်မွေး ထုတ်ပေးနိုင်ပြီး တက်ြ<ွကကာ ပညာအရည်အချင်းပြည့်ဝသည့် အမျိုးသမီး နှင့် တိုင်းရင်းသားလူငယ်များပါ ပါဝင်ကြောင်းပါတီနာယက ဦးတင်ဦး ကဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ''နိုင်ငံရေးပါတီတိုင်း က လူငယ်မျိုး ဆက်သစ်တွေ မွေးထုတ် ရမှာက ပါတီခေါင်းဆောင်တိုင်းရဲ့ တာဝန်ပါပဲ။ ကောင်းတဲ့ အစဉ်အလာပါပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတိုင်းရဲ့လိုအပ်ချက်က ပါတီရဲ့သဘောတရား၊ အယူအဆတွေသာ သင်ကြားပို့ ချပေးနိုင်ပေမယ့် နိုင်ငံရေး သဘောတရား၊ အယူအဆတွေကို ပိုင်ပိုင်နိုင်နိုင်ချပြပေးနိုင်တာမရှိဘူး။ နိုင်ငံရေး အယူအဆနဲ့ ပါတီရဲ့ရပ်တည် ချက်ကို ဆုပ်ကိုင်ထားဖို့လိုသလို လူငယ်တွေကလဲ ကိုယ်တိုင်လေ့လာဖို့ လိုအပ်ပါတယ်'' ဟု ထောက်ပြပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတစ်ဝန်းတွင်မြို့နယ် အဆင့်လူငယ်ညီလာခံများကျင်းပပေးနိုင်ခဲ့ကာ အရန်လူငယ်မျိုးဆက် သစ်ခေါင်းဆောင် ၄၅ဝဝ ခန့်ကိုရွေးချယ်ထားပြီးဖြစ်သည်။
ပါတီ၏လက်ရှိဖွဲ့စည်းပုံအရ နာယကအဖွဲ့၊ ပါတီဥက္ကဋ္ဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြင့်သာဖွဲ့စည်းထားပြီး ပါတီဒုဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးနေရာများတွင် လစ်လပ်လျက်ရှိသည်။

ယခင်စစ်အစိုးရလက်ထက်က ပါတီမျိုးဆက်သစ်လူငယ်ခေါင်းဆောင် များ ပေါ်ထွက်လာစေရန် ရန်ကုန်တိုင်းအဆင့်ဗဟန်း၊ မင်္ဂလာဒုံ၊ လှိုင်သာ ယာနှင့် ရွှေပြည်သာမြို့နယ်များတွင် လူငယ်ကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ သော်လည်း စစ်အစိုးရ၏ဖိနှိပ်မှုများကြောင့် ပါတီအနေဖြင့် လူငယ်ခေါင်း ဆောင် များမွေး ထုတ်ရေးတွင် ခါးဆက်ပြတ်သကဲ့သို့ဖြစ်ခဲ့ကြောင်း ပါတီ နာယက ဦးတင်ဦးက ရန်ကုန်တိုင်းမ်သို့ပြောသည်။


Yangon Media Group

No comments:

Post a Comment