Friday, June 20, 2014

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်

ရန်ကုန်၊ ဇွန် ၂၆ - နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ခုနှစ်၊ ဇွန်လ၁၉ရက် ရက်စွဲပါအမိန့်ထုတ်ပြန်ချက်ဖြင့် တာဝန်မှရပ်စဲခြင်းခံ လိုက်ရသော သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်အား သက်ဆိုင်ရာမှ တရားဥပဒေ နှင့် အညီအရေးယူနိုင်ရေးအတွက် လိုအပ်သောခေါ်ယူစစ်ဆေးမှုများ စတင် ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။
ဦးဆန်းဆင့်အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် နိုင်ငံတော်သမ္မတ အကြား၊ နိုင်ငံတော် သံဃမဟာနာယကနှင့် သံဃာထု အကြား၊ သံဃာထုနှင့် ပြည်သူအကြား၊ ပဋိပက္ခအသွင်ဖြစ်စေရန် လှုံ့ဆော်ဆောင်ရွက်ခဲ့မှုများ၊ ဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့် ငြိစွန်းဆောင်ရွက်ခဲ့မှုများ စသည့်လုပ်ဆောင်မှုများနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီအရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာက စတင်စစ်ဆေးနေကြောင်း အမည်မဖော်လိုသူအစိုးရအရာရှိကြီးတစ်ဦးက ဒီမို ကရေစီတူဒေးသို့ အတည်ပြုပြောကြားသည်။
နိုင်ငံတော်သမ္မတ က သမ္မတ၏သာသနာရေးဆိုင်ရာအကြံပေးအဖွဲ့ကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းကြောင်း ကြေညာ ချက်ထုတ်ပြန်ပြီး နောက်တစ် ရက်တွင် ယခုကဲ့သို့အရေး ယူမှုများမြင်တွေ့လာရခြင်းဖြစ်သည်။
ဇွန်၁ဝရက် ညဉ့်နက်ပိုင်းကဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်မှသံဃာများကို တိုင်းသံဃမဟာနာယကအဖွဲ့က ဖယ်ရှားခဲ့သည်။
ယင်းသို့ဖယ်ရှားခဲ့ပြီးနောက် ပိုင်းတွင် သာသနာရေးဝန်ကြီးဌာနက နိုင်ငံ တော်သမ္မတရုံး၏အကြံပေး ဦးအံ့မောင်အား သန္တိသုခကျောင်းတိုက်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်စေခဲ့သည်။ ၎င်းနောက် နိုင်ငံ တော်သမ္မတက ရုံးအမိန့်စာဖြင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲခဲ့ခြင်းဖြစ်သည်။

[--Democracy today Daily Newspaper--]
Yangon Media group

No comments:

Post a Comment