Wednesday, June 11, 2014

တပ်မတော်လေမှ တိုက်ခိုက်ရေး လေယာဉ်တစ်စင်း ပျက်ကျ

ရန်ကုန်၊ မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့ မှ ၆ မိုင်ခန့် အကွာ ယောင်းမင ရွာနှင့် နင်းကြမ်းကျေး ရွာကြား မှာ လေယာဉ်တစ် စင်း ဇွန် ၁၁ ရက် နံနက် ၈ နာရီခွဲ တွင် ပျက်ကျခဲ့ပြီး မီးလောင်သွား ကြောင်း သိရသည်။
ပျက်ကျခဲ့သည့် လေယာဉ် သည် မိတ္တီလာလေတပ်စခန်းဌာ နချုပ်မှ MIG 29 UB တိုက်ခိုက်ရေး လေယျဉ် အမျိုး အစားဖြစ်ပြီး Low flight Training (အစမ်းလေ့ကျင့်) နေစဉ် စက် ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ယင်းလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေတပ်မှ ဒု ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး နှင့် သင်တန်းသားအရာရှိငယ်တစ် ဦးသည် ခုန်ထွက်လွတ်မြောက် ပြီး ကြီးမားသည့် ဒဏ်ရာများမရရှိ ခဲ့ကြောင်း အဆင့်မြင့်တပ်မတော် အရာရှိတစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ်သို့ အတည်ပြုပြောကြား သည်။

အဆိုပါလေယာဉ်မှာ ဇွန် ၁ဝ ရက် နံနက် ၈ နာရီနှင့် ၉ နာရီအချိန်ကတည်းက ပျံသန်း နေသည်ကို ရွာသားများကတွေ့ ရှိပြီး ဇွန် ၁၁ ရက်တွင် ပျက်ကျ ခဲ့ခြင်းဖြစ်ကာ လေယာဉ်၏ တောင် ပံတစ်ခုသည် ယောင်းမငရွာ၏ မြောက်ဘက်တွင်ကျခဲ့ပြီး လေ ယာဉ်မှူးနှစ်ဦးမှာ လေယာဉ်ပေါ် မှလေထီးဖြင့် ခုန်ချခဲ့ကြောင်း မျက်မြင်တွေ့ခဲ့ကြသည့် ဒေသခံ ရွာသားများကပြောသည်။
ယောင်းမငရွာမှဒေသခံဦး ဝင်းနိုင်ထွန်းက ''ယောင်းမငရွာ ကိုကျမှာစိုးတဲ့အတွက် ရွာနား က ရင်းချောင်းကြီးရှိတဲ့အထဲကို ထိုးကျအောင်မောင်းတယ်။ ဒါ ပေမဲ့ အဲနေရာထိမရောက်ဘဲ ရွာအကျော်က လက်ပံတောကန် ဘေးနားကို ပျက်ကျသွားတာလို့ ပြောတာကြားတယ်''ဟုပြောသည်။

အဆိုပါရွာသား၏ ပြောဆို ချက်အရ လေတပ်မှ ယခုပျက်ကျ သည့်လေယာဉ်သည် တိုက်လေ ယာဉ်အမျိုးအစားဖြစ်ပြီး အ မောင်းသင်သည့်ပုံစံများဖြစ်ကာ မိုးတိမ်ကြားမှ အရှိန်ပြင်းပြင်းဖြင့် ထိုးကျသွားပြီး မီးလောင်ကျွမ်း သွားခြင်းဖြစ်ကြောင်း သိရသည်။
ယောင်းမငရွာမှဒေသခံတစ် ဦးက ''ရွာပေါ်ကျမှာစိုးလို့ အခုလို ရှောင်မောင်းတယ်ဆိုပြီး အခု ပျက်ကျတဲ့လေယာဉ်မှူးနှစ်ဦးက ပြောတယ်ဆိုပြီး ရွာထဲမှာလဲပြော နေတယ်။ အဲလေယာဉ်မှူးနှစ်ဦး က လေယာဉ်လဲပျက်ကျရော လေ ထီးနဲ့ခုန်ဆင်းသွားတယ်။ အခု သူတို့ကို နင်းကြမ်းအုပ်ချုပ်ရေးမှူး ကလာခေါ်သွားပြီ။ လေယာဉ်မှူး နှစ်ဦးဆီကပါတဲ့ဖုန်းတွေနဲ့ အ ဆက်အသွယ်လုပ်လို့ နောက်ထပ် လေယာဉ် တစ်စင်းလဲ ထပ်ရောက် လာတယ်။ သက်ဆိုင်ရာကလူတွေ လဲတွေ့တယ်'' ဟုပြောသည်။

နင်းကြမ်းကျေးရွာမှ အုပ် ချုပ်ရေးမှူးအား ရန်ကုန်တိုင်းမ် ဂျာနယ်မှဖြစ်စဉ်အား သိရှိရန် မေးမြန်းရာ အုပ်ချုပ်ရေးမှူးက နင်းကြမ်းရွာ၏ လေးဖာလုံအကွာ တွင်ပျက်ကျခြင်းဖြစ်ကြောင်း ပြောဆိုနေစဉ်ဘေးမှ ဟန့်တားသံ ကြားရပြီး ဆက်လက်ဖြေကြား ခြင်းမရှိတော့ဘဲ ဖုန်းအားချပစ် ခဲ့သည်။ ရန်ကုန်တိုင်းမ်ဂျာနယ် မှ ထပ်မံဆက်သွယ်ပြီး ဖုန်းဝင် သော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိတော့ပေ။

ယခုလေယာဉ် ပျက်ကျမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လေယာဉ် ပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်အရာ ရှိကြီးတစ်ဦးက''အခုဖြစ်စဉ်က လေယာဉ်က ဟိုက်ဒရောလစ် ဖေးလ်ဖြစ်ပြီး ဖလိုက်ကွန်ထရိုး လုပ်လို့မရတော့လို့ ပျက်ကျတယ် လို့ယူဆလို့ရပါတယ်။ လေယာဉ် အနိမ့်ပျံသန်းမှုလေ့ကျင့်ခန်းဖြစ် လို့ အမြင့်ပေ ၂ဝဝဝ အောက် မှာသာ ပျံသန်းနေတာပါ။ ဒီအ မြင့်ပေမှာ လေယာဉ်မောင်း သူ တွေ က ဘေးအန္တရာယ် ကင်းစွာနဲ့ ခုန်ချလွတ်မြောက်နိုင် ဖို့ဆို တာ အလွန်ခက်ခဲ ပါတယ်။ ဒါကို လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပြည့် ဝလို့သာ အခုလိုမျိုးအသက်ဘေး က လွတ်မြောက်ခဲ့ခြင်းလို့ဆိုနိုင် တယ်''ဟု သုံးသပ်ပြောကြားခဲ့ သည်။


Yangon Media Group

No comments:

Post a Comment