Tuesday, June 17, 2014

ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော် မေးစေ့တော်တွင် ပျားများ စွဲလျက်ရှိ


 
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် လမ်း ၃ဝနှင့် ၆၂ လမ်းထောင့် မက္ခရာ ကျောင်းတိုက် အတွင်းရှိ ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော်၏ မေးစေ့တော်၌ယမန်နေ့ ညနေ ၃ နာရီခွဲက စတင်၍ ပျားများလာရောက် စွဲကပ်လျက် ရှိကြောင်း သိရသည်။

''ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော် ကြီးရဲ့ မေးစေ့တော်ကို ယမန်နေ့က ပျားတွေ လာစွဲနေတာ တွေ့ရတယ်။ ပျားအုံက တဖြည်းဖြည်း များလာပြီး ည ၇ နာရီခန့်မှာ ပျားအုံကြီး အရွယ်က
အရှည် ၅ ပေခန့်၊ အကျယ် ၃ ပေခန့် အထိရှိပြီး ဒီနေ့အထိ စွဲကပ်နေတုန်း ဖြစ်ပါတယ်။ ဧပြီလဆန်းပိုင်း ကလည်း ဘုရားဘယ်ဘက် ရင်ဘတ်တော်မှာ ရောင်ခြည်တော် ၃ မိနစ်ခန့် ကွန့်မြူးတာကို ဖူးတွေ့ခဲ့ပါတယ်''ဟု ဘုရားဒါယကာ သံဝေဇနိယ လေးဌာ နပြန် ပြည်တော်အေး ဦးလှဝင်းက ပြောပြသည်။

ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရ စရိယ ဗုဒ္ဓရုပ်ပွားတော် ကြီးကို ၂ဝဝ၁ ခုနှစ်တွင် သံဝေဇနိယ လေးဌာနပြန် ပြည်တော်အေး ဦးလှဝင်း-ဒေါ်ပြုံးကြည် မိသားစု တို့က အများပြည်သူ ကြည်ညို ဖူးမြော်နိုင်ရန် ရည်သန် တည်ထားခဲ့ပြီး ဘုရား ပရဝဏ် အတွင်း အတုမရှိ ရင်ပြင်တော်၊ နတ်သားရုပ်တု၊ ဒုက္ကရ စရိယ မြတ်ဗုဒ္ဓ၊ ပရိနိဗ္ဗာန်စံ ရုပ်ပွားတော်နှင့် ပလ္လင်တော် တို့ကို ပူဇော် ထားရှိကြောင်း သိရသည်။


မြ၀တီ

No comments:

Post a Comment