Monday, June 30, 2014

ရဲသတင်းအထူးတပ်ဖွဲ့က ပုဂ္ဂလိကမီဒီယာကို ဆက်လက်ခေါ်ယူတွေ့ဆုံပါက လွှတ်တော်တွင်မေးခွန်းထုတ်သွားမည်

ရန်ကုန်၊ ဇွန် ၂၈- ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲသတင်းအထူးတပ်ဖွဲ့က ပုဂ္ဂလိကမီဒီယာ များအား တရားဝင် အကြောင်းကြားမှုမရှိ ဘဲ ယခုကဲ့သို့ ဆက်လက် ခေါ်ယူတွေ့ဆုံ နေမည်ဆိုပါက မီဒီယာလောကသားများ ၏ လက်မှတ်ရယူပြီး ယခုလုပ်ရပ်သည် အ ခြေခံဥပဒေအရ တရားဝင်မှုရှိလားဆိုသည့် မေးခွန်းအား လွှတ်တော်တွင် မေးခွန်းထုတ် သွားမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးကပြော သည်။

ယခုရက်ပိုင်းအတွင်း ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ရဲသတင်းအထူးတပ်ဖွဲ့က နိုင်ငံ တော်သမ္မတ ဖွဲ့စည်းပေးထားသည့် မြန်မာ နိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အား တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိဘဲ ပုဂ္ဂလိက သတင်းမီဒီယာတချို့အား ခေါ် ယူတွေ့ဆုံခြင်းသည် သက်ဆိုင်ရာ မီဒီယာ များ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်များကို ဥပက္ခာပြုသလိုဖြစ်နေကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဇွန် ၂၅ ရက် တွင် သဘောထားထုတ်ပြန်ခဲ့သည်။

စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ''ဒီလိုလုပ် တာက တရားမဝင်ဘူး။ ဆက်ပြီး လုပ်နေ ရင်တော့ လွှတ်တော်မှာ မေးခွန်းထုတ်ရ မယ်။ ဒါဟာ အခြေခံဥပဒေနဲ့ ညီရဲ့လား။ လွှတ်တော်ဆိုတာလဲ ပြည်သူတွေအတွက် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ကျွန်တော် တို့ကလဲ ပြည်သူတွေဖြစ်လို့ အခုလိုမျိုး ဆက် လုပ်နေမယ်ဆိုရင် မီဒီယာလောကသားတွေ အနေနဲ့ လက်မှတ်ထိုးပြီး လွှတ်တော်မှာ မေးခွန်းထုတ်မယ်''ဟု ပြောသည်။

အဆိုပါ စာနယ်ဇင်းကောင်စီ (ယာယီ)သည် သတင်းမီဒီယာလောကအ တွင်းရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်များ၊ နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရအဖွဲ့မှ အဆိုပြုထားသူများပါဝင်ကာ နိုင်ငံတော်သမ္မတမှ ဖွဲ့ပေးထားသည့် အဖွဲ့ အစည်းဖြစ်သည်။

ယခုကဲ့သို့ သတင်းတပ်ဖွဲ့သည် တရားဝင် အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း တစ်စုံတစ်ရာမပါဝင်ဘဲ သက်ဆိုင် ရာ၏ တရားဝင်ခွင့်ပြုချက် ကိုယ်ပိုင်ရပ်တည် ချက် လုပ်ထုံးလုပ်နည်းများဖြင့် ရပ်တည် နေသည့် မီဒီယာများအပေါ် ယခုလုပ်ရပ် သည် သင့်တော်သည့် လုပ်ရပ်မဟုတ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ကယူဆကြောင်း ထုတ်ပြန်ချက်တွင် ရေး သားထားသည်။ 

ယခုကဲ့သို့ ရဲသတင်းအထူးတပ် ဖွဲ့မှ လုပ်ဆောင်နေခြင်းသည် မီဒီယာတိုက် များအနေဖြင့် ငွေမည်း ခဝါချလိုခြင်းနှင့် နိုင်ငံရေးသြဇာ လွှမ်းမိုးခြင်းအတွက် လုပ် ဆောင်နေသလားဆိုသည့် အချက်အလက် များ အဆိုပါဌာနများတွင် မရှိသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ဦးဇော်သက်ထွေးက သုံးသပ်သည်။

ရဲသတင်းအထူးတပ်ဖွဲ့၏ အဆို အရ ယခုကဲ့သို့ ခေါ်ယူမေးမြန်းခြင်းသည် ငွေကြေးခဝါချမှု တားဆီးကာကွယ်ရန် ဆို သည့် အကြောင်းပြချက်ဖြင့် သတင်းမီဒီယာ တိုက်များ၏ အရှုံးအမြတ်၊ စောင်ရေ၊ ဝန် ထမ်းအင်အားနှင့် လစာကိစ္စများအား မေး မြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းဂျာနယ်မှ မြန် မာပိုင်းတာဝန်ခံ ဦးရဲသီက ''ကျွန်တော်တို့ ကို တွေ့တဲ့အချိန်မှာတော့ စာနယ်ဇင်းလော က သဘောသဘာဝကို စူးစမ်းချင်လို့ပါ။ နောက်ပြီး ဂျာနယ်တွေ၊ သတင်းစာတွေ ရှုံး တယ်လို့ပြောပြီး ဘာလို့ ဆက်ထုတ်နေလဲ လို့လဲ မေးတယ်''ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် မတော် လောဘနှင့် စီးပွားရှာနေသည့် လူအများစု ရှိသည့်ကြားမှ အဆိုပါလူများအား ခေါ်ယူ တွေ့ဆုံမှုများမပြုလုပ်ဘဲ ဖွံ့ဖြိုးစ မီဒီယာ အား ယခုလိုပြုလုပ်ခြင်းသည် ကောင်းမွန် ခြင်းမရှိကြောင်း ယင်းကဆိုသည်။


Yangon Media Group

No comments:

Post a Comment