Tuesday, June 17, 2014

မကွေးတိုင်း ဒီချုပ် အတွင်းရေးမှူးကို ဒေသအာဏာပိုင်များ တရားစွဲ

မကွေးမြို့တွင် ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလူထု ဟောပြောပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူးကို ဒေသအာဏာပိုင်များက တရား စွဲဆိုလိုက်ကြောင်း သတင်းရရှိ သည်။

အစိုးရဘက်မှ ခွင့်ပြုချက် မပေးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဟောပြောပွဲ ကျင်းပခဲ့သည်ဆို သည့် စွပ်စွဲချက်ဖြင့် မကွေး NLD ၏ တိုင်းအတွင်းရေးမှူးကို အ ရေးယူ ခဲ့ခြင်းဖြစ်ကြောင်း ဟော ပြောပွဲအပြီးတစ်ပတ်ခန့်အကြာ ဇွန်လ ၁၆ ရက်တွင် ဒေသဆိုင်ရာ အစိုးရ အရာရှိများက အကြောင်း ကြားခဲ့ကြောင်း မကွေးတိုင်းဒီချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်ကပြော သည်။

‘‘မနက်ဖြန် (ဇွန်လ ၁၇) ရက်မှ တရားရုံးလာဖို့ ကျွန်တော့် ကိုအကြောင်းကြားထားတယ်’’ ဟု ဦးနေမျိုးကျော်ကပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟော ပြောပွဲကို NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်း)က ပူးပေါင်းပြီး မကွေး မြို့ ကန်သာရပ်အေးစေတီကွင်း တွင် ဇွန်လ ၉ ရက်က ကျင်းပခဲ့ ခြင်းဖြစ်သည်။

အဆိုပါဟောပြောပွဲကျင်းပ ခွင့်ရရန် လုပ်ထုံးလုပ်နည်းအ တိုင်း အစိုးရထံ အဆင့်ဆင့် အ ကြောင်းကြား ခဲ့သော်လည်း ခွင့်ပြု ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း၊ တရားဝင်ဥပဒေကြောင်းအရ ခွင့် ပြုချက်တောင်း ခံခြင်းကို ပယ်ချ ပြီးဟောပြောပွဲမှ အရေးယူခြင်း သည် တရားနည်းလမ်း မကျ ကြောင်း ဦးနေမျိုးကျော်ကပြော ကြားသည်။

‘‘ကျွန်တော့်ပါတီ (NLD) ကိုလည်း အကြောင်းကြားထား တယ်။ တရားဥပဒေကြောင်းအရ ရင်ဆိုင်မှာပါ’’ဟု ဦးနေမျိုးကျော် ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးအတွက် လူထုဟောပြော ပွဲများ ကျင်းပခွင့်ကို မကွေးနှင့် မွန်ပြည်နယ် အစိုးရများက ပိတ်ပင်တားဆီးမှုအများဆုံးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင်ဝေဖန် သည်။

7 Day Daily

No comments:

Post a Comment