Monday, June 2, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေး ညှိနှိုင်းရန် နှစ်နိုင်ငံ အလံတင်အစည်းအဝေး မကြာမီရက်ပိုင်းတွင်း ပြုလုပ်မည်

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေး ညှိနှိုင်းရန် နှစ်နိုင်ငံ အလံတင်အစည်းအဝေး မကြာမီရက်ပိုင်းတွင်း ပြုလုပ်မည် 
Monday, June 2, 2014

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မလိုလားအပ်သည့် နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အလံတင်အစည်းအဝေးကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန် ၁ ရက် ညပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မေ ၂၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့အကြား မှားယွင်းပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကျဆုံးခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းအား မေ ၃၁ ရက်က မြန်မာလုံခြုံရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ဖြစ်စဉ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ၀င်ရောက်လှုပ်ရှားလျက်ရှိသည့် သတင်းနှင့်ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် မြန်မာလုံခြုံရေး တပ်ဖွဲ့များနှင့် လက်နက်ကိုင်ဆောင်ပြီး မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာသူနှစ်ဦးတို့ ထိတွေ့မှု ဖြစ်ပွားခဲ့ရာ မြန်မာနယ်နိမိတ် အတွင်းသို့ ၀င်လာသူနှစ်ဦးအနက် အ၀ါရောင် ပြောက်ကျားယူနီဖောင်းဝတ် အလောင်းတစ်လောင်းနှင့် ၎င်းကိုင်ဆောင်ထားသော လက်နက်တစ်လက်၊ ခဲယမ်းအချို့တို့အား မြန်မာလုံခြုံရေး တပ်ဖွဲ့က ရရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်စစ်သံရုံး (ရန်ကုန်)မှ မေ ၂၉ ရက်တွင် ၎င်းတို့ နယ်ခြားစောင့်တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းထားရှိပါက ပြန်လည်လွှဲပြောင်း ပေးစေလိုကြောင်း၊ သေဆုံးပါကလည်း အလောင်းအား ပြန်လည်ပေးအပ်စေလိုကြောင်း မြန်မာဘက်သို့ ညှိနှိုင်းအကြောင်းကြားလာခဲ့ရာ မြန်မာဘက်မှလည်း အ၀ါရောင် ပြောက်ကျားယူနီဖောင်းဝတ် အလောင်းတစ်လောင်းအား နယ်စပ်မှတ်တိုင်(၅၂)အနီး မြန်မာနိုင်ငံ၏ နယ်မြေအတွင်း၌ တွေ့ရှိထားကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်၏ အလောင်းမှန်ကန်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်စပ်မှတ်တိုင် (၅၂) အနီးတွင် ပြန်လည်လွှဲပြောင်းပေးအပ်မည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၃၁ ရက် ညနေပိုင်းတွင် အမှတ် (၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးကာရပ်ဖ် ဦးစီးအဖွဲ့သည် နယ်စပ်မှတ်တိုင်(၅၂)အနီးတွင် သေဆုံးသူအလောင်းအား စိစစ်ခဲ့ရာ ၎င်းတို့၏ တပ်ဖွဲ့ဝင်တပ်ကြပ် မာဇာမ်ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံးသွားခဲ့သူ ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ဒေသတွင် လိုက်နာလုပ်ဆောင်ရမည့် အချက်များအား ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ၀င်ရောက်သွားစဉ် လုံခြုံရေးအဖွဲ့များနှင့် ထိတွေ့ပြီး ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့အား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် RSO သောင်းကျန်းသူအဖွဲ့ အခြေမချနိုင်ရေးနှင့် မလိုလားအပ်သော နယ်စပ်ပြဿ နာများ မပေါ်ပေါက်စေရေးတို့အတွက် လိုအပ်သည်များကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည့် နှစ်နိုင်ငံ အလံတင်အစည်းအဝေးတွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven 
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မလိုလားအပ်သည့် နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အလံတင်အစည်းအဝေးကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန် ၁ ရက် ညပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မေ ၂၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့အကြား မှားယွင်းပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကျဆုံးခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းအား မေ ၃၁ ရက်က မြန်မာလုံခြုံရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ဖြစ်စဉ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ၀င်ရောက် လှုပ်ရှားလျက် ရှိသည့် သတင်းနှင့်ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေ သည့် မြန်မာလုံခြုံရေး တပ်ဖွဲ့များနှင့် လက်နက်ကိုင်ဆောင်ပြီး မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာသူနှစ်ဦးတို့ ထိတွေ့မှု ဖြစ်ပွားခဲ့ရာ မြန်မာနယ်နိမိတ် အတွင်းသို့ ၀င်လာသူနှစ်ဦးအနက် အ၀ါရောင် ပြောက်ကျား ယူနီဖောင်းဝတ် အလောင်းတစ်လောင်းနှင့် ၎င်းကိုင်ဆောင်ထားသော လက်နက်တစ်လက်၊ ခဲယမ်းအချို့တို့အား မြန်မာလုံခြုံရေး တပ်ဖွဲ့က ရရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်စစ်သံရုံး (ရန်ကုန်)မှ မေ ၂၉ ရက်တွင် ၎င်းတို့ နယ်ခြားစောင့်တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းထားရှိပါက ပြန်လည်လွှဲပြောင်း ပေးစေလိုကြောင်း၊ သေဆုံးပါကလည်း အလောင်းအား ပြန် လည်ပေးအပ်စေလိုကြောင်း မြန်မာဘက်သို့ ညှိနှိုင်းအကြောင်းကြား လာခဲ့ရာ မြန်မာ ဘက်မှလည်း အ၀ါရောင် ပြောက်ကျားယူနီဖောင်းဝတ် အလောင်းတစ်လောင်းအား နယ်စပ်မှတ်တိုင် (၅၂)အနီး မြန်မာနိုင်ငံ၏ နယ်မြေအတွင်း၌ တွေ့ရှိထားကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်၏ အလောင်းမှန်ကန်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်စပ်မှတ်တိုင် (၅၂) အနီးတွင် ပြန်လည်လွှဲပြောင်းပေး အပ်မည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မေ ၃၁ ရက် ညနေပိုင်းတွင် အမှတ် (၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးကာရပ်ဖ် ဦးစီးအဖွဲ့သည် နယ်စပ်မှတ်တိုင်(၅၂)အနီးတွင် သေဆုံးသူအလောင်းအား စိစစ်ခဲ့ရာ ၎င်းတို့၏ တပ်ဖွဲ့ဝင်တပ်ကြပ် မာဇာမ်ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံးသွားခဲ့သူ ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ဒေသတွင် လိုက်နာလုပ်ဆောင်ရမည့် အချက်များအား ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ၀င်ရောက်သွားစဉ် လုံခြုံရေးအဖွဲ့များနှင့် ထိတွေ့ပြီး ယခုကဲ့သို့ ဖြစ်ပွား ရခြင်းဖြစ်ကြောင်း စသည် တို့ကို ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့အား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် RSO သောင်းကျန်းသူအဖွဲ့ အခြေမချနိုင်ရေးနှင့် မလိုလားအပ်သော နယ်စပ်ပြဿ နာများ မပေါ်ပေါက်စေရေးတို့အတွက် လိုအပ်သည်များကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည့် နှစ်နိုင်ငံ အလံတင်အစည်းအဝေးတွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment