Monday, June 30, 2014

သံဃာတော်များအား ရုံးထုတ်စစ်ဆေးပြီးပါက မဟာသန္တိသုခကျောင်းဂေါပကအဖွဲ့၏လုပ်ရပ်များကိုဖွင့်ချမည်ဟု ဂေါပကအဖွဲ့ဝင်ဟောင်းတစ်ဦးပြောကြား

ရန်ကုန်၊ ဇွန် ၂၈- မဟာသန္တိသုခကျောင်းတိုက်မှ သံဃာ တော်များအား ရုံးထုတ်စစ်ဆေးပြီးပါက မဟာသန္တိသုခ ကျောင်းဂေါပကအဖွဲ့၏လုပ်ရပ်များကို ဖွင့်ချမည်ဟု ဂေါပကအဖွဲ့ဝင်ဟောင်းတစ်ဦးက ဆရာတော်ဦးဥတ္တရ နှင့်သံဃာများ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးသည့် ဇွန် ၂၇ ရက်က ပြောကြားသည်။
မဟာသန္တိသုခကျောင်းတိုက်ကြီးတွင် စီမံ ခန့်ခွဲခဲ့သည့် ဂေါပကအဖွဲ့များသည် ကိုယ်ကျိုးရှာခြင်း၊ မဖွယ်မရာကိစ္စများ ပြုလုပ်ခြင်းများရှိခဲ့ပြီး ပီနန်ဆရာ တော်ကြီး၏ အနီးနေသံဃာနှင့် စာသင်သားအာဂန္တု သံဃာတော်များမှာ ဂေါပကအဖွဲ့နေစေသည့် အထပ် တွင်သာ နေထိုင်ရကြောင်း၊ လက်ရှိသံဃာတော်များ အမှုရင်ဆိုင်ပြီးပါက ဂေါပကအဖွဲ့၏လုပ်ရပ်များကို ဖွင့် ချသွားမည်ဟု အဆိုပါ ဂေါပက အဖွဲ့ဝင်ဟောင်းတစ်ဦး ကပြောသည်။
''ဒီသံဃာတော်တွေ အခုလိုဖြစ်တယ်ကြား တော့ အကာအကွယ်မဲ့သွားသလို ခံစားရတယ်။ အရင် က ဘဏ္ဍာတော်ရှာဖွေရေးအဖွဲ့က ဗိုလ်ချုပ်တွေအသိ ဆုံးပါ။ လတ်တလောမှာ ဆရာတော်တွေ အမှုမပြီးပြတ် သေးတော့ အရင်ကကိစ္စတွေ မပြောသေးဘူး။ ပြီးသွား မှအားလုံးဖွင့်ချမယ်''ဟု ယင်းကပြောသည်။
၂ဝဝ၂ ခုနှစ်တွင် ယခင်အစိုးရမှ သန္တိသုခ ကျောင်းတိုက်တွင် သြဝါဒခံယူပွဲပြုလုပ်ခဲ့ပြီး မဟာသန္တိ သုခကျောင်းတိုက်ကြီးမှ ပီနန်ဆရာတော်ကြီး ထွက်ခွာ ၍ ပြည်ပသာသနာပြုသွားရောက်ခဲ့ရာတွင် သာသနာ ရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသည့် ဂေါပကအဖွဲ့မှ ကျောင်းတိုက်အား စီမံခန့်ခွဲခဲ့သည်။ ဂေါပကအဖွဲ့မှ မင်္ဂလာဆောင်ခန်းမများငှားရမ်းခြင်း၊ ဗီဒီယိုရှုတင်ခန်း များ ငှားရမ်းခြင်းများပြုလုပ်ခဲ့ကြပြီး ကျောင်းတိုက်အ တွင်း ကျယ်လောင်စွာအော်ဟစ် သီချင်းဆိုခြင်းများ ရှိခဲ့ကြောင်းကို မဟာသန္တိသုခကျောင်းတိုက်အနီး နေ ထိုင်သူများထံမှ သိရသည်။
''ကျောင်းတိုက်မှာ ဗီဒီယိုရိုက်တဲ့လူတွေတော့ တစ်ခါတလေ တွေ့နေရတာပဲ။ သီချင်းသံကတော့ ရံဖန် ရံခါမှ ကြားတာပါ။ ညဘက်တွေလောက်ပဲ ကြားတယ်။ ကျွန်တော်တို့က ပီနန်ဆရာတော်ကြီးလာမှသာ သွား ဖူးတာပဲရှိတာပါ''ဟု ကျောင်းတိုက်အနီး နေထိုင်သူတစ် ဦးက ပြောသည်။
မဟာသန္တိသုခကျောင်းတိုက်မှ ပီနန်ဆရာ တော်ကြီးထံ လာရောက်သီတင်းသုံး နေထိုင်ကြသည့် သံဃာတော်များမှာ သံဃမဟာနာယကမှ ကျောင်းစောင့် ထားရှိသည့် သံဃာတော်အား ခြိမ်းခြောက်ခြင်း၊ ရိုက် နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သာသနာရေးဝန်ကြီး ဌာနမှ မဟာသန္တိသုခကျောင်းတိုက်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဂေါပကများ ၏ပြုမူဆောင်ရွက်မှုများအတွက် မေးမြန်းရာတွင် သာ သနာရေးဝန်ကြီးဌာနမှ ဖြေကြားခြင်း မရှိခဲ့ပေ။
မဟာသန္တိသုခကျောင်းတိုက်ကြီးအတွက် မြန်မာ့သစ်လုပ်ငန်းမှ ပါကေးပြားများထုတ်ပေးခြင်း၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်စသည့် ထုတ်ပေးပစ္စည်း များကိုလည်း အလွဲသုံးခြင်းများရှိခဲ့သည်ဟုသိရပြီး ငွေ စာရင်းရှင်းတမ်းများနှင့်ပတ်သက်၍ တရားဝင် လူသိ ရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း အဆို ပါ ဂေါပကအဖွဲ့ဝင်ဟောင်းထံမှ သိရသည်။
မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော် များအား ၂ဝ၁၄ ခုနှစ် ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့် တွင် အကြမ်းဖက်ဖယ်ရှားခဲ့ခြင်းဖြစ်ကာ ပြည်သူလူထု မှလည်း ဒုတိယအကြိမ် သံဃာငါးပါးရုံးထုတ်စစ်ဆေး သည့် ဇွန် ၂၇ ရက်ကလည်း စိတ်ဝင်တစား စောင့် ကြည့်မှုများ ရှိခဲ့ကြသည်။

သံဃာတော်များအား ဇူလိုင် ၄ ရက်တွင် ထပ်မံ ရုံးထုတ်စစ်ဆေးမည်ဟုသိရပြီး အမှုမှာ မည်မျှ ကြာမြင့်မည်ကို မခန့်မှန်းနိုင်ကြောင်း လက်ရှိအမှုပြီးမှ သာ ကျန်ကိစ္စများအပေါ် ဆရာတော်များ၏သဘောဆန္ဒ အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံဃာတော်များ၏ ရှေ့နေအဖြစ် လိုက်လံဆောင်ရွက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းထံမှ သိရသည်။





Yangon Media group

No comments:

Post a Comment