Tuesday, June 3, 2014

၁-၆-၂၀၁၄ မှ ၇ -၆-၂၀၁၄ အထိ ၇ရက် သား ၊ သမီးဟောစာတမ်း


အတွေးတွေ များနေမည်။ ဆုံးဖြတ်ချက်တွေ အခါခါ ချမိမည်။ အခက်အခဲ တစ်ခု ၊ အတိုက်အခံ တစ်ခု ရင်ဆိုင်ကျော်လွှားရလိမ့်မည်။ သို့သော် သင်ကား ရှုံးနိမ့် သူ မဟုတ်ပါ။ အောင်နိုင်သူ မုချဖြစ်လိမ့်မည်။ ဆုငွေ (သို့) မရည်ရွယ်သော နေရာမှ ရသော ငွေဝငလာမည်။ အချစ်နှင့် မိသားစု တိုက်ပွဲ တစ်ခု ဆင်နွှဲရသလို ကြုံလိမ့်မည်။ သင်စာမေးပွဲအောင်မည်။ ရုတ်တရက် ခရီးတစ်ခု ထွက်ရမည်။  
အကျိုးပေးဂဏန်း - ၁၊ ၀၊ ၂။
အထူးဟော - ရဲရင့်ခြင်းဟာ လဘ်ကြီးတစ်ခု ဖြစ်ပါတယ်။
ယတြာ - အရှေ့ရပ်ရှိ ဗုဒ္ဓဘုရားကို အောင်သပြေ ၉ ညွန့်ကပ်လိုက်ပါ။
တနင်္လာ
ဘယ်သူတွေ ဘာပဲပြောပြော ၊ ဘာပဲလုပ်လုပ် ကိုယ့်ဘက်က အမြဲတမ်း ဟုတ်နေအောင်ကြိုးစားပါ။ သင်ကံကောင်းပါတယ်။ သူတော်ကောင်း နတ်ကောင်းဆောင်မခြင်း ဖြစ်လိမ့်မည်။ သင်၏ ကောင်းသတင်းတွေ ကြားရပါလိမ့်မည်။ စာမေးပွဲ ဖြေဆိုမှု့ များမုချအောင်မြင်ပါလိမ့်မည်။ ချစ်သူ၏ တောင်းပန်မှု ချဉ်းကပ်မှုတွေ ဖြစ်လာမည်။ ခင်မင်သူက သင့်အား ချစ်ရေးဆိုခြင်း ပြုလိမ့်မည်။ သံယောဇဉ်မများလျှင် ကောင်းပါမည်။ လက်ဆောင်လေးတွေ ရလိမ့်မည်။ ခရီးဝေး ၊ ပြည်ပခရီးများ ရောက်ဖြစ်မည်။  
အကျိုးပေးဂဏန်း - ၂၊ ၃၊ ၄။
အထူးဟော - သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံ ပြန်လာပါလိမ့်မည်။
ယတြာ - အိမ်ဘုရားကို ကံ့ကော်ညွန့် (၁၅) ညွန့် ကပ်ပါ။  
အင်္ဂါ
စိတ်တွေ ရှုပ်နေရတတ်ပါသည်။ မိသားစုထဲမှ ၁ယောက် အတွက် စိတ်ရှုပ်ရခြင်း နှင့် အလုပ်ကိစ္စ အတွက် စိတ်ရှုပ်ရခြင်း များကြုံမည်။၎င်း အပြင်သင့်ချစ်သူ များအတွက် စိတ်ထပ်ရှုပ် ရလိမ့်မည်။ ဆုံးဖြတ်ချက် ၊ ပိုင်းဖြတ်ချက် မပြုနိုင်ဖြစ်မည်။ မသေချာ ၊ မရေရာ မှု့ တွေ ကြားက ဝေဖန်ခွဲခြားမှု့ တွေ ဆက် နေမည်။ ငွေဝင်မည်။ ရွှေ ၊ စက်ဝင်မည်။ ကား ၊ ဆိုင်ကယ်ဂရုစိုက်မောင်းပါ။ ရုတ်တရက် ခိုက်မိတတ်တယ်။ အစာအိမ်ရောဂါ အနည်းငယ်ပေါ်မည်။ မြေကိစ္စ ၊ အမွေကိစ္စ စကားပြောရတတ်သည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ 
အကျိုးပေးဂဏန်း - ၃ ၊ ၅ ၊ ၎
အထူးဟော - အောင်မြင်မှု့ ရလိမ့်မည်။
ယတြာ - အင်္ဂါနေ့တွင် အိမ်ဘုရားကို အုန်း ဆွမ်း နှင့် ဘယာကြော် ၁ ခု ကပ်လှူပါ။
ဗုဒ္ဓဟူး
ရည်ရွယ်ချက် တွေ တစ်ခုပြီး တစ်ခု အောင်မြင်မည်။ အချစ်ရေး ၊ ပညာရေး ၊ စီးပွားရေး ၊ အလုပ်အကိုင် တွေ မုချ အောင်မြင်မည်။ ကျန်းမာရေး အစာအိမ်နာ တတ်၍ ဂရုစိုက်ပါ။ သို့သော် အန္တရာယ် မရှိပါ။ ချစ်သူထံမှ လက်ဆောင်တစ်ခုရလိမ့်မည်။ ခရီးဝေးပြည်ပ ၊ ခရီးတွေရောက်မည်။ အိမ်ပြောင်းခြင်း ၊ နေရာပြောင်းခြင်း တွေဖြစ်မည်။ အလုပ်ရာထူးတက်မည်။ အောင်ဘာလေ ထီပေါက်ကိန်း ရှိသည်။ ထီထိုးပါ။ ဆွေမျိုးသားချင်းများ ဂုဏ်ယူစရာ လုပ်ရပ်တစ်ခု သင်လုပ်ပြနိုင်လိမ့်မည်။  
အကျိုးပေးဂဏန်း - ၉၊ ၈၊ ၆။
အထူးဟော - ကံကောင်းသည်။အောင်မြင်မှုရမည်။
ယတြာ - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီး ဘုရား ၏ လက်မောင်းတော်များကို ရွှေသင်္ကန်းကပ်လှူပါ။
ကြာသပတေး
အကောင်းနှင့် အဆိုး ၊ အပူ နှင့် အအေး ဒွန်တွဲနေသလို စိတ်ချမ်းသာ လိုက် ၊ စိတ်ဆင်းရဲလိုက် နှင့် ဖြစ်နေရတတ်ပါသည်။ တစ်မျိုးတစ်ဖုံ စီဖြစ်နေတတ်​၍ ဂရုစိုက်ပါ။ သူများ စကား တစ်ဆင့်စကား ကို အရမ်းမယုံနှင့် စိတ်လိုက်မာန်ပါ မပြုမှု့ နှင့် လေပြေလေညှင်းလေးနှင့် သာယာစမြဲပါ။ သည်းခံခြင်း ဟာအောင်မြင်ရာ၏ ဆိုသလို ဂရုစိုက် ဆင်ခြင်ပါ။ ဝမ်းသာစရာ ကတော့ အချစ်ရေးကိုယ့်ဘက်ပါလာမည်။ မမျှော်လင့်သော နေရာမှ ငွေကြေးဝင်လာမည်။ ၎င်းအပြင် အလုပ်ရပါမည် ။ နေရာ ထိုင်ခင်း ပြောင်းရတတ်သည်။
အကျိုးပေးဂဏန်း - ၅ ၊ ၆ ၊ ၇
အထူးဟော - လူယုံမထားရ။
ယတြာ - ကြာသပတေးနေ့မှာ ပိုက်ဆံ ၁၀၀ ကျပ်ကြဲပါ။
သောကြာ
မုန်တိုင်းငြိမ်တော့ လေပြေလေညှင်း တိုက်ခတ်ပြီး သာယာလာသလို သင့်ရဲ့ ကံလည်း မုန်တိုင်း ဆန်ဆန် ကြုံခဲ့ခြင်း ဖြစ်၍ လေပြေညှင်း ဝင်လာသလို စိတ်ချမ်းသာ မှု့များ ယခု ကြုံလာပါလိမ့်မည်။အကြီးအကဲ တို့၏ မြှောက်စား မှု့ ခံရပါမည်။ အလုပ်အကိုင် အဆင်ပြေပါမည်။ ငွေဝင်ကောင်းလာပါမည်။ ခရီးယာယီ တွေ သွားရပါမည်။ စီးပွားရေး အဆင်ပြေလာပါမည်။ ချစ်သူ အသစ် တွေ့ပါ မည်။ နေရာသစ်တစ်ခု ပြောင်းရပါမည်။ စာမေးပွဲအောင်မြင်ပါမည်။ ရွှေ ၊ စက် တို့ ဝင်လာပါမည်။  
အကျိုးပေးဂဏန်း - ၆၊ ၇၊ ၈။
အထူးဟော - ကံကောင်းမည်။
ယတြာ - သောကြာနေ့တွင် သစ်သီး (၉) မျိုး (သို့) သစ်သီး (၃) မျိုး အိမ်ဘုရား ကပ်လှူပါ။
စနေ
စိတ်လေနေမည်။ တစ်ခုပြီး တစ်ခု သင့်ထံ ကံကောင်းခြင်း တွေ ဝင်လာမည်။ အကူအညီ ပေးသူ တွေ ပေါ် လာမည်။ အလုပ်အကိုင်တွေ ဝင်လာမည်။ မုချအဆင်ပြေမည်။ ခရီးဝေးယာယီ တွေ သွားရမည်။ စက် ၊ ရွှေ ၊ မြေတို့ ဝင်မည်။ ကိုယ့်အရေး ၊ မိသားစု အရေး များ အဆင်ပြေမည်။ ထီပေါက်ကိန်း ရှိ၍ ထီထိုးပါ။ ကိုယ်ပိုင်စပ်တူ ရှယ်ယာ လုပ်ငန်းများအောင်မြင်လိမ့်မည်။ လူမျိုးကွဲ နှင့် ရှယ်ယာ လုပ်ခြင်း ပြည်ပနှင့် ဆက်နွယ်သော လုပ်ငန်းများ အထူးအကျိုးပေးပါမည်။ အချစ်ရေး မှာ လက်ထပ်ဖြစ်မည်။ မိဘတို့က ခွင့်ပြုလိုက်လိမ့်မည်။
အကျိုးပေးဂဏန်း - ၇၊ ၉၊ ၂။
အထူးဟော - အောင်မြင်ပါမည်။
ယတြာ - အိမ်ဘုရားကို စနေနေ့တွင် ရွက်လှ (၁၇) ညွန့် ကပ်လှူပါ။

ရွှေမြန်မာ

No comments:

Post a Comment