Tuesday, June 17, 2014

ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်နဲ့ကျင်စက်တွေ ပေးကိုင်မယ်

ရန်ကုန်က ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်၊ ကျင်စက်တွေ ပေးကိုင်မယ်လို့ ဒုရဲမှူးကြီး လင်းထွဋ်က ပြောဆိုကြောင်း ကြေးမုံသတင်းစာမှာ တနင်္လာနေ့က ရေးပါတယ်။

လောလောဆယ်တော့ ကျင်စင် ၁၈ လုံး၊ တုတ်အချောင်း ၂ဝဝ ထုတ်ပေးထားတယ်လို့ သတင်းမှာ ရေး ထားပါတယ်။


မြန်မာပြည်ကယာဉ်ထိန်းရဲတွေမှာ ဘာလက်နက်မှ တပ်ဆင်မထားခဲ့တာ ကြာပါပြီ။  
တာဝန်ချိန်မှာ  
တခါတရံ သူတို့ အတိုက်ခိုက်ခံရတတ်ပါတယ်။ ပါးရိုက်ပြီး စော်ကားသွားသူလည်း ရှိပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့်လည်းကျင်စက်၊ ရော်ဘာတုတ်တွေ ပေးကိုင်တဲ့အနေအထား ရောက်လာခြင်း ဖြစ်ပါလိမ့်မယ်။
ဇွန် ၁၉ ရက်စွဲတပ် ဈေးကွက်ဂျာနယ်မှာတော့ ယာဉ်ထိန်းရဲအင်အားလည်း တိုးချဲ့မယ်လို့ ရေး ထားတာ တွေ့ ရမှာပါ။

... ဇူလိုင်လမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ဦးရေ ၁ဝဝ ကျော် ရရှိလာပါက အဓိက လိုအပ်သည့် မီးပွိုင့်များကို အင်အား ဖြည့်တင်းပေးသွားမည် ဆိုပြီး ဒုရဲမှူးကြီးလင်းထွဋ်ကို ကိုးကား ရေးသား ထားပါတယ်။

အဲဒီအရေအတွက်အတိုင်း တိုးချဲ့နိုင်ရင်တော့ ရန်ကုန် 
လမ်းပိတ်ဆို့မှုတွေ၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ဖောက်ဖျက်မှုတွေရဲ့ အနေအထား အနည်းငယ် ပြောင်းလဲလာဖွယ်ရှိပါတယ်။

အများပြည်သူအတွက် တပ်ဖွဲ့ဝင်ဦးရေ တိုးချဲ့တာ ကြိုဆိုရပါမယ်။
တာဝန်ချိန်မှာ လိုအပ်ရင် သုံးဖို့ ကျင်စက်၊ နံပတ်တုတ်တွေ ထုတ်ပေးတာလည်း ကောင်းပါတယ်။

တပ်ဖွဲ့ဝင်တိုင်းကို ဒီလို တပ်ဆင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
ဒါမှ ရန်ပြုလာမယ့်သူတွေကို အနည်းနဲ့အများ ဟန့်တားနိုင်ပါမယ်။


ဧရာဝတီ

No comments:

Post a Comment