အမေရိကန်တပ်တွေ အီရတ်ကနေ ဆုတ်ခွါသွားပြီးတဲ့နောက်မှာ အစ္စလာမ်မစ်သူပုန်တွေ
အားကောင်းလာခဲ့ပြီး အီရတ်မြို့ကြီးတွေကိုပါ သိမ်းပိုက်ထားခဲ့တာမို့
အမေရိကန် လေကြောင်းက စစ်ကူဗုံးကြဲပေးပါလို့ အကူအညီတောင်းတာကို ထည့်သွင်းစဉ်းစားမယ်လို့ သမ္မတအိုဘားမားက အတည်ပြုလိုက်ပါတယ်။
အစ္စလာမ်မစ် သူပုန်တွေကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ဖို့၊ အီရတ်စစ်တပ်ကို လက်နက်ခဲယမ်း နည်းပညာတွေ ထောက်ပံ့ပေးဖို့ စတဲ့ နည်းဗျူဟာတွေအပါအ၀င် ဗုံးကြဲဖို့ ကိစ္စကိုလည်း အမေရိကန် စစ်တပ်က စဉ်းစားနေပါတယ်။
အီရတ်ပြည်တွင်းစစ် ထဲကို အမေရိကန်တပ်တွေ ဝင်ပါတာ မကောင်းဘူးလို့ ပြောကြတဲ့ လွှတ်တော်အမတ်တွေလည်း ရှိသလို တပ်မတော်ခေါင်းဆောင် တွေကလည်း အစွန်းရောက်တွေကို တိုက်ခိုက်တာဟာ အမေရိကန်ရဲ့ အကျိုးစီးပွါးပါလို့ ပြောနေကြပါတယ်။
ဆွန်နီစစ်သွေးကြွတွေဟာ ရှီးယိုက်ဘာသာအနွယ် ဦးဆောင်တဲ့ ၀န်ကြီးချုပ် နူရီအယ်မာကီလီ အစိုးရကို တိုက်ခိုက်ပြီး အစ္စလာမ်မစ်နိုင်ငံ ထူထောင်လိုကြတာ ဖြစ်ပါတယ်။
စစ်ရေးအရ အရေးပါတဲ့ မြို့ကြီးတွေကို ပြန်လည်ရရှိဖို့ အီရတ်စစ်တပ်က အသည်းအသန် ပြန်လည် တိုက်ခိုက်နေပြီး ယခုဆိုရင် သူပုန်တွေက မြို့တော်ဘဂ္ဂဒက်နား ကီလိုမီတာ ၁၀၀ ကျော်လောက်အထိကို ရောက်နေပါပြီ။
The Voice Weekly
No comments:
Post a Comment