Thursday, June 5, 2014

ပြည်ထောင်စု ညီလာခံဖြစ်ရေး ပြည်ခိုင်ဖြိုးနှင့် ဆွေးနွေးမည်

လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားနှင့် နိုင်ငံရေးအင်အားစု အားလုံး ပါဝင်သည့် ပြည်ထောင်စုညီလာခံ ဖြစ်မြောက်ရေးကြိုးပမ်းနေသည့် ကော်မတီက လာမည့် သုံးလအတွင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးနိုင် ရန် ပြင်ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးတိုးကျော်လှိုင်က ဇွန် ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ပြည်ခိုင်ဖြိုးနဲ့တွေ့မယ်၊ ဒေါ်အောင်ဆန်းစုကြည် အဲဒါအပြင် အင်န်အယ်လ်ဒီ၊ ယူအမ်အေနဲ့ယူအမ်အက်စီ နဲ့ တွေ့မယ်။
အတိုက်အခံအတွင်းမှာရှိနေတဲ့သူတွေ အစိုးရအဖွဲ့အတွင်းက သူတွေကိုပါ တွေ့သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးနှင့် အကြိုတွေ့ဆုံမှုများမှတစ်ဆင့် ဆောင်ရွက်ရန်စီစဉ်နေပြီး ယင်းသည် ပထမဆုံးတွေ့ဆုံမှု ဖြစ် လာမည်ဖြစ်သည်။ ယင်းသို့ ပြည်ထောင်စုညီလာခံတစ်ခု ကျင်းပနိုင်ရန် ၂၀၁၃ သြဂုတ်လ ၈ ရက်၌ ပြုလုပ်ခဲ့သည့် အင်အားစုအားလုံးပါဝင်သော ၈၈၈၈ ငွေရတုညီလာခံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ညီလာခံက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးတို့ ဆောင်ရွက်ရန် အမျိုးသားအင်အားစုအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန် လိုအပ်သည်ဟု ဆုံးဖြတ်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment