Friday, June 20, 2014

ရင်သားကြီးလွန်းလို့ ခွဲစိတ်ဖို့ တောင်းဆိုတဲ့ ဗြိတိန်က အမျိုးသမီး

ရင်သားကြီးလွန်းလို့ ခွဲစိတ်ဖို့ တောင်းဆိုတဲ့ ဗြိတိန်က အမျိုးသမီးKim Mills လို့ အမည်ရတဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါ တယ်။ သူမရဲ့ ရင်သားဟာအရွယ်အစားအားဖြင့် KK -Size ရှိပါတယ်။ ဒါကြောင့်မို့ သူမဟာ Size D လောက်ထိ ကျအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။

အရွယ်ကျလိုကျငြား အဆီ ၄ စတုန် လျော့လိုက်ပေမယ့် ကိုယ်အလေးချိန် သာ လျော့သွားပြီး ရင်သားအရွယ် ကျသွားခြင်း မရှိ ပါဘူး။ ဒါကြောင့်မို့ သူမဟာ ရင်သားခွဲစိတ်ဖို့ ဆာဂျရီ ကုန်ကျစရိတ်ကို NHS ကနေ တောင်းဆို ပါတယ်။ NHS ဆိုတာ ဗြိတိန်နိုင်ငံရဲ့ အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်း
(National Health Service) ဖြစ်ပါတယ်။ သူမ ရဲ့ ကျောရိုးနာ ရောဂါကို ကုသဖို့ အတွက်သာ ထောက်ပံ့ခဲ့ပြီး ရင်သားခွဲစိတ်ဖို့ အတွက် ငွေထုတ်ပေးရန် တောင်းဆိုမှုကို ငြင်းဆိုခဲ့ ပါတယ်။ NHS ဆိုတာ ဗြိတိန် နိုင်ငံသားများရဲ့ ကျန်းမာရေးအတွက် အခမဲ့ ဝန်ဆောင်မှုပေးတဲ့ ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့ ဖြစ်ပါတယ်။

ဒီအတွက် အခွန်ဆောင် တဲ့ ဗြိတိန်နိုင်ငံ သား အားလုံးကို ပေးအပ် ဝန်ဆောင်မှု ပေးခြင်း ဖြစ်ပါတယ်။
ယမန်နှစ်က ဗြိတိန်နိုင်ငံက ရင်သား ခွဲစိတ်မှု အတွက်ပဲ ဗြိတိန်ပေါင် ၃.၅ သန်း အသုံးပြုခဲ့တာကြောင့် ယခုနှစ်အတွက် အသုံးစရိတ်လျော့ချခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ရင်သား အလေးချိန်ကြောင့် ကျောရိုးနာ ရောဂါပါ ရရှိလာပြီ ဖြစ်တဲ့ Kim Mills ရဲ့ တောင်းဆိုမှုအတွက် ပြန်လည် စဉ်းစားပေးနေပြီ ဖြစ်ကြောင်း သိရ ပါတယ်။

မူရင်းလင့်
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment