Wednesday, June 18, 2014

ဗုံးထောင်ရန်ပြင်ဆင်နေစဉ် ပေါက်ကွဲ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာဖြင့်ထွက်ပြေး

 ဇွန် ၁၆- နမ့်ခမ်းမြို့နယ်အ တွင်း လူသုံးဦး ဗုံးထောင်ရန်ပြင်ဆင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူနှစ်ဦးသေဆုံး ခဲ့ကြောင်း နမ့်ခမ်း မြို့နယ်တွင် ဒေသလုံခြုံရေးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် လုံခြုံ ရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုမှာ ဇွန် ၁၅ရက်က နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-မုံးဝီးကား လမ်းပေါ်၊ ဟိုနားကျေးရွာရှိ ဦးအိုက် လန်း ၅၂နှစ်(ဘ) ဦးတာနမ်ပို (ပလောင်/ ဗုဒ္ဓ)နေထိုင်သည့်နေအိမ်တွင် အိမ်ရှင် များမရှိခိုက် အမည်မသိလူစိမ်းသုံးဦး သည် ဖောက် ခွဲမှုပြုလုပ် ရာတွင် အသုံး ပြုသည့် မိုင်းများပြင်ဆင်ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ကြောင့် အမည်မသိလူနှစ်ဦးသေဆုံး ခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ဒဏ်ရာများ စွာဖြင့် ထွက်ပြေးသွားကြောင်း အဆို ပါလုံခြုံရေးတာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။

”ဖြစ်တဲ့အချိန်မှာ အိမ်ရှင်တွေ မရှိဘူး။ မွန်းလွဲ နှစ်နာရီကျော် လောက်မှာ ဖြစ်တာ။ မိုင်းထောင်တုန်း ပေါက်ကွဲ သွားပုံရတယ်”ဟု ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာများဖြင့် လူတစ်ဦးရွာအလယ် မှ ဖြတ်ပြေးသွားသည်ကို တွေ့ရှိခဲ့ရ ကြောင်း ဒေသခံများ၏ ပြောဆိုချက် ကို ကိုးကားပြီး အဆိုပါလုံခြုံရေးတာ ဝန်ရှိသူက ဒီမိုကရေစီတူဒေးသို့ ပြော သည်။

ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့် ဟိုနားကျေးရွာသည် တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းအနီးတွင် ရှိပြီး ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံ များမှ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး တာဝန်ရဲ ကင်းမှ ဒုရဲအုပ်အိုက်အောင် ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟို နားကျေးရွာအနီးတွင် ပလောင်အဖွဲ့ TNLA/PSLF အပါအဝင် တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့အချို့ လှုပ်ရှား မှုရှိနေသည်။

”ပေါက်ကွဲမှုက ပလောင်လူမျိုး တွေနေတဲ့ရွာမှာ ဖြစ်တယ်ဆိုပေမယ့် ဌာနချုပ်အနေနဲ့ အဲဒီသတင်းကိုရတာ မရှိသေးဘူး”ဟု TNLA/PSLF င်္ပ࿿န်ြကြားရေးတာဝန်ရှိသူတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည်ပြုပြော ဆိုသည်။ နမ့်ခမ်းမြို့နယ် အတွင်း ပေါက် ကွဲမှုများမှာ မကြာခဏဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် မေလအတွင်းက မူဆယ်- နမ့်ခမ်းကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ သည့် ပေါက်ကွဲ မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။

ကချင်ပြည်နယ်နှင့် ဆက်စပ်နေ သည့် နမ့်ခမ်မြို့နယ်အတွင်း ပလောင် အဖွဲ့အပြင်၊ ကေအိုင်အိုနှင့် တခြား လက်နက်ကိုင်အဖွဲ့များလည်း ရှိနေ ပြီး ပြည်သူ့စစ်အဖွဲ့များစွာလည်း ရှိနေ သည်။
ဒေသတွင်းလုံခြုံရေးအခြေအ နေကြောင့် တပ်မတော်မှ တပ်ရင်း တပ်ဖွဲ့များက လုံခြုံရေးတာဝန် ယူပေး နေရကြောင်း သိရသည်။

စိုင်းထွန်းအောင်လွင်
Democracy today Daily Newspaper

No comments:

Post a Comment