Monday, June 2, 2014

ဒေသန္တရ မိုင်းဟောင်း နင်းမိပေါက်ကွဲ

Photo: ဒေသန္တရ မိုင်းဟောင်း နင်းမိပေါက်ကွဲ

ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီးမြို့နယ် မီးတိုင်တော ကျေးရွာနေ မျိုးအောင်(ခ) ဖိုးဝ ၃၂နှစ် (ဘ) ဦးတင်မြင့်နှင့် ငပိန် ၂၅နှစ် (ဘ)ဦးခင်မြင့် တို့သည် မေ ၂၈ရက် နံနက် ၆နာရီက လှည်းဖြင့် ဝါးခုတ်ရန် ထွက်ခွာလာရာ နံနက် ၇ နာရီ ခွဲခန့်တွင်

မြောင်ဦး စခန်း၏ အရှေ့မြောက်ဘက် မီတာ ၃ဝဝဝခန့် အကွာသို့ ရောက်ရှိစဉ် လှည်း၏ ညာဘက် ဘီးဖြင့် ဒေသန္တရ နင်းမိုင်းဟောင်း တစ်လုံးအား နင်းမိ ပေါက်ကွဲသဖြင့် ရှေ့သို့ ဆက်မသွားဘဲ မျိုးအောင်(ခ) ဖိုးဝမှ နွားလှည်းအား ဆွဲ၍ ပြန်လှည့်လာစဉ် မီတာ ၂ဝ ခန့် အကွာအရောက်၌ ဒေသန္တရ နင်းမိုင်းဟောင်း တစ်လုံးအား ထပ်မံ နင်းမိ ပေါက်ကွဲသည်။

အဆိုပါ ဒေသန္တရ နင်းမိုင်းဟောင်း နင်းမိ ပေါက်ကွဲမှုကြောင့် မျိုးအောင် (ခ) ဖိုးဝသည် ညာခြေချင်းဝတ်ပြတ်၊ ဘယ်ခြေသလုံး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး လိုအပ်သော ဆေးဝါး ကုသနိုင်ရေး  မုန်းပြည်သူ့ ဆေးရုံမှ တစ်ဆင့် နယ်မြေခံ တပ်မတော် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment