Thursday, June 19, 2014

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် RCSS / SSA ၊ KIO ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ယနေ့တွေ့မည်

ပဋိပက္ခဖြေရှင်း ရေးနှင့်တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့်ကချင်လွတ်မြောက် ရေးအစည်းအရုံး KIO ခေါင်း ဆောင်များ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင် နှင့်ချင်းရိုင်မြို့တွင်တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။
RCSS/SSA မှ ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်ကြီး ဦးရွက်စစ်ချင်းမိုင်မြို့ တွင် တွေ့ ဆုံမည်ဖြစ်ပြီး KIO မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ချင်းရိုင်မြို့ တွင် တွေ့ ဆုံမည်ဖြစ်ကြောင်း ယင်းလက်နက်ကိုင် အဖွဲ့အစည်းများ ၏ ပြောခွင့်ရ ပုဂ္ဂိုလ်များကပြောဆို ကြသည်။

RCSS/SSA မှပြောရေးဆိုခွင့် ရှိသူတွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလှ က''ဒီနေ့ည ညစာစားရင်း တွေ့ကြမယ်။ မနက်ဖြန်ကျရင် ဦးအောင် မင်းတို့နဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးအတွက် ဦးအောင်မင်း တို့နဲ့ ဆွေးနွေးမယ်''ဟုပြောသည်။

RCSS/SSA နှင့် တပ်မတော် ပြီးခဲ့သည့်လပိုင်းအတွင်းက တိုက်ပွဲ များဖြစ်ပွား ခဲ့သောကြောင့် ဗိုလ်မှူး ကြီးစိုင်းလှက ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့ မြန် မာ့ငြိမ်းချမ်းရေးစင် တာ၌ ပဋိပက္ခများလျှော့ချရေးအ တွက် ပြည်ထောင်စု ဝန်ကြီးဦးအောင် မင်းနှင့် လာရောက်တွေ့ဆုံဆွေးနွေး ခဲ့သည်။
ဇွန်လ ၁၃ ရက်နေ့တွင် ကချင် ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဗိုလ်ချုပ် ဂွမ်မော် နှင့် ဦးအောင်မင်းတို့ ဇွန်လ၁၉ရက် ထိုင်းနိုင်ငံချင်းရိုင်တွင်တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း KIA အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေး သို့အတည်ပြုပြောဆိုသည်။
ဇွန်လ ၂၀ ရက်နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မူကြမ်း single text အား ရေးဆွဲရန် အတွက်ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံဆွေးနွေးကြ မည်ဖြစ်ကြောင်းသိရသည်။

LA
[--Democracy today Daily Newspaper--]
Yangon Media Group

No comments:

Post a Comment