Wednesday, July 16, 2014

ကြံ့ခိုင်ရေး အမတ် ဦးနေမျိုးအောင်၏ စွပ်စွဲရေးသားသည့် လမ်းပြောင်းပြန် ရပ်သည့်ကား ဆိုသည်မှာ လူကြီးကားမဟုတ် ဟုဆို

Photo: ကြံ့ခိုင်ရေး အမတ် ဦးနေမျိုးအောင်၏ စွပ်စွဲရေးသားသည့် လမ်းပြောင်းပြန်ရပ်သည့်ကား ဆိုသည်မှာ လူကြီးကားမဟုတ် ဟုဆို
******************************************************
ဇူလိုင်လ ၁၀ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ၏ Facebook တွင်ဖော်ပြခဲ့သော အစိုးရအရာရှိကြီးတစ်ဦး၏ကား လမ်းပြောင်းပြန်ရပ်သည် ဆိုသည့်သတင်းမှာ မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်ကြောင်း နီးစပ်သူများနဲ့ မျက်မျက်များက ပြောကြားလိုက်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေမျိုးအောင် မှ ဘုရားသွားစဉ် လူကြီးတစ်ဦး၏ ကားကို တွေ့ခဲ့ကြောင်း၊ လမ်းပြောင်းပြန်ရပ်သဖြင့် ရဲနှင့် ပြဿနာတက်သည်ကို လူကြီးကားဆိုပြီး ချိန်းခြောက်နေကြောင်း ဘုရားပေါ် ခြေအိတ်မချွတ်ပဲ တတ်နေကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့တာဖြစ်ပါတယ်။  

ဦးနေမျိုးအောင်၏ ရေးသားမှုနှင့်ပတ်သက်ပြီး ကားပိုင်ရှင်နှင့် နီးစပ်သူ တစ်ဦးမှ ဦးနေမျိုးအောင်၏ ပြောဆိုမှုများမှာ အဓိပ္ပါယ်မရှိ စွပ်စွဲချက်များဖြစ်ကြောင်းကို အခုလို ပြောပါတယ်။ “ကြံ့ဖွံ့အမတ် ဦးနေမျိုးအောင်ပြောတဲ့ လူကြီးကားဆိုတာ မဟုတ်ပါဘူး.. ကျွန်တော့သူငယ်ချင်း တစ်ယောက်ရဲ့ကားပါ.. ဘာရာထူးကြီးမှလည်း မဟုတ်ပါဘူး.. သာမန်ပြည်သူ တစ်ဦးပါ.. သူငယ်ချင်းက အဲဒီကားနဲ့ ဒီနေရာကို မကြာမကြာ လာတတ်ပါတယ်..” လို့ဆိုပါတယ်။ 

“ပြဿနာတက်တယ်လို့တော့ မဟုတ်ပါဘူး.. ညာဖက်ယာဉ်ကြောမှာ ပိတ်နေလို့ ဘယ်ဘက်မှာ ခဏ ရပ်တာပါ.. တခြားကားတွေနဲ့ တခြားလူတွေလည်း ဒီလိုပဲသွားနေတာပါ.. အဖိတ် ဥပုဉ် ရက်တွေမှာ လူကျတော့ ရဲကထိန်းပေးတာတော့ရှိတယ်… ရဲနဲ့အဆင်မပြေဖြစ်စရာ အကြောင်းလည်း မရှိပါဘူး..” လို့ ၎င်းက ဆက်ပြောပါတယ်။ 

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဖြစ်စဉ်အကြောင်းအရာ သေသေချာချာမသိပဲ  နားစွန်နားဖျားကြားတာကို လူမှုကွန်ယက်ပေါ်တွင် မဆင်မခြင်ရေးသားနေမှုများ အတွက် စိတ်ပျက် မိကြောင်း၊ ပြည်သူတွေကို မဲလိမ်ပြီးဖြစ်လာတဲ့ အမတ်ဖြစ်တာကြောင့် လိမ်ရတာ အကျင့်ပါနေတာ ဖြစ်နိုင်ကြောင်း နဲ့ လူမှုကွန်ယက်ပေါ်မှာ ပေါက်ကရရေးသား ပြောဆိုမှုများ လုပ်နေခြင်းဟာ နိုင်ငံမှာအရေးပါတဲ့ လွှတ်တော်အမတ် တစ်ဦးအနေနဲ့ မသင့်တော်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။

Credit: ဆန်းထူးအောင်
ဇူလိုင်လ ၁၀ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ၏ Facebook တွင်ဖော်ပြခဲ့သော အစိုးရအရာရှိကြီးတစ်ဦး၏ကား လမ်းပြောင်းပြန်ရပ်သည် ဆိုသည့်သတင်းမှာ မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်ကြောင်း နီးစပ်သူများနဲ့ မျက်မျက်များက ပြောကြားလိုက်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေမျိုးအောင် မှ ဘုရားသွားစဉ် လူကြီးတစ်ဦး၏ ကားကို တွေ့ခဲ့ကြောင်း၊ လမ်းပြောင်းပြန်ရပ်သဖြင့် ရဲနှင့် ပြဿနာတက်သည်ကို လူကြီးကားဆိုပြီး ချိန်းခြောက်နေကြောင်း ဘုရားပေါ် ခြေအိတ် မချွတ်ပဲ တတ်နေကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့တာဖြစ်ပါတယ်။
ဦးနေမျိုးအောင်၏ ရေးသားမှုနှင့်ပတ်သက်ပြီး ကားပိုင်ရှင်နှင့် နီးစပ်သူ တစ်ဦးမှ ဦးနေမျိုးအောင်၏ ပြောဆိုမှုများမှာ အဓိပ္ပါယ်မရှိ စွပ်စွဲချက် များဖြစ်ကြောင်းကို အခုလို ပြောပါတယ်။ “ကြံ့ဖွံ့အမတ် ဦးနေမျိုးအောင်ပြောတဲ့ လူကြီးကားဆိုတာ မဟုတ်ပါဘူး.. ကျွန်တော့သူငယ်ချင်း တစ်ယောက်ရဲ့ကားပါ.. ဘာရာထူးကြီးမှလည်း မဟုတ်ပါဘူး.. သာမန်ပြည်သူ တစ်ဦးပါ.. သူငယ်ချင်းက အဲဒီကားနဲ့ ဒီနေရာကို မကြာမကြာ လာတတ်ပါတယ်..” လို့ဆိုပါတယ်။

“ပြဿနာတက်တယ်လို့တော့ မဟုတ်ပါဘူး.. ညာဖက်ယာဉ်ကြောမှာ ပိတ်နေလို့ ဘယ်ဘက်မှာ ခဏ ရပ်တာပါ.. တခြားကားတွေနဲ့ တခြားလူတွေ လည်း ဒီလိုပဲသွားနေတာပါ.. အဖိတ် ဥပုဉ် ရက်တွေမှာ လူကျတော့ ရဲကထိန်းပေးတာတော့ရှိတယ်… ရဲနဲ့အဆင်မပြေဖြစ်စရာ အကြောင်း လည်း မရှိပါဘူး..” လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဖြစ်စဉ်အကြောင်းအရာ သေသေချာချာမသိပဲ နားစွန်နားဖျားကြားတာကို လူမှုကွန် ယက်ပေါ်တွင် မဆင်မခြင်ရေးသားနေမှုများ အတွက် စိတ်ပျက် မိကြောင်း၊ ပြည်သူတွေကို မဲလိမ်ပြီးဖြစ်လာတဲ့ အမတ်ဖြစ်တာကြောင့် လိမ်ရတာ အကျင့်ပါနေတာ ဖြစ်နိုင်ကြောင်း နဲ့ လူမှုကွန်ယက်ပေါ်မှာ ပေါက်ကရရေးသား ပြောဆိုမှုများ လုပ်နေခြင်းဟာ နိုင်ငံမှာအရေးပါတဲ့ လွှတ်တော်အမတ် တစ်ဦးအနေနဲ့ မသင့်တော်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။

Credit: ဆန်းထူးအောင်
နေ့စဉ်သတင်း

No comments:

Post a Comment