Friday, July 4, 2014

တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား ၂၀ ဦး ဂျပန်သို့ လေ့လာရေးစေလွှတ်မည်

တက္ကသိုလ်ဝင်တန်း စာ မေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား ၂၀ ကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် အဖြစ် စက်တင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်အသင်း(MJA) မှ သတင်းရရှိသည်။
မြန်မာ-ဂျပန်သံတမန်ဆက် ဆံရေး နှစ် (၆၀) ပြည့်အထိမ်း အမှတ်အဖြစ် ၂၀၁၄ တွင် အောင်မြင်ခဲ့သူ များမှ ရွေးချယ်ခြင်းဖြစ်သည်။
‘‘ပြည်သူအချင်းချင်းလည်းပဲ အပြန်အလှန်ဆက်သွယ်ဆက်ဆံ ကြဖို့၊ ချစ်ကြည်ရင်းနှီးမှုတည် ဆောက်ကြဖို့ဆိုတဲ့အချက်ကို မူတည်ပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကလေးတွေ ဘုရင့် နန်းတော်၊ ပြတိုက်တွေ လေ့လာ ဖို့စတဲ့ လည်ပတ်မယ့် ခရီးစဉ်တွေ ကိုတော့ ဟိုဘက်ဒီဘက်ညှိတုန်းပဲ’’ဟု ဂျပန်-မြန်မာအသင်း(MJA) အတွင်းရေးမှူး ဦးတင်မောင်မောင်ကပြောသည်။
လေ့လာရေး ခရီးစဉ်တွင် ပါဝင်သည့် ကျောင်းသားများအ နေဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့၊ ကျို တိုမြို့နှင့် ဆန်းဒိုင်မြို့များသို့ ခုနစ် ညအိပ် ရှစ်ရက်လေ့လာရေးခရီး စဉ်အဖြစ် သွားရောက်ရမည်ဖြစ် သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် (နေပြည်တော်ကောင်စီနယ်မြေ အပါအ၀င်) အလိုက်မှ သိပံ္ပဘာ သာရပ်တွင် ထူးချွန်စွာ အောင် မြင်ခဲ့သည့် ကျောင်းသားတစ်ဦးစီ ဖြင့် ၁၅ ဦးနှင့် တစ်နိုင်ငံလုံးဝိဇ္ဇာ ဘာသာရပ်အမှတ်အများဆုံးရရှိ သည့် ကျောင်းသားများမှ ငါးဦး စုစုပေါင်း ကျောင်းသား ၂၀ ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
‘‘ကလေးတွေရဲ့ ကျန်းမာ ရေးအခြေအနေ၊ လူမှုရေးဆိုင်ရာ ဗဟုသုတပေါ့။ အဲတာတွေကို အခြေခံပြီးတော့ ရွေးချယ်ရေးအဖွဲ့က ပြန်ပြီးတော့ ရွေးချယ်သွားမှာပါ’’ဟု ဦးတင်မောင်မောင်က ပြောသည်။
ပဏာမစာရင်းတွင် ပါဝင် သည့် ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီးများရှိပညာရေးမှူးရုံးများတွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ မြန်မာ-ဂျပန်အသင်း (MJA) ရုံးခန်းတွင်လည်းကောင်း လေ့လာရေးခရီးစဉ်အတွက် သတ်မှတ်ထားသော အဆိုပြု လွှာပုံစံများကို ဇူလိုင် ၁၅ ရက်အရောက် ပေးပို့ရမည်ဖြစ်သည်။
လူတွေ့စစ်ဆေးမှုများအ တွက် မြန်မာ-ဂျပန်အသင်း (MJA)မှ ဆက်သွယ်အကြောင်းကြားမည် ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာ-ဂျပန်အသင်း (MJA) အမှတ် (၃၄/၄၉) ၃ လွှာ၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်း-၀၁ ၃၇၂၉၇၇~၈၀(လိုင်းခွဲ ၁၂၀)၊ ၀၉ ၈၇၀၀၃၄၅၊ ၀၉၄၂၀၀၁၈၀ ၃၁ သို့ဆက်သွယ်မေးမြန်းနိုင်သည်။

7Day Daily

No comments:

Post a Comment