Monday, July 21, 2014

မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇ ပစ်ချ ခံရခြင်းနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ထုတ်ပြန် ကြေညာချက်

  အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့က မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချ ခံရခြင်းနှင့် ပတ်သက်၍ ပြင်းထန်စွာ ပစ်တင် ရှုတ်ချသည်။ မိမိတို့ အနေဖြင့် ယင်းလေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လူမျိုးစုံ ပါဝင်သည့် လူ ၂၉၈ ဦး ကြေကွဲဖွယ် သေဆုံးခဲ့ခြင်း အတွက် ထိတ်လန့် ချောက်ချားမှု ဖြစ်ပေါ်ကြောင်း ကို ဖော်ပြလိုပါသည်။

မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇သည် ကန့်သတ်ထားခြင်း
မရှိသည့် လေပိုင်နက်အတွင်း နိုင်ငံတကာ မြို့ပြ လေကြောင်း အဖွဲ့အစည်း (အိုင်စီအေအို) က ဘေးကင်းကြောင်း သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်း ပျံသန်း ခဲ့ခြင်းဖြစ်သည်။ ယင်းပျံသန်းမှု လမ်းကြောင်းသည် အာရှနှင့် ဥရောပ အကြား သွားလာနေသည့် နိုင်ငံတကာ လေကြောင်း လိုင်းများစွာမှ အသုံးပြုသည့် လမ်းကြောင်း ဖြစ်ပါသည်။

အမ်အိတ်ခ်ျ-၁၇ အနေဖြင့် မည်သို့ဖြစ်ပွားခဲ့သည် ဆိုသည်ကို တိကျသေချာစွာ သိရှိရန် မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်သည်ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် အလေးအနက် သဘောထား ပါသည်။ ယခုဖြစ်ပွားခဲ့သည့် ကိစ္စအတွက် မြင်သာထင်သာ ရှိပြီး လွတ်လပ်မှုရှိသည့် အပြည့်အဝ စုံစမ်း စစ်ဆေးမှုကို ဆောင်ရွက် သွားရန် မိမိတို့ တောင်းဆိုသည်။ စုံစမ်းစစ်ဆေးမှုများကို အတားအဆီးမရှိ ဆောင်ရွက်နိုင်ရမည် ဆိုသည်ကို မိမိတို့ အလေး အနက်ထား ပြောကြား လိုသည်။

အမ်အိတ်ခ်ျ-၁၇ အပေါ်တွင် ပါရှိသွားကြ သူများ၏ မိသားစုဝင်များ၊ ချစ်ခင် နှစ်သက်သူများနှင့် ထပ်ထူဝမ်းနည်း ကြေကွဲ ကြောင်းကို ဤထုတ်ပြန် ကြေညာချက်ဖြင့် ဖော်ပြ လိုက်သည်။


မြ၀တီ

No comments:

Post a Comment