Monday, July 21, 2014

မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်

Photo: မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်
Monday,July 21, 2014 

လာမည့်ရက် သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှုအခြေအနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“ရေကြီးမှုအခြေအနေတွေကတော့ ဆိုးသည်ထက် ဆိုးလာနိုင်တာကိုတော့ အထူးသတိပြုကြစေလိုပါတယ်”ဟုလည်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

တောင်အာရှဒေသများတွင်ရှိသည့် အာရေဘီယံပင်လယ်၊ ဘင်္ဂလား ပင်လယ်အော်၊ တရုတ်ပင်လယ်များ၏ အရှေ့အနောက် ဆက်စပ်မှုများတွင် မိုးကြိုကာလ နှင်မိုးဦးကာလတွင် ဖြစ်တတ်သည့် အာရေဘီယံနှင့် ဘင်္ဂလား ပင်လယ်အော်တို့၏ ဆက်စပ်မှု၊ မိုးနှောင်း၊ မိုးလွန်ကာလ များတွင် ဖြစ်တတ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ စိုးမိုး တတ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဘင်္ဂလား ပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ အားကောင်းနေချိန်ဖြစ်ပြီး လာမည့် သီတင်းပတ်အတွက် ထိုဘင်္ဂလား ပင်လယ်အော်နှင့် တရုတ် ပင်လယ် တို့၏ ဆက်စပ်မှုများကြောင့် မြန်မာနိုင်ငံတွင် မိုးပိုလာနိုင်ကြောင်း ၎င်းက ဖော်ပြ ထားသည်။

“ရေကြီးတာကတော့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မွန်ပြည်နယ် မှာတော့ မိုးကြီးမယ်။ မိုးလယ်ကာလ မုတ်သုံမိုးကြောင့် မိုးပိုလာနိုင်တယ်” ၎င်းက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီ အချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့၌ မုတ်သုံလေအား အလွန်ကောင်းနေ သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်သည် တစ်နာရီလျှင်မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည် ဟုဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန် တိုင်းထွာချက်များအရ လွန်ခဲ့သော၂၄ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ နေရာ ကွက်ပြီး မိုးကြီးခဲ့သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ပူတာအို-ဆွမ်ပရာဘွမ်ကား လမ်းပျက်စီး၍ ခရီးသွားကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကချင်ပြည်နယ် အစိုးရ အဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ဇူလိုင် ၂၀ တွင် ပြောသည်။

“မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကို အမှန်တကယ်က တစ်ရက်ခရီးပဲသွား ရတယ်။ အခု လမ်းတွေ ပျက်စီးပြီး သုံးရက်လောက် သွားရတယ်”ဟု ဆိုသည်။

ပဲခူးဒေသခံ ဦးဝင်းမြင့်က “ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာတော့ အဲလောက် ရေ မကြီးဘူး။ ဆင်ခြေဖုံးတွေ၊ ရေမြောင်းမရှိတဲ့ ရပ်ကွက်တွေ၊ ပဲခူးတိုင်းဒေသကြီး အနီးက ရွာတွေမှာတော့ ရေတွေလျှံကြတယ်”ဟု ပြောသည်။

Mizzima
လာမည့်ရက် သတ္တတစ်ပတ် အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသ များတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှု အခြေအနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် က ပြော သည်။
“ရေကြီးမှုအခြေအနေတွေကတော့ ဆိုးသည်ထက် ဆိုးလာနိုင်တာကိုတော့ အထူးသတိပြုကြစေလို ပါတယ်”ဟုလည်း သူ၏ လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားထားသည်။

တောင်အာရှဒေသများတွင်ရှိသည့် အာရေဘီယံပင်လယ်၊ ဘင်္ဂလား ပင်လယ်အော်၊ တရုတ်ပင်လယ်များ၏
အရှေ့အနောက် ဆက်စပ်မှုများတွင် မိုးကြိုကာလ နှင်မိုးဦးကာလတွင် ဖြစ်တတ်သည့် အာရေဘီယံနှင့် ဘင်္ဂလား ပင်လယ်အော်တို့၏ ဆက်စပ်မှု၊ မိုးနှောင်း၊ မိုးလွန်ကာလ များတွင် ဖြစ်တတ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ စိုးမိုး တတ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဘင်္ဂလား ပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ အားကောင်းနေချိန်ဖြစ်ပြီး လာမည့် သီတင်းပတ်အတွက် ထိုဘင်္ဂလား ပင်လယ်အော်နှင့် တရုတ် ပင်လယ် တို့၏ ဆက်စပ်မှုများကြောင့် မြန်မာနိုင်ငံတွင် မိုးပိုလာနိုင်ကြောင်း ၎င်းက ဖော်ပြ ထားသည်။

“ရေကြီးတာကတော့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မွန်ပြည်နယ် မှာတော့ မိုးကြီးမယ်။ မိုးလယ်ကာလ မုတ်သုံမိုးကြောင့် မိုးပိုလာနိုင်တယ်” ၎င်းက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်း မှုကို ဖြေကြား သည်။

ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီ အချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့၌ မုတ်သုံလေအား အလွန်ကောင်းနေ သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်သည် တစ်နာရီလျှင်မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည် ဟုဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန် တိုင်းထွာချက်များအရ လွန်ခဲ့သော၂၄ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ နေရာ ကွက်ပြီး မိုးကြီးခဲ့သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ပူတာအို-ဆွမ်ပရာဘွမ်ကား လမ်းပျက်စီး၍ ခရီးသွားကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကချင်ပြည်နယ် အစိုးရ အဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ဇူလိုင် ၂၀ တွင် ပြောသည်။

“မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကို အမှန်တကယ်က တစ်ရက်ခရီးပဲသွား ရတယ်။ အခု လမ်းတွေ ပျက်စီးပြီး သုံးရက်လောက် သွားရတယ်”ဟု ဆိုသည်။

ပဲခူးဒေသခံ ဦးဝင်းမြင့်က “ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာတော့ အဲလောက် ရေ မကြီးဘူး။ ဆင်ခြေဖုံးတွေ၊ ရေမြောင်းမရှိတဲ့ ရပ်ကွက်တွေ၊ ပဲခူးတိုင်းဒေသကြီး အနီးက ရွာတွေမှာတော့ ရေတွေ လျှံကြတယ်”ဟု ပြောသည်။

Mizzima

No comments:

Post a Comment