Wednesday, July 30, 2014

အော်ရီဒူးဆင်းမ်ကတ် ဝယ်မယ့်လူတွေ စာရင်းပေးလို့ရပြီ

Photo: အော်ရီဒူးဆင်းမ်ကတ် ဝယ်မယ့်လူတွေ စာရင်းပေးလို့ရပြီ
Wednesday,July  30, 2014

ရန်ကုန်မှာ အော်ရီဒူးဖုန်းဆင်းမ်ကတ်တွေ ဝယ်ချင်တဲ့ သူတွေရဲ့ စာရင်း လိုက်လံကောက်ယူနေပါပြီ။ မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာတော့ မနေ့ကတည်းက စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

ဆင်းမ်ကတ် လိုချင်သူတွေဟာ ရန်ကုန်မှာရှိတဲ့ အော်ရီဒူးနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေမှာ လိုချင်တဲ့ ကတ် အရေအတွက်ကို စာရင်းပေးလို့ ရပါပြီ။ ဖုန်းကတ် ဝယ်တဲ့အခါမှာတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူတစ်ခု အတွက် တစ်ကတ်စီ ရောင်းပေးမယ်လို့ ပန်းဆိုးတန်း KMD အရောင်းဆိုင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 
“ဒီနေ့ရောင်းမယ်၊ မရောင်းဘူး ဆိုတာတော့ မသေချာဘူး။ အခုတော့ ဆီဒိုးနားမှာ(အော်ရီဒူးကလုပ်သည့် အခမ်းအနား) ဆွေးနွေးနေတယ်။ ဆင်းကတ်တွေ အခုရရင်တောင် သူတို့က activate လုပ်ပေးမှရမယ်” လို့ သူက ဆိုပါတယ်။

မဟာဗန္ဓုလမ်းပေါ် လမ်း ၃၀ အနီးမှာရှိတဲ့ MOE II မိုဘိုင်းဖုန်း အရောင်းဆိုင်က တာဝန်ရှိသူ တစ်ဦးကတော့ “မနက်ဖြန်ရောင်းဖို့ အတွက် စာရင်းကောက်တာပါ။ မနက်ဖြန် နံနက် ၉ နာရီမှာ စရောင်းပါမယ်” လို့ ဆိုပါတယ်။

မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာ အော်ရီဒူးဆင်းကတ်တွေကို မနေ့က စတင်ရောင်းချခဲ့တဲ့ အတွက် ရန်ကုန်မြို့တော် မှာလည်း ဒီနေ့ စရောင်းနေပြီဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အော်ရီဒူး ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ဆက်သွယ်မေးမြန်းရာမှာတော့ သြဂုတ်၂ ရက်နေ့မှာ မီဒီယာတွေကို တရားဝင် ရှင်းလင်းပေးမယ်လို့ ပြန်ဖြေပါတယ်။

The Voice Weekly
ရန်ကုန်မှာ အော်ရီဒူးဖုန်းဆင်းမ်ကတ်တွေ ဝယ်ချင်တဲ့ သူတွေရဲ့ စာရင်း လိုက်လံကောက်ယူနေပါပြီ။ မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာတော့ မနေ့ကတည်းက စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။
ဆင်းမ်ကတ် လိုချင်သူတွေဟာ ရန်ကုန်မှာရှိတဲ့ အော်ရီဒူးနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေမှာ လိုချင်တဲ့ ကတ် အရေအတွက်ကို စာရင်းပေးလို့ ရပါပြီ။ ဖုန်းကတ် ဝယ်တဲ့အခါမှာတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူတစ်ခု အတွက် တစ်ကတ်စီ ရောင်းပေးမယ်လို့ ပန်းဆိုးတန်း KMD အရောင်းဆိုင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

“ဒီနေ့ရောင်းမယ်၊ မရောင်းဘူး ဆိုတာတော့ မသေချာဘူး။ အခုတော့ ဆီဒိုးနားမှာ(အော်ရီဒူးကလုပ်သည့် အခမ်းအနား) ဆွေးနွေးနေတယ်။ ဆင်းကတ်တွေ အခုရရင်တောင် သူတို့က activate လုပ်ပေးမှရမယ်” လို့ သူက ဆိုပါတယ်။

မဟာဗန္ဓုလမ်းပေါ် လမ်း ၃၀ အနီးမှာရှိတဲ့ MOE II မိုဘိုင်းဖုန်း အရောင်းဆိုင်က တာဝန်ရှိသူ တစ်ဦးကတော့ “မနက်ဖြန်ရောင်းဖို့ အတွက် စာရင်းကောက်တာပါ။ မနက်ဖြန် နံနက် ၉ နာရီမှာ စရောင်းပါမယ်” လို့ ဆိုပါတယ်။

မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာ အော်ရီဒူးဆင်းကတ်တွေကို မနေ့က စတင်ရောင်းချခဲ့တဲ့ အတွက် ရန်ကုန်မြို့တော် မှာလည်း ဒီနေ့ စရောင်းနေပြီ ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အော်ရီဒူး ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ဆက်သွယ်မေးမြန်းရာ မှာတော့ သြဂုတ်၂ ရက်နေ့မှာ မီဒီယာတွေကို တရားဝင် ရှင်းလင်းပေးမယ်လို့ ပြန်ဖြေပါတယ်။

The Voice Weekly

No comments:

Post a Comment