Thursday, July 24, 2014

လိုင်ဇာညီလာခံသို့ ‘၀’အပါအ၀င် တိုင်းရင်းသားအဖွဲ့စုံတက်မည်

လိုင်ဇာတိုင်းရင်းသား ခေါင်းဆောင်များထိပ်သီးညီလာ ခံသို့ ယခင်ညီလာခံ များကတက် ရောက် ခဲ့ခြင်းမရှိသော ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UW SP)နှင့် မိုင်းလားအဖွဲ့(NDAA)အပါအ၀င် NCCTအဖွဲ့ဝင်မဟုတ် သည့် တိုင်းရင်းသား အဖွဲ့အားလုံး စုံညီစွာ တက်ရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လိုင်ဇာညီလာခံကို ဇူလိုင် ၂၄ ရက်တွင် စတင်ပြုလုပ်သွား မည်ဖြစ်သည်။ ပထမသုံးရက်တွင် NCCTအဖွဲ့ဝင်(၁၆)ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ၏ ညီလာခံကို ပြုလုပ်သွားမည်ဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှစတင်၍ NCCTအဖွဲ့ဝင်မ ဟုတ်သည့် တိုင်းရင်းသားအဖွဲ့ များမှ ထိပ်သီးခေါင်းဆောင်များ  ညီလာခံကို နှစ်ရက်ဆက်၍ ပြု လုပ်သွားရန် စီစဉ်ထားခြင်းဖြစ် သည်။

လိုင်ဇာညီလာခံသို့ ယခင် ကပြုလုပ်ခဲ့သည့် တိုင်းရင်းသား ညီလာခံ နှစ်ကြိမ်တွင် တက် ရောက်ခဲ့ခြင်းမရှိသည့် UWSPနှင့် NDAAတို့တက်ရောက်ရန် ရာခိုင် နှုန်းများကြောင်း NCCTအကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်းကပြောသည်။

‘‘စုံမယ့် အလားအလာအ များကြီးရှိတယ်။ အခုဆိုကျွန် တော်တို့ မျှော်လင့် တာထက် အင် အားပိုများတယ်’’

လိုင်ဇာညီလာခံကို NCCT အဖွဲ့ဝင်များနှင့်သာပြုလုပ်သွား ရန် မူလက စီစဉ်ထားခြင်းဖြစ် သည်။

ယခု NCCT အဖွဲ့ဝင်မဟုတ် သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အပါအ၀င် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)လည်းတက်ရောက်မည်ဖြစ်ကြောင်းဒေါက်တာ ဆလိုင်းက ဆက်လက်ပြောသည်။

ညီလာခံပထမနေ့တွင် တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တွင် ဝေခွဲရခက်သည့်အချက်များ ကို ဆုံးဖြတ်ချက်ချမှတ်နိုင်မည့်ဦး ဆောင်ကော်မတီကို NCCTအဖွဲ့ ၀င် ၁၆ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ၁၆ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ် သည်။

‘‘NCCTရဲ့ နည်းစနစ်ပိုင်းက ပြီးသွားပြီ။ ထိပ်သီးတွေက ပေါ် လ စီအရဆုံးဖြတ်ဖို့ပဲကျန်တယ်။ ဆုံး ဖြတ်ပြီး လက်မှတ်ထိုးနိုင်တဲ့အ နေအထားရှိရင် ထိုး’’ ဟု ဒေါက် တာဆလိုင်းကဆိုသည်။

လိုင်ဇာညီလာခံသို့ တက် ရောက်ရန် တရုတ်နိုင်ငံအထူးကိုယ် စားလှယ်မစ္စတာဝန်ယိန်းဖန်က ဇူလိုင် ၂၈ရက်တွင်ရောက်ရှိမည် ဖြစ်ပြီး UWSPနှင့် RCSSအဖွဲ့တို့ မှာ ဇူလိုင် ၂၆ရက်တွင် ရောက်ရှိ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ လိုင်ဇာညီလာခံတွင်တိုင်း ရင်းသားအဖွဲ့များက အစိုးရနှင့် ဆွေးနွေးထားသည့်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်ဒုတိယမူကြမ်းကိုဖြည့်စွက် ရေးဆွဲကြမည်ဖြစ်သည်။

RCSS/SSA, UWSP,NDAAနှင့် ABSDFတို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCTတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းမရှိပေ။

7 Day Daily

No comments:

Post a Comment