Tuesday, July 1, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားကားပြေးဆွဲမှုများ ထိရောက်စွာ ဖမ်းဆီးအရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်တင် ကြားကားအဖြစ် လုပ်ငန်းလိုင်စင် မရှိဘဲ ပြေးဆွဲနေသော ယာဉ်များကို ထိရောက်သောပြစ်ဒဏ်များနှင့် ဖမ်းဆီး အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူး (ရန်ကုန်)မှ ဒုတိယရဲမှူးကြီးလင်းထွဋ်က ဇွန် ၂၇ ရက် မီဒီယာများနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။
“လက်ရှိအချိန်ထိ လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေတဲ့ကြားကားတွေကို အဖွဲ့ကိုးဖွဲ့နဲ့ ဖမ်းဆီးတာ၂၄ စီး အရေးယူပြီးသွားပါပြီ။ ယာဉ်ထိန်းရဲကတော့ ယာဉ်စည်းကမ်းတရားရုံးမှာ တရားစွဲတယ်၊ ဒဏ်ငွေ ၁၅၀၀ ကျပ်ရိုက်တယ်။ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနကတော့ လုပ်ငန်းလိုင်စင် ပြုလုပ်ထားခြင်းမရှိတဲ့ အတွက်ဒဏ်ငွေ ၃၀၀၀၀ ကျပ်ချမှတ်အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေသော ကားများအနေဖြင့် နိုင်ငံတော်သို့ အခွန်မပေးရသည့် အတွက် အမြတ်အစွန်းပိုကျန်၍ ပြေးဆွဲမှုပိုမိုများပြားလာပြီး တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် ပြေးဆွဲခြင်း မဟုတ်သည့်အတွက် ယာဉ် အန္တရာယ် ဖြစ်ပွားလာပါက အာမခံမှုမရှိကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

လုပ်ငန်းလိုင်စင်မရှိသော ကြားကားအများစု ပြေးဆွဲသောမြို့နယ်များမှာ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်း ကျွန်းစံပြဈေးအနီးမှ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံတောင်မြို့နယ် များသို့ အများဆုံးပြေးဆွဲလျက်ရှိနေပြီး ယာဉ်အများစုမှာ လိုက်ထရပ်ယာဉ် များဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ သိရသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး စည်းကမ်းမဲ့ရောင်းချလျက် ရှိနေသော ဈေးသည်များကြောင့် ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ်နေခြင်းကို ဇွန် ၂၄ ရက်မှ စတင်၍ ခရိုင်စည်ပင်အုပ်ချုပ်ရေးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါနေရာအနီး စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးမှုအဖြစ် ဇွန် ၂၄ ရက်မှ ၂၆ ရက်နေ့အထိ စည်းကမ်းမဲ့ ယာဉ်အစီးရေ ၇၂ စီးကို အရေးယူထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။


MOI

No comments:

Post a Comment