Friday, July 25, 2014

တိုက်မိပြီးမောင်းနှင်ထွက်ပြေးသည့်ကား လမ်းဘေးသစ်ပင်ကိုတိုက်ကာ မြောင်းထဲထိုးကျ မီးလောင်

- မုံရွာမြို့ နန္ဒ ဝန်ရပ် စီးပွားရေးတက္ကသိုလ်အနီး တွင် ဇူလိုင် ၂၃ရက် ည ၉နာရီက လမ်းပေါ်တွင် ဆိုင်ကယ်နှင့် ဆိုက် တွဲတို့အား ဝင်ရောက်တိုက်မိ၍ မောင်းနှင်ထွက်ပြေးခဲ့သည့် ခြောက် ဘီးယာဉ်တစ်စီးသည် လမ်းဘေးရှိ ထနှောင်းပင်အား ထပ်မံတိုက်မိပြီး ရေမြောင်းထဲထိုးကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာယူဒီကောင်တာ ခြောက်ဘီးယာဉ် ၉က/......အား မောင်းနှင်သူကျောက္ကာတောင် ရွာမှ ဘိုတော ၃ဝနှစ်သည် မုံရွာမြို့ တွင်း သလ္လာရပ်ကွက်မှ ဗန္ဓုလလမ်း အတိုင်း မြဝတီရပ်ကွက်သို့ မောင်း နှင်လာစဉ် ပေ ၈ဝလမ်းဆုံအရောက် မျက်နှာချင်းဆိုင်မောင်းလာသော မမစုအောင် ၃၃နှစ်စီးလာသည့် ဆိုင် ကယ်ကို
ပွတ်တိုက်မိကာ ကျောက္ကာ လမ်းအတိုင်း ထွက်ပြေးမောင်းနှင် စဉ် မြဝတီရပ်ကွက် ဗိုလ်တေဇလမ်း ထိပ်အရောက် ကိုသန်းမိုး ၃၇နှစ် မောင်းနှင်နေသည့် ဆိုက်တွဲ(သုံးဘီး ယာဉ်)အား ထပ်မံတိုက်မိပြီး ဆက် လက်မောင်းနှင်ထွက်ပြေးရာ စီးပွား ရေးတက္ကသိုလ်အနီး ထနောင်းပင် ကို ဝင်တိုက်မိကာ လမ်းဘေးမြောင်း ထဲ ထိုးကျ၍ ကားခေါင်းပိုင်းမီးလောင် မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
''မီးလောင်တော့ အဲဒီထဲက ယာဉ်မောင်းကို တက္ကသိုလ်ကျောင်း သား ခြောက်ယောက်လောက်က ကားခေါင်းထဲကနေ ဝိုင်းဆွဲထုတ် လိုက်လို့ မသေတာ၊ ညာဘက်ခြေ ထောက်က ပြတ်လုပြတ်ခင်လေးပဲ ကျန်တော့တာ၊ အသက်ရှူသေးတာ နဲ့ လူမှုကူညီရေးအသင်းကားကိုခေါ် ပြီး ဆေးရုံကို ပို့လိုက်ကြတယ်။ မ ကြာခင် မီးသတ်ကားရောက်လာပြီး လာငြှိမ်းသွားတာ'' ဟု ယာဉ်တိမ်း မှောက်မှုဖြစ်စဉ်ကို မြင်တွေ့လိုက်ရသူ စီးပွားရေးတက္ကသိုလ်အနီးနေ ထိုင်သော အဆောင်ပိုင်ရှင်တစ်ဦး က ပြောသည်။
အဆိုပါကားတိုက်မှုကြောင့် ဒဏ်ရာရသူအသီးသီးမှာ မုံရွာပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကု သမှုခံနေရပြီး ယာဉ်မဆင်မခြင်မောင်း နှင်သူ ဘိုတောအား နယ်မြေရဲစခန်း မှ ယာဉ်(ပ)၄၉/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၈၅တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
KTS

Yangon Media Group

No comments:

Post a Comment