Thursday, July 31, 2014

ရန်ကုန်တွင် အချို့ ဆိုင်များ ၌ ကျပ် ၅၀၀၀ ဖြင့် အော်ရီဒူး ဆင်းမ်ကတ်များ စရောင်း

 အော်ရီဒူးကုမ္ပဏီထုတ်တယ်လီဖုန်းဆင်းမ် ကတ်များအား ရန်ကုန်တွင် ဩဂုတ် ၂ရက်နေ့တွင် စတင်ရောင်းချ မည် ဟု ကြေညာ ထားသော် လည်း ဇူလိုင် ၃ဝရက် ညနေပိုင်းက ရန်ကုန်မြို့ လယ်တွင် စတင်ရောင်း ချခဲ့ကြောင်း သိရသည်။
ကျပ် ၁၅၀ဝဖြင့် ရောင်းချမည့် အော်ရီဒူးဆင်းကတ်များကို စတင် ရောင်းချ ခဲ့ရာတွင် ဝယ်ယူလိုသူများ ပြားခဲ့ကြခြင်းကြောင့် ဆိုင်အချို့တွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ် ၅၀၀ဝနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
''သူတို့ပြောတုန်း ကတော့ တစ် ကတ်ကို ငွေ ၁၅၀၀ လို့ပြောပေမယ့် ဖုန်းဆိုင်မှာ သွားဝယ်တော့ တစ်ကတ် ကို ငါးထောင်ပေး ဝယ်ခဲ့ရတယ်။ ဒါ တောင်အလု အယက်ဝယ်ခဲ့ရတာ'' ဟု သွားရောက်ဝယ်ယူခဲ့သည့် ကမာ ရွတ်မြို့နယ်နေ ပြည် သူ တစ်ဦးက ပြောသည်။အနော်ရထာလမ်းနှင့် မဟာဗန္ဓု လပန်းခြံလမ်းထောင့်ရှိ ဆင်းမ်ကတ် ရောင်းချ ခဲ့သည့်ဆိုင်သို့ ဆက်သွယ် မေးမြန်းရာ''ကျွန်တော် တို့တစ်ကတ် ငါးထောင်နဲ့ရောင်း တာပါ။ ဝယ်ရင် တော့ မှတ်ပုံတင်နဲ့ ဓာတ်ပုံလိုပါတယ်။ ကတ် ၂ဝလောက် ဝယ်လဲ ဒီဈေးနဲ့ ပဲရောင်းပါတယ်''ဟု ပြောခဲ့သည်။
''သူတို့ကြေညာထားတာ က တော့ လကုန်ပြီး ၂ရက်နေ့မှရောင်း ပေး မယ်ဆိုပေမယ့် ကျွန်တော်တို့ဆီ ကိုတော့ ဒီနေ့က စပြီးရောင်း လို့ရ အောင် လာချပေးသွားတဲ့အတွက် စရောင်းတာ။ အခုဆို ဖုန်းကတ် ၂၀၀ ကျော်ကုန် သွားပြီ။ ဖုန်းဆိုင်တွေကို ခွဲတမ်းဘယ်လိုချလဲဆိုတာတော့ မသိ ရဘူး။ ဖုန်းကတ်တွေ ချပေးတာနဲ့ ပတ်သက်လို့လည်း အခြားသူတွေ ကို မပြောရဘူး လို့ ပြောထားတယ်'' ဟု ဆင်းမ်ကတ်တစ်ကတ်လျှင် ၁၅၀၀ ဖြင့် ရောင်းချခဲ့သည့် သန်လျင်မြို့ နယ်အတွင်း ဖုန်းနှင့် ဖုန်း အပိုပစ္စည်း ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးဖြစ်သော ကိုအောင်မျိုးသန့်က ပြောသည်။
ထိုဖုန်းကတ်များ အား ဇူလိုင် ၃၀ ရက်နေ့မှ စတင်၍ သန်လျင်မြို့ နယ်အတွင်းရှိ ဖုန်းဆိုင်အချို့အပြင် ဒလမြို့နယ်နှင့် ပန်းဘဲ တန်းမြို့နယ် အတွင်းရှိ ဖုန်းဆိုင်အချို့တွင်လည်း ရောင်းချခဲကြောင်း ယင်းမြို့နယ်များ အတွင်း နေထိုင်သူများနှင့်ဖုန်းကတ် ဝယ်ယူရရှိခဲ့သူများက ဆိုသည်။ထိုသို့ ဩဂုတ် ၂ ရက်မှ ရန်ကုန် မြို့တွင် ဖုန်းကတ်များစတင်ရောင်း ချမည်ဟုကြေညာ ထားသော်လည်း သတ်မှတ်ရက်မတိုင်မီ မြို့နယ်အချို့ တွင် ရောင်းချနေမှုနှင့်ပတ်သက်၍အော်ရီဒူးကုမ္ပဏီသို့ဆက် သွယ်မေး မြန်းခဲ့သော်လည်း ဆက်သွယ်၍ မရ ရှိခဲ့ပါ။''ဒီနေ့ညနေလေးနာရီမှ ကျွန် တော်တို့ဆိုင်ကို အော်ရီဒူးကုမ္ပဏီ က ကတ်လေး ရာလာချပေးတဲ့အတွက် အခုစရောင်းနေတာ။ ဒီလိုဖုန်း ကတ် တွေရောင်း ချဖို့ ကုမ္ပဏီကလာချပေး တာနဲ့ပတ်သက် လို့မေးကြည့်တော့ ကျွန်တော်တို့ဆိုင်က သူတို့ကုမ္ပဏီ က သတ်မှတ်ထားတဲ့ Partner နှစ် မျိုးရှိတဲ့အထဲမှာ Gold Partner ယူထားတဲ့အတွက် အရင်ဆုံးလာချ ပေးတာလို့သိရတဲ့အပြင် အခုသူတို့ ချပေးတဲ့ ကတ်လေးရာ ကုန်သွားရင် လည်း နောက်ထပ်လိုသလောက်ကို သူတို့ဆီအမှာစာပို့တာနဲ့ ချက်ချင်း လာချပေးမယ်လို့လည်း ပြောသွား တယ်။ ဒါပေမဲ့ အခုအော်ရီဒူးကတ် က ဟန်းဆက်တိုင်းနဲ့တော့သုံးလို့မရဘူး။ 3G ရတဲ့ ဟန်းဆက်တွေနဲ့ ပဲ သုံးလို့ရတဲ့အတွက် အခုဆိုင်မှာ ဟန်းဆက်တစ်လုံးဝယ် ရင် အော်ရီဒူး ဆင်းမ်ကတ်တစ်ကတ်အလကားပေး တဲ့ စနစ်နဲ့စရောင်းနေ တယ်''ဟု အနော် ရထာလမ်း ရှိ The First Ever Fine ဖုန်းနှင့် ဖုန်းအပိုပစ္စည်းအရောင်း ဆိုင်မှ ကိုကျော်စွာဦးက ရှင်းပြသည်။
TYT, YN

No comments:

Post a Comment