Sunday, July 27, 2014

ကွန်ဒုံးဖြင့်ပြုလုပ်သော အမျိုးသမီးဝတ်ဂါဝန်ဒီဇိုင်း


မဲလ်ဘုန်း၊ ဇူလိုင် ၂၅- ဘရာဇီးနိုင်ငံသူ Adriana Bertini က အမျိုးသမီး ဂါဝန်ဖက်ရှင်ဒီဇိုင်းကို တစ်မူထူးခြားစွာ ပြု လုပ်ထားပါတယ်။ အဆိုပါ အမျိုးသမီးဝတ် ဂါဝန်ဖက်ရှင်ဒီဇိုင်းကိုတော့ လိင်အပျော်ကျူးရာတွင် အကာအကွယ်ခံပစ္စည်း ကွန်ဒုံး ကို အသုံးပြုလို့ ဂါဝန်ဖြစ်အောင် ဖန်တီးထားတာကတော့ လက်ရာမြောက်လှပါတယ်။
ကွန်ဒုံးတွေကို ညီညာစွာ စနစ်တကျစီရီကာ ဂါဝန်တစ်ခု ပြုလုပ်ဖန်တီးထားတဲ့ ဘရာဇီးနိုင်ငံသူ Adriana Bertini ဟာ ပန်းချီဆရာမတစ်ဦးဖြစ်ပြီး လူမှုကိစ္စအရေးများကို တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပန်းချီဆရာမ Adriana Bertini က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပမယ့် AIDS ရောဂါတိုက်ဖျက်ရေး အစည်းအဝေးပွဲမှာ မော်ဒယ်ရှိုးလျှောက်မယ့် မော်ဒယ်လေးတွေအတွက် တီထွင်ဖန်တီးထားတဲ့ ဂါဝန်ပဲဖြစ်ပါတယ်။
ဗိမငညေ ဘရာဇီးနိုင်ငံ ဒီဇိုင်နာတစ်ဦးနဲ့ တွဲဖက်ဆောင်ရွက်ကာ သေသပ်လှပတဲ့ဂါဝန်တစ်ခုဖြစ်လာအောင် ပုံဖော်ဖန်တီး ထားပါတယ်။ ယင်းဂါဝန်ကို ဖန်တီးရာတွင် ကွန်ဒုံးကို အသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အပျော်အပါးလိုက်စားမယ့် လူငယ်တွေသာမက လူကြီးများအနေနဲ့ ပြည့်တန်ဆာများနဲ့အတူ နေထိုင်ရာတွင် ရောဂါအကာအကွယ်ခံကွန်ဒုံးကို အသုံး ပြုရန် တိုက်တွန်းတဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်လို့ သူမကဆိုခဲ့ပါတယ်။

Yangon Media Group

No comments:

Post a Comment