Sunday, July 27, 2014

ရခိုင်ပြည်နယ်အရေး စိုးရိမ်ကြောင်း ကုလ ကိုယ်စားလှယ်ပြောကြား

Photo: ရခိုင်ပြည်နယ်အရေး စိုးရိမ်ကြောင်း ကုလ ကိုယ်စားလှယ်ပြောကြား
Sunday, July 27, 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Lee က ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဗုဒ္ဒဘာ သာဝင်နဲ့ မွတ်စလင်တွေအကြား ရာသက်ပန်ခွဲခြား မှုဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိကြောင်း မနေ့က ပြော ကြားလိုက်ပါတယ်။

ဒါ့အပြင် သူက ဗုဒ္ဒဘာသာနဲ့ မွတ်စလင် လူမှုအသိုင်း အဝန်း ၂ ခုအကြား ပြန်လည်သင့်မြတ်ရေးကို အမြန် ဆုံးဆောင်ရွက် ဖို့လည်း မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံကို ၁ဝ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလအထူးကိုယ်စားလှယ်က ရန်ကုန်လေဆိပ်မှာမနေ့ညနေက သတင်းစာ ရှင်းပွဲပြုလုပ်ခဲ့ရာမှာ ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

Ms Yanghee Lee က မြန်မာပြည်မှာ အမှန် ပကတိဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေ ကို ပိုမိုသိရှိလိုတဲ့အတွက် လာရောက်ခဲ့ တာဖြစ်ကြောင်း၊ မိမိရဲ့ ပထမဆုံးခရီးစဉ်အဆင်ပြေချောမွေ့အောင် အစစအရာရာ ပံ့ပိုးကူညီခဲ့တဲ့ မြန်မာအစိုးရကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေကို သွားရောက်ကြည့်ရှု့ခဲ့သလို အစိုးရခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံနိုင်ခဲ့ကြောင်းပြောပါတယ်။

အဲ့ဒီနောက်သူက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဏတွေ အံ့သြဖွယ်ရာ တိုးတက် ပြောင်းလဲခဲ့တာကို မိမိတို့သိရှိပါကြောင်း၊ အခုလို ပြုပြင်ပြောင်းလဲမှုဆောင်ရွက်နေချိန်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားအောင်မြင်ရေး အတွက် နိုင်ငံတကာရဲ့အားပေးကူညီမှုတွေ ပိုမိုလိုအပ်တယ်လို့ ဒီခရီးစဉ်အတွင်း မိမိကိုလူအများအပြားက ပြောကြားခဲ့တာကိုလည်း ပြန်လည်တင်ပြမှာဖြစ်ကြောင်းပြောကြားရင်း တပြိုင်နက်မှာ မြန်မာပြည်ရဲ့ပြောင်းလဲမှုတွေကို ထိခိုက်ပျက်ပြားနိုင်တဲ့ လက္ခဏာတွေကို အခုစိုးရိမ်ပူပန် စွာ မြင်တွေ့နေရကြောင်း၊ မြန်မာပြည်ဒီမိုကရေစီ ပြောင်းလဲရေးမှာ လွတ်လပ်စွာ ဆန္ဒသဘောထားဖော်ထုတ် ခွင့်တွေ၊ လွတ်လပ်စွာစုဝေးခွင့်တွေ ရရှိခဲ့တာကိုထူးခြားတဲ့ တိုးတက်မှုအဖြစ် အားလုံးကရှုမြင်ခဲ့ကြပါကြောင်း၊ ဒါပေမယ့် လတ်တလောမှာ စာနယ်ဇင်းသမားတွေ ထောင်ချဖိနှိပ်တရားစွဲ ခံရမှုအပါအဝင် အဲဒီလွတ်လပ် ခွင့်တွေ ပြန်လည်လျှော့နည်းသွားခဲ့တာကို သတိပြုမိကြောင်း၊ တိုင်းရင်းသူတွေကို စစ်တပ်ကမုဒိမ်းကျင့်မှု၊ အမျိုးဘာသာကူးပြောင်းရေးနဲ့ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ရရှိရေး လှုပ်ရှားသူတွေကို ခြိမ်းခြောက် မှုတွေရှိနေတယ်လို့ ကြားသိရကြောင်း၊ လယ်ယာမြေ သိမ်းပိုက်ခံရလို့ ဆန္ဒပြသူတွေကို အပြစ်ပေး တာတွေ ထောင်ထဲမှာနိုင်ငံရေးသမားတွေ ကျန်ရှိနေတာတွေလည်း သိရှိရကြောင်း စသဖြင့်ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ရခိုင်နဲ့ မွတ်စလင်အသိုင်းအဝန်း ၂ ခုလုံးရဲ့ပြောကြားချက်တွေကို သူမ အလေးအနက် ဂရုစိုက်ပြီးနားထောင်ခဲ့ပါကြောင်း၊ နှစ်ဦး နှစ်ဖက်အမြင်တွေကို အသေအချာ သဘောပေါက် နားလည်ချင်လို့ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဟာ မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်တခုဖြစ်နေတာကို သိရှိခဲ့ ရသလို ရခိုင်တိုင်းရင်းသားတွေဟာ နှစ်ပေါင်းများစွာ ရေ၊ မီး၊ အိမ်သာစတဲ့ အခြေခံလိုအပ်မှုတွေ မရရှိခဲ့ ကြကြောင်း၊ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ အခြေအနေအလွန်ဆိုးဝါးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ကပြောပါတယ်။

တဆက်တည်းမှာသူက ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေရှိနေကြောင်း၊ မွတ်ဆလင်တွေအနေနဲ့ လွတ်လပ်စွာသွားလာခွင့်၊ လက်ထပ်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့်၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေဆုံးရှုံးနေကြကြောင်း၊ ဖမ်းဆီးခံနေရတဲ့ မွတ်ဆလင်တွေ နှိပ်စက်ခံရပြီး တရားဥပဒေဆိုင်ရာအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့လည်း ကြားခဲ့ရကြောင်း၊ ဒါ့အပြင် သူမကို အာဏာပိုင်တွေက ရိုဟင်ဂျာလူမျိုးတွေကို အစိုးရအနေနဲ့ အသိအမှတ်ပြုခြင်းမရှိတဲ့အတွက် အဲ့ဒီ ရိုဟင်ဂျာဆိုတဲ့စကားလုံးကိုသုံးစွဲခြင်းမပြုဖို့ ထပ်တလဲလဲပြောဆိုခဲ့ကြောင်း၊ တကယ်တော့ သူမသိရှိထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေသတွေအရဆိုရင် လူနည်းစုတွေမှာလည်း လူမျိုး ဘာသာကွဲပြားမှုကို အခြေပြုပြီး သူတို့လူမျိုးအမည်ကို သူတို့ဖာသာ လွတ်လပ်စွာ ခေါ်ဝေါ်သတ်မှတ် ခွင့် ရှိပါကြောင်း ပြော ကြားသွားခဲ့ပါတယ်။

အခုခရီးစဉ်က တွေ့ရှိချက်တွေနဲ့ ထပ်မံရရှိတဲ့အချက်တွေကိုဖြည့်စွက်ပြီး ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံ တင်ပြမှာဖြစ်ကြောင်းလည်း Ms Yanghee Lee ကပြောကြားခဲ့ပါတယ်။

RFA
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Lee က ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဗုဒ္ဒဘာ သာဝင်နဲ့ မွတ်စလင်တွေအကြား ရာသက်ပန်ခွဲခြား မှုဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိကြောင်း မနေ့က ပြော ကြားလိုက်ပါတယ်။

ဒါ့အပြင် သူက ဗုဒ္ဒဘာသာနဲ့ မွတ်စလင် လူမှုအသိုင်း အဝန်း ၂ ခုအကြား ပြန်လည်သင့်မြတ်ရေးကို အမြန် ဆုံးဆောင်ရွက် ဖို့လည်း မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံကို ၁ဝ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလအထူးကိုယ်စားလှယ်က ရန်ကုန်လေဆိပ်မှာမနေ့ညနေက သတင်းစာ ရှင်းပွဲပြုလုပ်ခဲ့ရာမှာ ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

Ms Yanghee Lee က မြန်မာပြည်မှာ အမှန် ပကတိဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေ ကို ပိုမိုသိရှိလိုတဲ့အတွက် လာရောက်ခဲ့ တာဖြစ်ကြောင်း၊ မိမိရဲ့ ပထမဆုံးခရီးစဉ်အဆင်ပြေချောမွေ့အောင် အစစအရာရာ ပံ့ပိုးကူညီခဲ့တဲ့ မြန်မာအစိုးရကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေကို သွားရောက်ကြည့်ရှု့ခဲ့သလို အစိုးရခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံနိုင်ခဲ့ကြောင်းပြောပါတယ်။

အဲ့ဒီနောက်သူက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဏတွေ အံ့သြဖွယ်ရာ တိုးတက် ပြောင်းလဲခဲ့တာကို မိမိတို့သိရှိပါကြောင်း၊ အခုလို ပြုပြင်ပြောင်းလဲမှုဆောင်ရွက်နေချိန်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားအောင်မြင်ရေး အတွက် နိုင်ငံတကာရဲ့အားပေးကူညီမှုတွေ ပိုမိုလိုအပ်တယ်လို့ ဒီခရီးစဉ်အတွင်း မိမိကို လူအများအပြားက ပြောကြား ခဲ့တာကိုလည်း ပြန်လည်တင်ပြမှာဖြစ်ကြောင်းပြောကြားရင်း တပြိုင်နက်မှာ မြန်မာပြည်ရဲ့ပြောင်းလဲ မှုတွေကို ထိခိုက်ပျက်ပြားနိုင်တဲ့ လက္ခဏာတွေကို အခုစိုးရိမ်ပူပန် စွာ မြင်တွေ့နေရကြောင်း၊ မြန်မာပြည်ဒီမိုကရေစီ ပြောင်းလဲရေးမှာ လွတ်လပ်စွာ ဆန္ဒသဘောထားဖော်ထုတ် ခွင့်တွေ၊ လွတ်လပ်စွာစုဝေးခွင့်တွေ ရရှိခဲ့တာကိုထူးခြားတဲ့ တိုးတက်မှုအဖြစ် အားလုံးကရှုမြင်ခဲ့ကြပါကြောင်း၊ ဒါပေမယ့် လတ်တလောမှာ စာနယ်ဇင်းသမားတွေ ထောင်ချဖိနှိပ်တရားစွဲ ခံရမှုအပါအဝင် အဲဒီလွတ်လပ် ခွင့်တွေ ပြန်လည်လျှော့နည်းသွားခဲ့တာကို သတိပြုမိကြောင်း၊ တိုင်းရင်းသူတွေကို စစ်တပ်ကမုဒိမ်းကျင့်မှု၊ အမျိုးဘာသာကူးပြောင်းရေးနဲ့ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ရရှိရေး လှုပ်ရှားသူတွေကို ခြိမ်းခြောက် မှုတွေရှိနေတယ်လို့ ကြားသိရကြောင်း၊ လယ်ယာမြေ သိမ်းပိုက်ခံရလို့ ဆန္ဒပြသူတွေကို အပြစ်ပေး တာတွေ ထောင်ထဲမှာနိုင်ငံရေးသမားတွေ ကျန်ရှိနေတာတွေလည်း သိရှိရကြောင်း စသဖြင့်ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ရခိုင်နဲ့ မွတ်စလင်အသိုင်းအဝန်း ၂ ခုလုံးရဲ့ပြောကြားချက်တွေကို သူမ အလေးအနက် ဂရုစိုက်ပြီးနားထောင်ခဲ့ပါကြောင်း၊ နှစ်ဦး နှစ်ဖက်အမြင်တွေကို အသေအချာ သဘောပေါက် နားလည်ချင်လို့ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဟာ မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်တခုဖြစ်နေတာကို သိရှိခဲ့ ရသလို ရခိုင်တိုင်းရင်းသားတွေဟာ နှစ်ပေါင်းများစွာ ရေ၊ မီး၊ အိမ်သာစတဲ့ အခြေခံလိုအပ်မှုတွေ မရရှိခဲ့ ကြကြောင်း၊ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ အခြေအနေအလွန်ဆိုးဝါးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ကပြောပါတယ်။

တဆက်တည်းမှာသူက ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေရှိနေကြောင်း၊ မွတ်ဆလင်တွေအနေနဲ့ လွတ်လပ်စွာသွားလာခွင့်၊ လက်ထပ်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့်၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေဆုံးရှုံးနေကြကြောင်း၊ ဖမ်းဆီးခံနေရတဲ့ မွတ်ဆလင်တွေ နှိပ်စက်ခံရပြီး တရားဥပဒေဆိုင်ရာအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့လည်း ကြားခဲ့ရကြောင်း၊ ဒါ့အပြင် သူမကို အာဏာပိုင်တွေက ရိုဟင်ဂျာလူမျိုးတွေကို အစိုးရအနေနဲ့ အသိအမှတ်ပြုခြင်းမရှိတဲ့အတွက် အဲ့ဒီ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုသုံးစွဲခြင်းမပြုဖို့ ထပ်တလဲလဲပြောဆိုခဲ့ကြောင်း၊ တကယ်တော့ သူမသိရှိထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေသတွေအရ ဆိုရင် လူနည်းစုတွေမှာလည်း လူမျိုး ဘာသာကွဲပြားမှုကို အခြေပြုပြီး သူတို့လူမျိုးအမည်ကို သူတို့ဖာသာ လွတ်လပ်စွာ ခေါ်ဝေါ်သတ်မှတ် ခွင့် ရှိပါကြောင်း ပြော ကြားသွားခဲ့ပါတယ်။

အခုခရီးစဉ်က တွေ့ရှိချက်တွေနဲ့ ထပ်မံရရှိတဲ့အချက်တွေကိုဖြည့်စွက်ပြီး ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံ တင်ပြမှာဖြစ်ကြောင်းလည်း Ms Yanghee Lee ကပြောကြားခဲ့ပါတယ်။

RFA

No comments:

Post a Comment