Saturday, July 19, 2014

အာဇာနည်များကျဆုံးခဲ့ရာ အတွင်းဝန်ရုံးရှေ့ မြန်မာလူငယ်များ ကဗျာရွတ်ဂုဏ်ပြု အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတာ ၆၇နှစ်ပြည့်တဲ့ ဇူလိုင်

၁၉ရက်နေ့မှာတော့ ကဗျာချစ်သူများအသင်းက ရန်ကုန်မြို့ အတွင်းဝန်ရုံးဖြစ်တဲ့ ဝန်ကြီးများရုံးရှေ့မှာ ကဗျာတွေရွတ်ဆိုပြီး နှင်းဆီပန်းတွေနဲ့ ဂါရဝပြုခဲ့ ပါတယ်။
မြန်မာအစိုးရရဲ့ လျစ်လျူရှုမှုကြောင့် ပျက်စီးယိုယွင်းနေတဲ့ ဝန်ကြီးများရုံးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ၁၉၄၇ခုနှစ်က လုပ်ကြံခံခဲ့ရတဲ့နေရာဖြစ်ပြီး ဒီနေရာကို မေ့ဖျောက်မထားဘဲ အလေးထားသင့်တယ်လို့ ကဗျာဆရာ ဆောင်းခက ပြောပါတယ်။

ကဗျာချစ်သူများအသင်းက ကဗျာဆရာ ၃ဝကျော်နဲ့ အခြားလူငယ်အဖွဲ့ ၈ဖွဲ့က ကဗျာ ၁ဝပုဒ်ကို ရွတ်ဖတ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ အတွင်းဝန်ရုံးရှေ့ ကဗျာရွတ်မယ့်အစီအစဉ်ကို အာဏာပိုင်တွေက တားမြစ်ဖို့ကြိုးစားခဲ့တဲ့ အရိပ်အယောင်တွေရှိပေမယ့် နောက်ပိုင်းမှာတော့ တစုံတစ်ရာ ကန့်ကွက်မှု လုပ်တာမျိုး မရှိခဲ့ဘဲ အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့ဖခင်ကြီးတွေ ဝိဉာဉ်ချုပ်ခဲ့တဲ့နေရာဖြစ်တာမို့ ဒီလိုဂါရဝလာပြုတာဖြစ်ပြီး စစ်အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းခဲ့ရတဲ့သူ တစ်ယောက်ဖြစ် တာမို့ ရုန်းကြွလာတဲ့ ခံစားချက်ကို ကဗျာတွေကနေတစ်ဆင့် ခံစားရပါတယ်လို့ သုလင်းဝေက ပြောပါတယ်။

Kamayut Media

No comments:

Post a Comment