Friday, July 18, 2014

လူပေါင်း ၇ဝဝ နီးပါးဖမ်းဆီးထားသော်လည်း ပုဒ်မ ၁၄၄ ကို ချိုးဖောက်ပါက ဆက်ဖမ်းမည်ဟု မန်းရဲတပ်ဖွဲ့ဆို

ရန်ကုန်၊ အဓိကရုဏ်းဖြစ်ပွားရာ မန္တ လေးမြို့၌ ပုဒ်မ ၁၄၄နှင့် ဖမ်းဆီး အရေးယူထားသည့်လူပေါင်း ၇ဝဝ ကျော်ရှိနေပြီဖြစ်သော်လည်း ဖမ်း ဆီးမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးဇော်မင်းဦးကပြော သည်။
လက်ရှိဖမ်းဆီးထားသည့် လူဦး ရေမှာ ၇ဝဝနီးပါးရှိနေပြီဖြစ်သော် လည်း ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်း
သွားမှသာ ဖမ်းဆီးမှုများရပ်တန့်မည် ဖြစ်ကြောင်း ယင်းကပြောသည်။
ဖမ်းဆီးထားသည့်လူ ၇ဝဝ နီး ပါးအား တရားဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကာ ၂ဝဝနီးပါး အား ခံဝန်ကတိနှင့် ပြန်လည်လွှတ် ပေးခဲ့ကြောင်း သိရသည်။
''ညမထွက်ရအမိန့် ထုတ်ထား တာ ကြာပါပြီ။ လက်ရှိလဲ ညထွက်ရင် ဖမ်းနေတုန်းပဲ။ ဖမ်းနေတော့လဲ ဘယ် သူမှ အပြင်မထွက်ရဲကြပါဘူး။ ခံဝန် နဲ့ ပြန်လွှတ်ပေးလိုက်တယ်။ လူတွေ တော့ တော်တော်များပါတယ်''ဟု ခံဝန် နှင့်ပြန်လည်ထွက်ရှိလာသူတစ်ဦး၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
မန္တလေးအဓိကရုဏ်းမှာ ငါးရက် အထိ တော်တော်တင်းမာနေပြီး စိတ် ဓာတ်ပြင်းထန်သော လူငယ်များ၏တင်းမာသည့်လှုပ်ရှားမှုကြောင့် သတိ ထားနေရကာ ဖြစ်စဉ်ဖြစ်နေချိန်၌ ကျုံးအနီး လူစုလူဝေးများ များပြားစွာ ရှိပြီး နယ်ခံမဟုတ်သည့်သူများမှ သွေး ဆူနေကြကြောင်း မန္တလေးကျုံးအနီး တွင်နေထိုင်သူ ဦးထွန်းသိန်းကပြော သည်။
မန္တလေးမြို့တွင် ဇူလိုင် ၁ရက်မှ စတင်ကာ ဘာသာရေးလူမျိုးရေး အသွင် ဆူပူမှုများဖြစ်ပေါ်ခဲ့ကာ ဇူ လိုင် ၃ရက်မှစတင်ပြီး မန္တလေးခရိုင် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်အား ညမထွက်ရအမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း၌ ဗလီမီးရှို့မှုများ၊ ဘာသာခြားများမှ မြို့နယ်ရဲစခန်း အား ဝင်စီးမှုများ၊ ဘာသာခြားများမှ လက်နက်ဖမ်းဆီးရရှိမှု များရှိခဲ့ကာ ညဈေးတွင်ဈေးရောင်း ကာ စီးပွားရှာသည့်သူများသည် လည်း အခက်အခဲတွေ့နေရကြောင်း သိရသည်။
မန္တလေး ပဋိပက္ခနှင့်ပတ် သက်ပြီး ရည်ရွယ်ချက်ရှိရှိပြုလုပ်
နေသူများအား ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက သတိပေးပြော ဆိုထားသည်။

Yangon Media Group

No comments:

Post a Comment